Tuesday, September 25, 2012

ပြင်ဦးလွင်မှာဇာတ်ကားရိုက်ရင်း မန္တလေးက မဟာမြတ်မုနိဘုရား ကို ဝါဆိုမိုးဦး သွားရောက်ဖူးမြော်ကြောင်းသိရ

0 comments
ဝါဆိုမိုးဦးက ‘စုန်းပြူး’ ရုပ်ရှင် ကားကို ရိုက်ကူးဖို့ ပြင်ဦးလွင်ကို ရောက်ရှိနေပါတယ်။ အဲဒီကား မှာတော့ နေတိုးကို ပို့ပေးရတဲ့ ဇာတ်ပို့နေရာက သရုပ်ဆောင် တာတွေ့ရလို့ မေးကြည့်တော့” ဒီအချိန်မှာ ကိုယ်က မင်းသမီးဖြစ်ရမှ ရိုက်မယ်ဆိုတာမျိုး စိတ်ထဲ မှာမရှိဘူး။ စရိုက် ကပေါ့။ကိုယ့်အတွက် လုပ်ကွက် ရမယ့် ကားမျိုး ရိုက်တယ်။ ပြီးတော့ ဆရာ ဦးဝင်းထွန်းထွန်း နဲ့လည်း ထပ်ဆုံချင် တာကြောင့်ပါ။ ပြီးတော့ ကားကြီး လည်း ဖြစ်တော့ ကိုယ့်ဇာတ်ရုပ်ကို ပီပြင်အောင် လုပ်နိုင်ရင် ပရိသတ် ကြိုက်မယ်ထင်လို့ လက်ခံဖြစ်တာပါ” လို့ ပြောပါတယ်။ အခုအချိန် မှာ ဝါဆိုမိုးဦး ကို ပရိသတ် သတိ ထားမိတာ ဘာကြောင့်ထင်လဲ လို့မေးတော့ “အဓိက ကတော့ ပရိသတ် အားပေး တာကြောင့်ပါ။ အဲဒီလို အားပေးအောင် လည်း  ဝါဆိုကြိုးစားတယ်။ အကယ်ဒမီဗန်း ကိုင်ပြီးနောက်ပိုင်းမှာ ပရိသတ်က သတိထားမိပြီး လက်ခံ အားပေး လာတယ်။ အနု ပညာအလုပ်တွေ လုပ်လာရတယ်။ အဲဒီလို ပရိသတ်နဲ့ အဆက်မပြတ်အောင် လည်း မီဒီယာတွေက လုပ်ပေးတယ်။ မီဒီယာတွေ ကလည်း ကျေးဇူးရှင်တွေပါ ပဲ”လို့ပြော ပြခဲ့ ပါတယ်။ ဝါဆိုမိုးဦးရဲ့ အဒေါ်တွေအကြောင်း ဇာတ်လမ်းရေး ထား တဲ့ ‘ပန်း တွေရံတဲ့ လေနုလေး’ ဗီဒီယိုကား ကတော့ ပေါက်ကား တစ်ကားဖြစ်ခဲ့ပြီး နောက် ထပ်သူ့အဒေါ်အကြောင်း ဇာတ်လမ်း တည်ထားတဲ့ အိုးလေး သုံးရာ၊ အိုးကြီး ငါးရာ ဆိုတဲ့ ဒီဗီဒီကား လည်း မကြာမီ လာမယ်လို့ ဝါဆိုမိုးဦးက ပြောပါတယ်။ လတ် တလော မှာ သူ့ကို ပရိသတ်ကြိုက် တာကတော့ လူငယ် ဖန်စီကားလေးတွေ လို့ပြောတဲ့ ဝါဆိုမိုး ဦးက ပရိသတ်နဲ့ အဆက် မပြတ်အောင် ဖေ့စ်ဘုတ် အသုံးပြုပြီး အဲဒီမှာ ပရိသတ် ရဲ့ကွန် မန့်လေးတွေ ကိုဖတ်ပြီး ပရိသတ်ရဲ့အကြံပေးတာ တွေကို တတ်နိုင် သမျှပြင်တယ်လို့ ဝါဆို မိုးဦးက ပြောပါတယ်။ ဝါဆိုမိုးဦးနဲ့ ပြင်ဦးလွင်မှာ အင်တာဗျူးနေတုန်း ဒါပြီးရင် မန္တလေး က မဟာမြတ်မုနိ ဘုရား သွားဖူးမယ်လို့ ပြောတာကြောင့် ဘုရားမှာ ဘာဆုတောင်း မလဲမေး တော့ ” ဝါဆိုက ပြင်ဦးလွင်ကိုအမြဲမရောက်ဖြစ်ဘူး။ ဒါပေမဲ့ မန္တလေးရောက်တိုင်း ဘုရား သွားဖူးတယ်။ ဒီနေ့က ရှုတင်လည်းမရှိတာ ကြောင့် သွားဖူးမှာပါ။ တောင်းမယ့်ဆုက တော့ ပရိသတ် ချစ်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ချင်တယ်။ ပရိသတ်ကို အမြဲ မေတ္တာပို့တယ်။ ကိုယ်က မေတ္တာပေးမှ သူ့တို့ဆီက မေတ္တာ ရမယ်ဆိုတာ ယုံကြည်တာ ကြောင့်ပါ”လို့ ပြောပြခဲ့ ပါတယ်။ မင်းသမီး အများစု ကိုမေးတဲ့အခါ မှာဗေဒင်မေးတာ ဝါသနာ ပါတယ်လို့ ပြောပြတယ်။ ဝါဆိုမိုးဦးကော ဆိုတော့ “ညီမလည်း ဝါသနာပါတယ်။ ညီမက အကြား အမြင် နဲ့ဟောတာ ပိုယုံတယ်။ အခက် အခဲတွေ ရှိတယ်။ ဒါပေမဲ့ကြိုးစားပြီး လုပ်ရင်အောင်မြင် မယ်ပြောကြတယ်။ ဗေဒင်တွေလည်း တော်တော် များများကို တွက်ခဲ့ဖူးတာပါ” လို့ ပြောပြခဲ့ပါတယ်။
နေကွန်းထင်
ref: Popular

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here