Saturday, September 1, 2012

တာချီလိတ်မြို့ မကာဟိုခမ်း၌ ကျင်းပသော (၁၃)ကြိမ်မြောက် မဟာဒုတ် စာရေးတံမဲ

0 comments
တာချီလိတ်မြို့ မကာဟိုခမ်း ယာမြေရပ်ကွက်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော (၁၃)ကြိမ်မြောက် မဟာဒုတ် စာရေးတံမဲ ဆွမ်းကပ်အလှူပွဲကို ၁၃၇၄ခုနှစ် ၀ါခေါင်လဆန်း(၁၄)ရက် ( ၃၁.၉.၂၀၁၂) သောကြာနေ့ နံနက်တွင် ကျင်းပခဲ့ကြပြီး ဘုရားမဲနှိုက်သည့် အစီအစဉ်ကိုတော့ သြဂုတ်လ(၂၉)ရက်နေ့က ပြုလုပ်ခဲ့ကြပါသည်။


တာချီလိတ်မြို့တွင် မဟာဒုတ် စာရေးတံမဲ ဆွမ်းကပ်ပွဲကို မကာဟိုခမ်း ယာမြေရပ်ကွက်မှ အမြဲကျင်းပလာခဲ့သည်ဖြစ်ရာ ယခုဆိုလျှင် (၁၃)ကြိမ်မြောက်ခဲ့ပါသည်။ မကာဟိုခမ်း ယာမြေရပ်ကွက်မှ ကျင်းပသည်ဆိုသော်လည်း အခြားရပ်ကွက်များမှ အလှူရှင်များလည်း လာရောက်၍


စာရင်းပေးကာ ဘုရားမဲနှိုက်စေပြီး ဆွမ်းကပ်ခဲ့ကြသည်။ ထိုကဲ့သို့ သံဃာတော်များအား ဆွမ်းကပ်နိုင်ရန်အတွက် တာချီလိတ်မြို့ရှိ ဘုန်းကြီးကျောင်းပေါင်း(၇၀)မှ သံဃာတော်များအား ပင့်ဖိတ်ခဲ့ကြကြောင်း သိရှိရပါသည်။


မကာဟိုခမ်း ယာမြေရပ်ကွက်တွင်ပြုလုပ်သော မဟာဒုတ် စာရေးတံမဲတွင် ဘုရားမဲ၊ ရှင်ဥပကုတ္တမဲ နှင့် ရှင်သီဝလိမဲ စသည်ဖြင့် သတ်မှတ်ထားပြီး အလှူရှင်အမည်များကို မဲလိပ်များဖြင့်ပြုလုပ်ပြီး မဲနှိုက်ကြကာ အလှည့်ရောက်သော အလှူရှင်အနေဖြင့် သတ်မှတ်ထားသည့် မဲသုံးမဲမှ တစ်မဲပေါက်စေရန်အတွက် ကံစမ်းစေသည်။


ယခုကျင်းပသော (၁၃)ကြိမ်မြောက်တွင် ဘုရားမဲနှင့်ရှင်ဥပကုတ္တမဲတို့ကို ယာမြေရပ်ကွက်က ပေါက်သွားပြီး ရှင်သီဝလိမဲကိုတော့ ၀မ်ကောင်းရပ်ကွက်နေ အလှူရှင်တစ်ဦးမှ ပေါက်သွားပါသည်။


ဦးရှမ်းဘို ဦးဆောင်သော မဟာဒုတ် စာရေးတံမဲ ဖြစ်မြောက်ရေး အကျိုးတော်ဆောင်အဖွဲ့ မဏ္ဍပ်သို့ လာရောက်လှူဒါန်းကြသော အလှူငွေများမှ မဲပေါက်သူများအား ဘုရားရုပ်ပွားတော်နှင့်အတူ ဘတ်ငွေ(၈၀၀၀)၊ ရှင်ဥပကုတ္တရုပ်ပွားတော်နှင့်အတူ(၄၀၀၀)ဘတ်၊ ရှင်သီဝလိ ရုပ်ပွားတော်နှင့်အတူ(၄၀၀၀)ဘတ် အသီးသီး သတ်မှတ်ကာ ပြန်လည်လှူဒါန်းကြသည်။

