Friday, August 17, 2012

တာချီလိတ်

0 comments

တာချီလိတ်မြို့တွင် အကြီးဆုံးဈေးကိုပြပါဆိုလျှင် တာလော့ဈေးကြီးကို လက်ညိုးထိုးပြရပါမည်။တာလော့ဈေး ကြီးမှာ တာလော့ရက်ကွက် ယိုးဒယား၊မြန်မာချစ်ကြည်ရေးတံတား နဘေးတွင်တည်ရှိပြီး အ၀တ်အထည်မျိုးစုံ
ကလေးကစားစရာ ပစ္စည်းမျိုးစုံ လူကြီးအသုံးမျိုးစုံ ပန်းချီများ ပန်းပုများ ရွှေထည် ငွေထည်ပစ္စည်းများ မြန်မာ့
အနုပညာလက်ရာ ပစ္စည်းများ လျှပ်စစ်ပစ္စည်းများ TV ၊VCD၊ DVD၊ EVD၊ စလောင်း ၊ ကွန်ပျူတာ၊စက်ဘိန်း၊
မျက်မှန်ဆိုင်များ လူသုံးကုန်ပစ္စည်းများ အများဆုံး အစုံလင်ဆုံးတည်ရှိသောဈေးကြီး တစ်ခုဖြစ်သည်။

ဟင်းသီးဟင်းရွက် အသားငါးများ မရှိပါ၊ သို့သော် စားသောက်ဆိုင်များ လက်တွန်းလှည်းများ ဖြင့်ရောင်းသော
ကြက်သား၊ ၀က်သား ကြော်အသည်များ တိုဖူးသုပ် ပြောင်းဖူးပြုပ် အစ ရေခဲမုန့် သည်အဆုံးဖြင့်စီကားလှ ပေသည် ။

 ဈေးရောင်းသူများမှာ အများအားဖြင့် ယိုးဒယား စကား ပြောတတ်ကြရသည်။ ဆိုင်ရှင်များမှာ လည်း
ယိုးဒယားစကားပြောတတ်မှ သာ ဈေးရောင်းသူများကိုလုပ်ခန့်လေ့ ရှိသည်။ ဈေးဝယ် သူအများစုမှာလည်း ယိုးဒယားများနှင့် နိုင်ငံခြားသားများ သာဖြစ်ကြသည်။

 မြန်မာလူမျိုးများ၊ ထိုင်းလူမျိုးများ၊ နိုင်ငံခြားသားများဖြင့် တာလော့ဈေးကြီးထဲတွင်စည်ကားလှပြီး ပျော်ရွှင်စရာလည်းကောင်းလှပေသည်။ တာလော့ ဈေးထဲတွင် ပစ္စည်းများ စုံလင်သလို လူမျိုးများမှာလည်း စုံလင်လှပေသည် ။ရှမ်းအရှေ့ တိုင်းရင်းသားများ ဖြစ်ကြသည့် အာခါ၊လားဟူ၊ရှမ်းလူမျိုးများ တရုတ်လူမျိုးများ ကုလားလူမျိုးများ စုံလင်လှသော်လည်း များသောအားဖြင့် ယိုးဒယားစကားပြောလေ့ရှိကြသည်။
စနေ၊တနင်္ဂနွေ တွင် ယိုးဒယားများ လာရောက်လည်ပတ်သောကြောင့် ပို၍ စည်ကားသည်။
ဆန်ဆိုင်းဈေး သည် ဆန်ဆိုင်း (က) ရက်ကွက် တွင်တည်ရှိပြီး မနက်ခင်းမှ ညနေအထိ လူစည်ကားသောဈေးဖြစ်သည် ။ ဆန်ဆိုင်းဈေးထဲတွင် အသီးအရွက် အသားငါး စုံလင်စွာ ရှိနိုင်ပြီး ယိုးဒယား ဖက်ကမ်းမှာလာသော အ၀တ်အထည်များ ဖိနပ်များ ယိုးဒယား ပစ္စည်းများကို ၀ယ်ယူရရှိနိုင်ပါသည် ။

ရှမ်းအစားအစာများ ယိုးဒယား အစားအစာများ ကိုလည်း ဆန်ဆိုင်းဈေးထဲတွင် ရှိနိုင်သည်။
ထိုဈေးထဲတွင် အများအားဖြင့် ဈေးရောင်းသူနှင့် ၀ယ်သူများမှာ ရှမ်းလူမျိုးများသာဖြစ်ကြပြီး ရှမ်းလူမျိုးများ၏
ဈေးဟုပင်ဆိုနိုင်ပါသည်။

