Wednesday, September 12, 2012

လက်မ ၂၀ ရှိ Android တက်ဘလက်ကို Sony ကုမ္ပဏီက မိတ်ဆက်ရန် စီစဉ်

0 comments
Sony ကုမ္ပဏီသညှ်Splash Proof Xperia Tablet S အမည်ရှိ Android စက်လည် ပတ်မှုစနစ်အသုံးပြုထားသည့် မျက်နှာပြင်အရွယ်အစား လက်မ ၂၀ ရှိသော တက်ဘလက် ကွန်ပျူတာ ကိုမိတ်ဆက်ပြသရန် စီစဉ်နေပြီဖြစ် ကြောင်း သိရှိရသည်။
ယင်းတက် ဘလက်ကို လက်တွေ့လက်ငန်းခွင်များ၌ အသုံးပြုနိုင်ရန် ရည်ရွယ်ထုတ်လုပ်ခြင်းဖြစ်ပြီး မျက်နှာပြင် လက်မ ၂၀ အရွယ်အစားမှာ စီးပွားရေးသုံးApplication များကို ကောင်း မွန်စွာအသုံးချစေနိုင်မည်ဟု သိရသည်။
၎င်းတက်ဘလက်၏ ဟာ့ဒ်ဝဲထည့်သွင်းမှုများနှင့်ဈေးနှုန်းများကို မိတ်ဆက်ခြင်းမပြု သေးသော်လည်း အရည်အသွေးမြင့်ဟာ့ဒ်ဝဲများကိုအသုံးပြုထားမည်ဟု ကုမ္ပဏီက ပြော ကြားထားသည်။ ပြီးခဲ့သည့်ဧပြီလက Xperia တက်ဘလက်တစ်မျိုးကို Sony က ရောင်း ချခဲ့ရာတွင် ဈေးကွက်အတွင်း၌iPad ပြီးလျှင် ဒုတိယရောင်းအားအကောင်းဆုံးတက်ဘ လက်ဖြစ်ခဲ့သည်။
ထိုတက်ဘလက်အမျိုးအစားနှင့်အတူ Windows 8 စက်လည်ပတ်မှု စနစ်သုံးတက်ဘလက်များ၊ အရည်အသွေးမြင့် စမတ်ဖုန်းအသစ်သုံးမျိုးနှင့် 4K ရုပ်ထွက် ကိုအထောက်အပံ့ပေးထားသည့် ၈၄ လက်မမျက်နှာပြင်ရှိ ရုပ်မြင်သံကြားစက်ကိုပါ ပူးပေါင်းမိတ်ဆက်သွားရန် စီစဉ်နေကြောင်းလည်း သိရသည်။
ref: ပြည်မြန်မာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here