ဝါခေါင်လနှင့် မဟာဒုတ် အလှူ
မဟာဒုတ်မှာ သူဆင်းရဲလယ်သမားဖြစ်သည် ၊ ဆင်းရဲလွန်းသောကြောင့် ၀မ်းရေးကို
အနိုင်နိုင် အသက်မွေးနေရသောလင်မယားနှစ်ယောက်ဖြစ်သည် ၊ တခုသော ၀ါခေါင်လ
တလတွင် မဟာဒုတ်တို့ ရွာမှ ဘုရားရှင်နှင့်သံဃာတော်များကို ဆွမ်းလှူရန်အလှဲ့ကျသည်
တအိမ်တပါးစီတာဝန်ယူရမည်ဟုသတ်မှတ်သောကြောင့် ၊ မဟာဒုတ်တို့ လင်မယား
လည်း သံဃာတပါးကိုတာဝန်ယူ၇မည်ဖြစ်သည် ၊ မဟာဒုတ်လင်မယားသည်ဆင်းရဲသော်
လည်း သံဃာတပါးကိုတော့ဆွမ်းတနပ်ရအောင်လှုမည်ဟုစိတ်ဆုံးဖြတ်လိုက်ပြီး ၊ အလုပ်
ကိုကျိုးစားလုပ်ကိုင်ကြ၏ ၊ ယောက်ျားလုပ်သူကလဲ လယ်လုပ်ရာတွင်သီချင်းတအေးအေး
နှင့် ဆွမ်းကပ်ရတော့မည်ကိုပျော်နေ၏ မယားလုပ်သူလဲ ဆန်ထောင်းရာတွင်သီချင်းလေး
တအေးအေးနှင့် ပျော်နေ၏ ၊ သံဃာတော်တို့ အားဆွမ်းပင့်ရမည့် နေ့ တွင် ရွာသူရွာသား
အသီးသီး သံဃာတပါးစီ သူ့ ထက်ငါဦးအောင်ပင့်ဆောင်သွားကြသောကြောင့် မဟာဒုတ်
တို့လင်မယားတွက် သံဃာကုန်နေပြီဖြစ်သည် ။ ကံအားလျော်စွာ ဘုရားရှင်တပါးထဲသာ
ကျန်တော့သည် ၊ မဟာဒုတ်လဲ အရဲစွန့် ပြီး အရှင်ဘုရား၏သပိတ်တော်ကိုတပည့်တော်
အားချီးမြှောက်ပါရန်လျောက်ထားသောအခါမြတ်စွာဘုရားက မဟာဒုတ်လက်သို့ သပိတ်
ကိုပေး အပ်လိုက်လေသည် ၊ မဟာဒုတ်ဆင်းရဲသားလင်မယား မြတ်စွာဘုရား၏သပိတ်
ကိုရသွားသည်ကို သူဌေးသူကြွယ်များကမြင်သောအခါ အို မဟာဒုတ် သင့်အားရွှေငွေ
ဥစ္စာအမြောက်အများပေးပါမည် သင့်လက်ထဲမှ သပိတ်ကို ဒို့အားပေးပါဟုပြောကြသော်
လည်း မဟာဒုတ်က မိမိ၏သဒ္ဒါကို အသပြာနှင့်မလဲနိုင်ဟုဆိုကာ မြတ်စွာဘုရားအား
အိမ်သို့ ပင့်သွား၏ ၊ မြတ်စွာဘုရားဆွမ်းဘုန်ပေးပြီးနောက် ဆွမ်းအနုမောဒနာတရားဟော
သောအခါတွင် မဟာဒုတ်တို့ ဇနီးမောင်နှံနှစ်ဦးသောတပန်တည်ကြလေသည် ၊
ဇနီးမောင်နှံနှစ်ဦး၏ ဆွမ်းအတွက် သဒ္ဒါထက်သန်စွာကျိုးစားအားထုတ်နေသည်ကို
စောင့်ကြည့်နေသော သိကြားမင်းက မဟာဒုတ်တို့နေအိမ်ပေါ်သို့ ရတနာမိုးကြီးရွာသွန်း
ချလိုက်သောကြောင့် မဟာဒုတ်ဆင်းရဲသားလင်မယားသည် နေ့ ချင်းညချင်းချမ်းသာသွား
ကြလေသည် ၊ မဟာဒုတ်ကိုအကြောင်းပြု၍ ၀ါခေါင်လတွင် မဟာဒုတ်မဲဖေါက်သည့်အလှူပွဲမျိုးကို
လည်းပြုလုပ်လာကြလေသည်။ ( http://kandawyakethar.blogspot.com မှ ဖော်ပြသည် )
ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here