Tuesday, September 25, 2012

မင်းသားတစ်ဖြစ်လဲ ဒါရိုက်တာမင်းရာဇာ

0 comments
မင်းရာဇာက ပြင်ဦးလွင်မှာ “စုန်းပြူး” ဆိုတဲ့ရုပ်ရှင်ကားကို လာရောက်ရိုက်ကူးနေ ပါတယ်။ အဲဒီကားမှာတော့ နေတိုးရဲ့ အစ်ကို အဖြစ် သရုပ်ဆောင်ရတဲ့ မင်းရာဇာက အခု ရိုက်နေတဲ့ ရုပ်ရှင်ကားကြီးက သူ့အတွက် ၃ ကားမြောက်လို့ သိရပါတယ်။ ရုပ်ရှင် ကားကြီး ဖြစ်ပေမယ့် သူ့အနေနဲ့ကတော့ အကယ်ဒမီ မှန်းလို့ရတဲ့နေရာမဟုတ်ပေမယ့် ရမယ်ဆိုရင် တော့ပျော်မယ် လို့ ပြောပါတယ်။ အထက် မြန်မာပြည်မှာ လတ်တလော ထွက်နေတဲ့ မင်းရာဇာကားတွေက အရင်တုန်းက ရိုက် ထားတဲ့ကားတွေလို့ သိရပြီး သူနောက်ပိုင်း ရိုက်ထားတဲ့ ကားတွေက အခုမှဆင်ဆာတင် ထားတုန်းလို့ မင်းရာဇာက ပြောပါတယ်။ အထက်မြန် မာပြည်ဈေးကွက်မှာ နေရာရရင် အခြေအနေကောင်းပြီမို့ အထက်မြန်မာပြည် ဗီဒီိယိုဈေးကွက်ကို လေ့လာသေးလား မေး တော့ ” ကျွန်တော် မန္တလေးသား စစ်စစ်ကြီး ဖြစ်ပြီးတော့ မန္တလေးဈေးကွက်ကို နည်းနည်း လိုနေသေးတယ် ထင်ပါတယ်။မန္တလေး ကြိုက် အောင်လုပ်ပါဦးမယ်။ ကျွန်တော့်ကို တော့ အမာဇာတ်ရုပ်တွေ လိုက်တယ်ပြောတယ်” လို့ ပြောပါတယ်။ လတ်တလော မှာတော့ ကိုယ် တိုင် ဒါရိုက်တာ လုပ်ပြီး ဂိုးဒင်းဘရားသား ထုတ်လုပ်ရေးအတွက် ဇာတ်ကားတွေ ကိုရိုက် ပေးထားတယ် လို့ပြောတဲ့ မင်းရာဇာကို နောက် ပိုင်းမှာ ဒါရိုက်တာ အနေနဲ့မြင် ရမလားမေး တော့ “ကျွန်တော် ပုံဖော်ချင်တဲ့ ဟာတွေကို ဒါရိုက်တာအနေနဲ့ ရိုက်ပြထားတာပါ။ ကျွမ်း ကျင်လွန်း အားကြီးလို့မဟုတ်ပါဘူး။ လိုအပ် ချက်တွေ ရှိရင်ဝေဖန် အကြံပြုပေးပါ။ ဒီရုပ်ရှင် ကားကြီးပြီးရင် မန္တလေး ပရိသတ်တွေအတွက် မန္တလေးမှာ ကျွန်တော်ဒါရိုက်တာ လုပ်ပြီး ဗီဒီယို ၃ကား ရိုက်ပါမယ်”လို့ပြောပြခဲ့ ပါတယ်။ သရုပ် ဆောင်၊ ဒါရိုက်တာ အနေနဲ့ ရိုက်ကူးရတာ ပို ခက်ခဲတယ် လို့ မင်းရာဇာ ကပြောပြီး အခု သရုပ် ဆောင် ဒါရိုက်တာ အနေနဲ့ ရိုက်နေတဲ့ ဇာတ် တွေက လွန်ခဲ့တဲ့ ၆နှစ်လောက် ကတည်းက ရေးထားတဲ့ ဇာတ်တွေ၊ သူလုပ်ချင်တဲ့ဇာတ်တွေ ဖြစ်တယ်လို့ မင်းရာဇာ ကပြောပြခဲ့ပါတယ်။ မင်းရာဇာက သူ့ရဲ့ မင်္ဂလာပွဲ ကို သီတင်းကျွတ် ပြီးရင်လာမယ်လို့ပြောပြီး ရက်ကောင်း ရက် မြတ် ရွေးနေတာကြောင့် အတိအကျသိရရင် ပရိသတ် ကို သတင်းပေးမယ် လို့ ပြောပါ တယ်။ သူတို့ချစ်သူနှစ်ယောက်အနေနဲ့ ရှက် တတ်တာကြောင့် မင်္ဂလာပွဲတွေ အများကြီး မလုပ်ဖြစ်ပါဘူး လို့ ပြောတဲ့ မင်းရာဇာက သူ့ချစ်သူကို အားလုံးသေချာမှပဲ ပရိသတ် ရှေ့ထုတ်ပြပါမယ်လို့ ပြောကြားခဲ့ပါတယ်။
နေကွန်းထင်
ref: Popular

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here