Saturday, September 1, 2012

တာချီလိတ်မြို့တွင် ကျပ်သိန်း(၁၀၉၂)ခန့်တန်ဘိုးရှိသော စိတ်ကြွဆေးအကြေမှုန့်များနှင့် စိတ်ကြွဆေးထုတ်လုပ်သော စက်အား ဖမ်းဆီးရမိ

0 comments
သြဂုတ်လ(၃၁)၊ ၂၀၁၂ခုနှစ် သောကြာနေ့တွင် တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စု ၀ိန်းကျောက်ရွာအတွင်း နေအိမ်တစ်ခုမှာ စိတ်ကြွဆေးပြားများနှင့် စိတ်ကြွဆေးပြားထုတ်လုပ်သော စက်ပြင် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။


ယနေ့နံနက် (၃း၃၀)မိနစ်ခန့်တွင် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့ အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ရဲအုပ် ၀င်းဇော်ထွန်း ဦးစီးသော တပ်ဖွဲ့ဝင် (၁၂)ဦးတို့သည် မူးယစ်ဆေးဝါးသတင်းအရ တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စု ၀ိန်းကျောက်ရွာ အာခါဈေးလမ်းနှင့်
ပြည့်ဖြိုးအောင် သောက်ရေသန့်စက်ရုံသွားသော လမ်းဆုံတွင် ကင်းပုန်းဝပ်စောင့်ဆိုင်းနေခဲ့ကြပြီး ၀ိန်းကျောက်ရွာဘက်မှ ပြည်ထောင်စုလမ်းမကြီးဘက်သို့ အာခါဈေးလမ်းအတိုင်း လူနှစ်ဦး မောင်းနှင်လာသော နံပါတ်တပ်ဆင်ထားခြင်းမရှိသည့် တရုတ်နိုင်ငံလုပ် LUOJLA အမျိုးအစား အနီ/အနက် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြသည်။



ထိုသို့ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာတွင် ဆိုင်ကယ်၏ဘယ်ဖက် လက်ကိုင်တွင် ချိပ်ထားသော ပလပ်စတစ်ကြွပ်ကြွပ်အိတ်အတွင်းမှ ခဲစက္ကူဖြင့် ထုတ်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား(၁၂)ပြားနှင့်
ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော သံမှို(၅)ခုနှင့်အတူ ရှာဖွေတွေ့ရှိရသည်။

ဖမ်းဆီးရမိသော တရားခံ(၂)ဦးအား စစ်ဆေးဖော်ထုတ်ချက်အရ တရားခံ၏ နေအိမ်ဖြစ်သော
ဟောင်လိတ်ကျေးရွာအုပ်စု ၀ိန်းကျောက်ရွာအတွင်း နေအိမ်သို့ နံနက်(၅)နာရီခန့်၌ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့ အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ရဲအုပ် ၀င်းဇော်ထွန်း ဦးစီးသော တပ်ဖွဲ့ဝင် (၁၂)ဦး၊ မူးယစ်အထူးအဖွဲ့မှ ရဲအုပ် မြင့်နိုင်ဦး ဦးစီးသောအဖွဲ့၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ထွေးဦးစီးသောအဖွဲ့ နှင့် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)မှ တပ်ကြပ် လွင်ကိုဦးတို့မှ သွားရောက်ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။


ထိုကဲ့သို့ ရှာဖွေမှုများပြုလုပ်ရာတွင် မူးယစ်ဆေးဝါးထုတ်လုပ်သည့် စက်နှင့် ဆက်စပ်ပစ္စည်းများအပါအ၀င် မူးယစ်ဆေးဝါးများအားရှာဖွေတွေ့ရှိခဲ့ကြသည်။
ရှာဖွေသိမ်းဆည်းရမိသော ပစ္စည်းများမှာ -
  • ( က ) နေအိမ် အိမ်သာအခန်း၏ ယာဘက်ဘေးတွင် အုတ်နံရံကိုကန့်၍ ပြုလုပ်ထားသည့် အခန်းငယ်အတွင်းမှ Super Line စာတမ်းပါ မော်တာတပ်ဆင်ထားသော မို(၂)ချောင်းတပ် အမြင့်(၄)ပေခန့်ရှိသော ဆေးပြားရိုက်စက်(၁)လုံး
  • ( ခ ) နေအိမ် အိမ်သာ အခန်းတံခါးရှေ့တွင် သံဖြင့်ပြုလုပ်ထားသည့် အမြင့်(၄)ပေ (၄)လက်မခန့်ရှိ ဆေးပြားအခြောက်ခံစက်(၁)လုံး။
  • ( ဂ ) နေအိမ် အိပ်ခန်းအတွင်းမှ မော်တာတပ်လျက် အမြင့်(၃)ပေရှိသော အမှုန့်မွှေစက်(၁)လုံး။
  • (ဃ) ကီလိုချိန်ခွက်(၁)ခု။
  • (င) Love Star တံဆိပ်ပါ ဆေးပြားအမှုန့် ဖျော်စက်(၁)လုံး။
  • (စ) စိတ်ကြွဆေးပြားထုတ်လုပ်ရန် အသင့်ရောစပ်ထားသော ပန်းရောင်အမှုန့် အလေးချိန်(၅)ကီလို။ (၁)ကီလိုလျှင် ကျပ်(၁၄)သိန်းရှိပြီး (၅)
  • ကီလိုလျှင် ကျပ်သိန်း(၇၀)တန်ဘိုးရှိသည်။
  • (ဆ) ဖယောင်းစက္ကူ(ရှမ်းစက္ကူ)နှင့် ပလပ်စတစ်အကြည်ရောင်ဖြင့် ထုပ်လျက်(၁)ထုပ်လျှင် စိတ်ကြွဆေးပြား အကြေမှုန့်ဟု ယူဆရသော
  • ပန်းရောင်အမှုန့် စုစုပေါင်းအလေးချိန်(၂.၉)ကီလို၊ (၁)ကီလိုလျှင် ကျပ်သိန်း(၂၈၀)ရှိပြီး (၂.၉)ကီလိုလျှင် ကျပ်သိန်း(၈၁၂)တန်ဘိုးရှိသည်။
  • ( ဇ ) အပြာရောင်ပလပ်စတစ်ကပ်ခွာ အိတ်ငယ်(၅၀)အိတ်ဖြင့် ထည့်လျက် စိတ်ကြွဆေးပြား အကြေမှုန့်ဟု ယူဆရသော ပန်းရောင်အမှုန့်
  • စုစုပေါင်းအလေးချိန်(၁)ကီလို၊ (၁)ကီလိုလျှင် ကျပ်သိန်း(၂၈၀)တန်ဘိုးရှိသည်။

ဖမ်းဆီးရမိသော တရားခံ(၄)ဦးအပြင် စိတ်ကြွရုးသွပ်ဆေးထုတ်လုပ်သော စက်နှင့် ဆက်စပ် ပစ္စည်းများအပါအ၀င် စိတ်ကြွဆေးအကြေမှုန့်များမှာ (၃.၉)ကီလိုရှိပြီး ကာလတန်ဖိုးမှာ ကျပ်သိန်း(၁၀၉၂)သိန်းခန့်ရှိကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here