Saturday, September 1, 2012

တာချီလိတ်မြို့တွင် သုံးဘီးဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ခွင့်ပေးနေလျှက်ရှိ

0 comments
တာချီလိတ်မြို့တွင် ဆိုင်ကယ်များကို လိုင်စင်ပေးနေသည်နှင့်အညီ သြဂုတ်လ(၂၈)ရက်နေ့မှ စ၍ သုံးဘီးဆိုင်ကယ်/လျှပ်စစ်ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ခွင့်ပေးနေကြောင်း သိရှိရပါသည်။


သုံးဘီးဆိုင်ကယ်/လျှပ်စစ်ဆိုင်ကယ်များရဲ့ လိုင်စင်သတ်မှတ်ကြေးနှုန်းများကို အောက်ပါ ဇယားတွင် ကြည့်နိုင်ပါသည်။

ထိုကဲ့သို့ သုံးဘီးဆိုင်ကယ်/လျှပ်စစ်ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးနေခြင်းအား ၂၅.၈.၂၀၁၂ မှ ၄.၁၀.၂၀၁၂ထိဖြစ်ပြီး အပတ်စဉ် စနေနေ့ တစ်ရက်တည်းသာ ပြုလုပ်ပေးနေပါသည်။

ဆိုင်ကယ်လိုင်စင်ပြုလုပ်ရန်အတွက် ပြီးခဲ့သောရက်များက တိုကင်များကို ရယူဖို့ရာ နေ့လည် (၁၂)နာရီခန့်ကနေ ညနေ(၅)နာရီခန့်ထိ တန်းစီစောင့်ရတာမျိုးရှိခဲ့ပါသည်။ ယခု ၎င်းတို့၏ ကြေညာချက်တွင် နံနက်(၉)နာရီခွဲမှစ၍ တိုကင်များကို ပေးဝေမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆိုင်ကယ်များအတွက် လိုင်စင်ပြုလုပ်ဖို့ရန် ရက်ပေါင်း (၁)လခန့်သာ ကျန်ပါတော့သည်။

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here