ဆန်ဆိုင်းဈေးသည် အသီးအရွက်နှင့် အသားငါးရောင်းသူများမှာ ဈေးရုံကြီးထဲတွင် ရောင်းချသောကြောင့် မိုးရွာသော်လည်း စိတ်အေးချမ်းသာစွာ ရောင်းချနိုင်ပါသည်။
ဆန်ဆိုင်းဈေးသည် အမြဲပင် စည်ကားလျက်ရှိပါသည်။
ဝမ်ကောင်းဈေးသည် မကာဟိုခမ်းရက်ကွက် မဟာမြတ်မုနိ ဘုန်းကြီးကျောင်း နဘေးတွင်တည်ရှိပါသည် ။
ထိုဝမ်ကောင်းဈေးတွင် အသားငါး ဟင်းသီးဟင်းရွက် စုံစုံ လင်လင် ရရှိနိုင်ပြီး အ၀တ်အထည် များ ဖိနပ်မျိုးစုံ
အသုံးအဆောင်မျိုးစုံတို့ စုံလင်စွာ ၀ယ်ယူရရှိနိုင်သော ဈေး ဖြစ်သည်။

ဝမ်ကောင်းဈေးမှာ မနက်ပိုင်းတွင် လူစည်ကားလျက်ရှိပြီး ညနေပိုင်းတွင် ဈေးဝယ်သူ ၊ ရောင်းသူများ ဟင်းသီး ဟင်းရွက်ရောင်းသူများ သိပ်မရှိတော့ပဲ အ၀တ်အထည် ရောင်းသူများသာ ရှိသည်။

မနက်ပိုင်းအချိန်တွင် 12 ရာသီပတ်လုံးစည်ကားလျက်ရှိသည်။ ၀မ်ကောင်းဈေးထဲတွင် ခိုင်တည်းခိုခန်းဖွင့်လှစ် ထားသည်။ ကုန်ခြောက်ဆိုင်များ ပုဇွန်ခြောက် ငါးခြောက်ဆိုင်များ ၊ လဖက်ဆိုင် ပဲမျိုးစုံဆိုင်တန်းများမှာလည်း ၀မ်ကောင်းဈေးထဲတွင် အများအပြားတည်ရှိသည်။ အသီးအရွက်အစုံ အလင်ရရှိနိုင်သော ဈေးတစ်ခု ဟု ဆိုနိုင်ပေသည်။

တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ သည် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တည်ရှိပြီး မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံ နယ်နိမိတ်ချင်းထိစပ်နေသော နယ်စပ်မြို့လေးတစ်မြို့ဖြစ်ပါသည်။ ထိုသို့ သုံးနိုင်ငံထိစပ်နေသော ဒေသကို ရွှေတြိဂံဒေသဟုလည်း ခေါ်ဝေါ်ကြပါသည်။ တာချီလိတ်မြို့၏ အကျယ်အ၀န်းမှာ ၃.၉၄ စတုရန်းမိုင် ရှိပြီး တောင်မှမြောက်သို့ ၁မိုင်၆ဖာလုံ၊ အရှေ့မှ အနောက်သို့ ၂မိုင်၂ဖာလုံ ရှိပါသည်။ ခရိုင်အကျယ်အ၀န်းမှာ ၁၃၈၅.၀၉ စတုန်းရန်းမိုင် ရှိပြီး တောင်မှ မြောက်သို့ ၂၄မိုင်၊ အရှေ့မှအနောက်သို့ ၅၇.၇မိုင် ရှိပါသည်။ တာချီလိတ်မြို့သည် ပင်လယ်ရေမျက်နှာပြင် အထက်(၁၂၈၅)ပေရှိပြီး တောင်ခြေလွင်ပြင် အနေအထားမှာ ရှိသော နယ်စပ်မြို့လေးတစ်မြို့ဖြစ်ပါသည်။

တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ကို မြို့နယ်ခွဲ(၂)ခု၊ ရပ်ကွက်ကြီး (၆)ရပ်ကွက် ကျေးရွာအုပ်စုပေါင်း (၁၃)ခု ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။

မြို့နယ်ခွဲများ
  • တာလေမြို့နယ်ခွဲ (၄ရပ်ကွက်)
  • ကျိုင်းလပ်မြို့နယ်ခွဲ (၃ရပ်ကွက်)

