Friday, September 7, 2012

ခြံဖောက်ခံရသည့် ခြံပိုင်ရှင် တရားစွဲခံရ

0 comments
မွေခေါဝ်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စု၌ မိမိခြံဖောက်ခံရသော်လည်း ခြံပိုင် ရှင်ကို ရဲကတရားစွဲဆိုသည့် ဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ ပြောကြားချက်အရ သိရှိရ ပါသည်။ 

စက်တင်ဘာ ၂ ရက် နံနက် ၁၀:၃၀ နာရီ အသက် ၃၈ နှစ်ခန့်ရှိ စစ်မှုထမ်းဟောင်း နေ၀င်းအောင် (မူးယစ်ဆေးဝါးသုံးစွဲ)က လုံးစော မောင် ၏ ပြောင်းဖူးခြံသို့ဝင်၍ ခိုးယူရန် ကြံစည်ရာ ရွာသားတစ်စု က တွေ့ရှိပြီး ရိုက်နှက်သည်ဟု ဆို၏။

“ရိုက်တုန်းကတော့ ခြံပိုင်ရှင် လုံးစောမောင် မပါဘူး။ ဒါပေမဲ့ ရဲနဲ့တွေ့တဲ့အခါ အဲဒီသူခိုးက လုံးစော မောင်ရဲ့ လက်ချက်လို့ ပြောတယ်” ဟု မိုင်း ဝီးဒေသခံတစ်ဦးက ပြောပါသည်။

ရိုက်နှက်ဒဏ်ရာများအပြင် ဓါးရှဒဏ်ရာများ ပါရှိနေသဖြင့် နေဝင်းအောင် ကို ရဲကစစ်ဆေးမေးမြန်း၍ မိုင်းဝီးကျေးရွာအုပ်စုဆေးရုံသို့ပို့ဆောင် ပြီးနောက် ထိုညပိုင်း၌ ခြံပိုင်ရှင် လုံးစောမောင် ကို ရဲက ခေါ်ယူစစ်ဆေးမေးမြန်းသည်ဟု လုံးစောမောင်နှင့် နီးစပ်သူတဦးက ပြောပါ သည်။

“လုံးစောမောင်က သူမသိဘူး။ မပတ်သက်ဘူးလို့ ပြောပေမဲ့ ရဲက ရိုက်နှက်စစ်ဆေးပြီး အတင်း ဝန် ခံခိုင်းတယ်။ တကယ်လို့ဝန်မခံရင်အမှုကြီး မယ်လို့လည်း ခြိမ်းခြောက်တယ်။ လုံးစောမောင် လည်း ကြောက်ပြီး ဝန်ခံလိုက်ရတယ်။” 

ဆေးရုံရောက် အရိုက်ခံရသည့် နေဝင်းအောင်အား လုံးစောမောင်မှ အစားအသောက်များ တာဝန်ယူပို့ဆောင်ရမည်ဟုရဲကပြောကြောင်း၊ လုံး စောမောင် ထွက်ပြေးပါက ကျပ်ငွေ ၁၅ သိန်း ဒဏ်ရိုက်မည်ဟု လည်း ခြိမ်းခြောက်ထားကြောင်း သိရှိရပါသည်။

“လုံးစောမောင်ရဲ့ ပြောင်းဖူးစိုက်ခင်းက ပိုက်လိုင်းလုပ်သားတွေစခန်းနဲ့ သိပ်မကွာဘူး။ အလွန်ဆုံး ကိုက် ၂၀ − ၃၀ လောက်ဘဲရှိတယ်။ အဲဒီ စခန်းမှာ သွားခိုးလာလို့ ဓားဒဏ်ရာရလာတယ် ထင်တာဘဲ။ ရွာသားတွေ ဝိုင်းရိုက်တုန်းက တော့ ဓားမပါဘူးဘဲ” ဟု အဆိုပါ ဒေသခံက ဆက် ပြောသည်။

မိုင်းဝီးဒေသ၌ မူးယစ်ဆေးဝါး အလွန်ပေါများပြီး ဒေသအာဏာပိုင်များကမူးယစ်ဆေးဝါးပပျောက်အောင်လုပ်ဆောင်ပေးနိုင်ခြင်းမရှိ ကြောင်း၊ ဘိန်းဖြူ ယာဘများကြောင့် ဒေသခံ အများအပြား ပျက်စီးနေကြောင်း၊ ထို့ကြောင့် ခိုးယူလုယက်မှုလည်း များပြားလာကြောင်း ဒေသခံများက ပြောပါ သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here