Monday, September 3, 2012

စာပေ ဟောပြောပွဲနှင့် ရေးသူဖတ်သူ စာပေ ဆွေးနွေးပွဲ ကျင်းပ

0 comments
(သီပေါ စက်တင်ဘာ ၂)
သီပေါမြို့နယ် အတွင်း စာပေ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်လျက် စာပေ ဟောပြောပွဲနှင့် ရေးသူ၊ ဖတ်သူ စာပေ ဆွေးနွေးပွဲကို သီပေါမြို့နယ် စာရေးဆရာ အသင်းနှင့် လူမှုရေး အသင်းအဖွဲ့များ၊ စာပေ ချစ်သူများ ပူးပေါင်း စီစဉ်မှုဖြင့် သြဂုတ် ၂၇ ရက် ည  ၇ နာရီက သီပေါမြို့နယ် နမ့်လန် ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနား မှူးများအဖြစ် စိမ်းလန်းစိုပြည် လူငယ်အဖွဲ့မှ နန်းစောလှမွန်နှင့် နန်းစောယဉ်မွန် တို့က ဆောင်ရွက်ပြီး နမ့်လန်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် ဦးစိုင်းမျိုးမြင့်နှင့် သီပေါမြို့နယ် စာရေးဆရာ အသင်း အတွင်းရေးမှူး ဦးမျိုးမြင့် (ကိုမျိုး -ရွှေနန်းတော်) တို့က အမှာစကား ပြောကြားသည်။ ထို့နောက် စာရေးဆရာ ဦးဘုန်း(ဓာတု)၊ စာရေးဆရာ ညွန့်ဟံ  (ကြူတော)နှင့် သီပေါ ကိုလတ်တို့က သုတ/ရသများနှင့် စာပေ ရေးရာများကို ဟောပြောခဲ့သည်။
ဆက်လက်၍ သြဂုတ်၂၈ ရက် နံနက် ၉ နာရီက နမ့်လန် အခြေခံပညာ အထက်တန်းကျောင်း၌ စာပေဟော ပြောပွဲကို ကျင်းပ ခဲ့ရာ ကျောင်း အကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးအောင်စိုးက အမှာစကား ပြောကြားပြီး စာရေးဆရာ သီပေါ ကိုလတ်၊ ညွန့်ဟံ(ကြူတော)၊ ဦးဘုန်း(ဓာတု)တို့က ပညာရေး အထောက်အကူပြု သုတ/ရသစာပေ ရေးရာများကို အသီးသီး ဟောပြောကြ သည်။ ထို့နောက် ကျောင်းအုပ် ဆရာကြီး ဦးအောင်ကျော်မြင့်က ကျေးဇူးတင် စကား ပြောကြားပြီး စာရေးဆရာ များအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ref: MWD

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here