ရပ်ကွက်ကြီးများ
  • (၁) ပုန်းထွန်ရပ်ကွက်
  • (၂) တာလော့ရပ်ကွက်
  • (၃) ၀မ်ကောင်းရပ်ကွက်
  • (၄) မကာဟိုခမ်းရပ်ကွက်
  • (၅) ဆန်ဆိုင်းရပ်ကွက်
  • (၆) မယ်ခေါင်ရပ်ကွက်
ကျေးရွာအုပ်စုများ
  • (၁) လွယ်တော်ခမ်း ကျေးရွာအုပ်စု
  • (၂) ဟောင်လိတ် ကျေးရွာအုပ်စု
  • (၃) ဖန်မင် ကျေးရွာအုပ်စု
  • (၄) မိုင်းကိုး ကျေးရွာအုပ်စု
  • (၅) မိုင်းဟဲ ကျေးရွာအုပ်စု
  • (၆) မိုင်းဖုန်း(က) ကျေးရွာအုပ်စု
  • (၇) မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု
  • (၈) နားယောင်း ကျေးရွာအုပ်စု
  • (၉) မိုင်းလင်း(ရှေ့) ကျေးရွာအုပ်စု
  • (၁၀) မိုင်းလင်း(နောက်) ကျေးရွာအုပ်စု
  • (၁၁) နမ့်ခမ်း ကျေးရွာအုပ်စု
  • (၁၂) မိုင်းပါလျိုး ကျေးရွာအုပ်စု
  • (၁၃) ကျခမ်းကျောက် ကျေးရွာအုပ်စု စသည်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။
နယ်စပ်ဒေသမြို့လည်းဖြစ် တိုင်းရင်းသားပေါင်းစုံတို့ စုစည်းနေထိုင်ကြသော မြို့လေးလည်း ဖြစ်သောကြောင့် တာချီလိတ်မြို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၏ ၄-၈-၁၉၇၂ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၁၀၀၀)ဖြင့် တာချီလိတ်မြို့ကို “မြို့”ဟု သတ်မှတ်ကြော်ငြာခဲ့ပါသည်။

တာချီလိတ်ဟု အမည်နာမခေါ်တွင် ရခြင်းမှာ ယခုနယ်ခြား ဖြစ်သော မယ်ဆိုင်ချောင်းကို ဖြတ်ကူးသည့် ရေဆိပ်တွင် မယ်ဇလီရေဆိပ် (သို့မဟုတ်) မယ်ဇလီတစ်ပင်ရှိသည်ကို အကြောင်းပြု၍ မယ်ဇလီရေဆိပ် (သို့မဟုတ်) မယ်ဇလီကူးတို့ဆိပ် (သို့မဟုတ်) ရှမ်းဘာသာဖြင့် တာခီလိတ်မှ တာချီလိတ် ဟူ၍ကာလရွေ့လျား လာသည်နှင့်အမျှ အမည်တွင်ခဲ့ပါသည်။ ရှေးလူကြီးများထံမှ မှတ်သားသိရှိချက်များအရ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာ့ငါးဆယ်ခန့်က တာချီလိတ်မြို့ အတွင်းတွင် တလန်(သို့မဟုတ်) တလွန်လူမျိုးများ နေထိုင်ခဲ့ကြောင်းနှင့် မြန်မာမင်းများ ယိုးဒယား(ထိုင်း)ကို တိုက်ခိုက်ရာတွင် စစ်ချီရာလမ်းကြောင်း ကျရောက်သဖြင့် မြို့ရွာများပျက်ကာ ယင်းလူမျိုးစုများသည် လာအိုနိုင်ငံနှင့် ယိုးဒယားဘက်ကမ်းသို့ ပြောင်းရွေ့ထွက်ပြေးကြကြောင်း အဆိုရှိခဲ့ပါသည်။
နှောင်းခေတ်သမိုင်း၌ ဒုတိယကမ္ဘာစစ်မတိုင်မီ ကာလဗြိတိသျှတို့ အုပ်ချူပ်စဉ် တာချီလိတ်မြို့နယ်မှာ ကျိုင်းတုံစော်ဘွားကြီး စ၀်ကောင်းတိုင်း၏ ပဒေသရာဇ်အောက်တွင် ရှိခဲ့ပါသည်။ ၁၉၂၇တွက် တာချီလိတ်မြို့၌ အိမ်ခြေ(၄-၅)အိမ်ခန့်သာ ရှိပြီး ဟောင်လိတ်တွင် မြို့စားရုံးစိုက်ခဲ့ပါသည်။  ၁၉၃၉ ခုနှစ်တွင် လုနေအိမ်များစည်ကားတိုးတတ်လာပြီး မြို့စားရုံးကို တာချီလိတ်မြို့သို့ ပြောင်းရွေ့ခဲ့ပါသည်။ ၁၉၆၂တွင် တော်လှန်ရေးကောင်စီမှ စော်ဘွားများကို အာဏာသိမ်းချိန် ၁၉၆၃ မှစပြီး နယ်ခြားခရိုင်ဝန်ရုံးစိုက်၍ ခေတ်သစ်အုပ်ချူပ်ရေးကို စတင်ခဲ့သည်။

ကိုးကား။    ။မြတ်မျိုးမြင့်မာန်(ရွှေတြိဂံ မဂ္ဂဇင်း)
ref:  http://tachileiks.multiply.com 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here