Wednesday, September 12, 2012

ဆက်သွယ်ရေး Feature သစ်များကို Google+ ထည့်သွင်း

0 comments

စတင် ဝန်ဆောင်မှု ပေးသည့် သက်တမ်းမှာ နုနယ် သေးသည် ဟု ဆိုနိုင် သော်လည်း နိုင်ငံတကာ တွင် အသုံးပြုသူ ဦးရေ တိုးတက်မှု အလွန်မြန်ဆန်သည့် လူမှုကွန်ရက် ဖြစ်သော Google+ တွင်စီးပွားရေး လုပ်ငန်းများ၌ ပိုမို အဆင်ပြေစွာ အသုံးပြုနိုင်မည့် အဆင့်မြင့် လူမှုဆက်ဆံရေး စနစ် Feature သစ်များကို ထည့်သွင်း ပေးလိုက် ပြီ ဖြစ်ကြောင်းသိရသည်။
ကမ္ဘာပေါ်တွင် လူမှုကွန်ရက်များစွာရှိသည့်အနက် Googel+ သည်စီးပွားရေးလုပ်ငန်းများ၌ အဓိကအသုံးပြုရန်ဖန်တီးထားခြင်းဖြစ်ပြီး ယင်းဝန်ဆောင် မှုကြောင့် နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်း လုပ်ဆောင်သူ များစွာ၏ အွန်လိုင်းဆိုင်ရာ သတင်းအချက်အလက်ရယူရေးနှင့်လုပ်ငန်းများ ပြီးစီးခြင်းတို့ကို အောင်မြင်စွာ ပြု လုပ်နိုင် ကြောင်းလည်းသိရသည်။
Google ကုမ္ပဏီ၏ အွန်လိုင်း Application ထောက်ပံ့ရေး အဖွဲ့အစည်း အနေဖြင့်Google+ ပေါ်တွင် စီးပွားရေးလုပ်ငန်းသုံး Application များအား အသုံးပြုနိုင်ရန် စဉ်ဆက်မပြတ်အစီအစဉ်ရေးဆွဲနေရာ ယခုကဲ့သို့ Feature သစ်များထည့် သွင်းလာနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ယခုအသစ်ထည့်သွင်းပေးလိုက်သည့်Feature များ တွင် Google+ အသုံးပြုသည့်စီးပွားရေး သမားများအနေဖြင့် ၄င်းတို့၏ Post များနှင့်ပတ်သက်၍ လုံခြုံရေးပိုင်းကို စိတ်ကြိုက်ကန့်သတ်နိုင် မည်ဖြစ်ကြောင်းလည်းသိရ သည်။'
ref: ပြည်မြန်မာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here