Tuesday, September 25, 2012

ဈေးကွက် အတွင်း ရောက်ရှိလာတော့မယ် iphone5 ရဲ့ အခြေအနေများ

0 comments

ကမ္ဘာ့ထိပ်တန်း Apple ကုမ္ပဏီမှ နောက်ဆုံးမျိုးဆက် အဖြစ် မိတ်ဆက်လိုက်တဲ့ iPhone5 ကို စက်တင်ဘာလ ၁၂ ရက်နေ့ မှာ စတင်ကြေငြာလိုက်ပြီး စက် တင်ဘာလ ၂၁ ရက်နေ့မှာတော့ စတင်ရောင်းချပြီး ဂျပန်၊ စင်ကာပူ၊ အမေရိကန်၊ ဩစတြေးလျ၊ ပြင်သစ်၊ ဂျာမနီ၊ UK နိုင်ငံများမှာ စတင်ရောင်းချခဲ့ပါတယ်။ iPhone မှာတော့ ယခင်ကထက်ထူးခြား တာတွေအနေနဲ့ သိသာထင်ရှား လာတာကတော့ အရွယ်အစား အားဖြင့် ယခင် iPhone4 ထက် ပိုမိုပါးသွားပြီး အလျားရှည်လျား တာအပြင် အသုံးပြုထားတဲ့ OS အနေနဲ့လည်း iOs6 ကို အသုံးပြု ထားခြင်း Processor ကို A6 Chip တိုးမြှင့်အသုံးပြုထားခြင်း ကြောင့် ယခင်ထက် ၂ဆ ပိုမိုမြန် ဆန်လာခြင်း၊ ကင်မရာမှာလည်း Panorama အသုံးပြု၍ ဓါတ်ပုံရိုက် ကူးနိုင်ခြင်း Maps တွင်လည်း 3D ရုပ်ထွက်ဖြင့် စတဲ့ကွဲပြားထူးခြားတဲ့ စွမ်းရည်တွေပါဝင်လို့လာခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးက Apple Products စွဲလမ်းသူတွေ၊ iPhone ချစ်သူတွေအနေနဲ့ iPhone5 ထွက်လာမှာကို နှစ်နဲ့ချီပြီးမျှော် လင့်စောင့် ဆိုင်းနေခဲ့ရတာပါ။ အဲဒီလို အချိန်မှာပဲ မျှော် လင့်နေတဲ့ iPhone5 မထွက်လာခဲ့ပဲ မျိုးဆက်သစ်အဖြစ် iPhone 4S ကို ထုတ်လုပ်ပြီး iPhone5 မျှော်လင့်နေတဲ့သူတွေနဲ့ iPhone5 နဲ့ပတ်သက်တဲ့ ကောလာဟလ တွေကို ခဏတာမျက်ခြေဖြတ်ခဲ့ပြီး တစ်နှစ်နီးပါးသာ ကြာမြင့်တဲ့အချိန် ကာလအလွန်မှာတော့ ယခင်က Apple ချစ်သူတွေ မျှော်လင့်စောင့် စားနေတဲ့ iPhone 5ကို Apple ပရိသတ်တွေ iPhone ချစ်သူတွေ နဲ့ နည်းပညာလောကရဲ့ ကြားကို ရုတ်တရက်ပဲထုတ်ပြကြေညာခဲ့ ပါတော့တယ်။ တကယ်တမ်းဆိုရင် iPhone 4S ထွက်ရှိပြီးနောက် iPhone 5 ဟာ အချိန်ကာလအား ဖြင့် ရက်ပေါင်း သုံးရာလေးဆယ့် နှစ်ရက်အကြာမှာ ထွက်ရှိလို့လာ ခဲ့ပြီး အနောက်နိုင်ငံများနဲ့ အာရှ နိုင်ငံများမှာ အကြိုဝယ်ယူမှု ပေါင်း များစွာ ၃ သန်းနီးပါးရှိခဲ့ပါတယ်။ အဲဒီလို iPhone ချစ်သူတွေ မျှော်လင့်စောင့် စားနေခဲ့ကြတဲ့ iPhone 5ထွက်ရှိလာတဲ့အခါမှာ တော့ အာရှနိုင်ငံအချို့နဲ့ မြန်မာ နိုင်ငံတို့မှာသုံးစွဲဖို့ ဝယ်ယူလိုသူ တွေအနေနဲ့ iPhone 5ရဲ့ အဓိက ပြဿနာဖြစ်တဲ့ Nano Sim ဖြစ်နေ တဲ့ပြဿနာရှိလာပါတယ်။ ဒီလို ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ iPhone 5 သုံးစွဲသူတွေအတွက် အခက်အခဲ ဖြစ်စေမှာပါ။ ဘာလို့ဆိုရင် မြန်မာ့ ဆက်သွယ်ရေးက အခုလောလော ဆယ်ထုတ်ပေးထားတဲ့ ၂ သိန်း တန် Sim Card တွေက Micro Simအမျိုးအစားတွေဖြစ်လို့ပါပဲ။ ဒီလိုမျိုး Micro Sim ဖြစ်တဲ့ Sim Card တွေကို Nano Sim ဖြစ် အောင် ဖြတ်ရမယ့် အခက်အခဲ ရှိပါတယ်။ ဒါ့အပြင် ယခင်က ဖုန်းတွေဖြစ်တဲ့ ၁၅ သိန်းတန်ဖုန်း တွေရဲ့  Sim တွေကလည်း Mini Sim အမျိုးအစားတွေဖြစ်တဲ့အပြင် ၄င်း Sim Card မှာထည့်သွင်း ထားတဲ့ Circuit Structure ကလည်း ယခု ၂သိန်းတန် Sim Card တွေနဲ့ မတူကွဲပြားတဲ့ အ တွက်ကြောင့် ၂သိန်းတန်ကတော့ Nano Sim ဖြစ်အောင် ဖြတ်လို့ရ တယ်။ ဆယ့်ငါးသိန်းတန်ကတော့ ဖြတ်လို့မရဘူး စတဲ့ အမျိုးမျိုးသော အသံတွေကို ကြားနေရပါတယ်။ မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့ ဈေး ကွက် အတွင်းမှာရှိတဲ့ အချို့ သော အိုင်တီနဲ့မိုဘိုင်းပစ္စည်းတွေ တင်သွင်းရောင်းချတဲ့ ဆိုင်ကြီးတွေ မှာတော့ iPhone5 ကို Apple ကုမ္ပဏီက စတင်မိတ်ဆက်ပြီးတဲ့ နောက်တစ်နေ့ဖြစ်တဲ့ စက်တင် ဘာ ၂၂ ရက်ညနေပိုင်းမှာ ရရှိဝယ် ယူနိုင်မယ်လို့ကြား သိရပေမယ့်၊ တချို့သောမိုဘိုင်းဖုန်း အရောင်း ဆိုင်အများစုကတော့ စက်တင် ဘာလ ၂၁ရက်နေ့ကစပြီးရေတွက် ရင် နှစ်ပတ်ခန့်အကြာမှသာ စတင်တင်သွင်းရောင်းချမယ်လို့ သိရှိ ရပါတယ်။ ရန်ကုန်မြို့ ဆိပ်ကမ်းသာ လမ်း (အောက်ဘလောက်) မှာရှိတဲ့ Tech Computer မှာ တော့ စက်တင်ဘာ ၂၂ရက်နေ့ ည နေပိုင်းမှာ မြန်မာနိုင်ငံက iPhone ချစ်သူတွေ မျှော် လင့်စောင့်စား နေတဲ့ iPhone 5 ကို ရရှိနိုင်မယ်လို့ သိရပါတယ်။ iPhone 5 နဲ့ပတ် သက်တဲ့ Nano Sim ကိစ္စတွေနဲ့ ပတ်သက်ပြီး Neo Tech Computer မှ Managing Director ဖြစ်သူ ဦးကျော်စွာဦး ပြောပြတာကတော့ "၁၅သိန်းတန် ဆင်းမ်ကတ်တွေ အတွက်ကတော့ MPT မှာ Sim Card ပြန်လဲရမယ် ထင်တယ်။ ဘာလို့ဆိုတော့ နဂို Chip တွေက အကြီးတွေလေ အဲဒီတော့ ဖြတ်လို့ ပါသွားရင် Sim အလုပ် လုပ်မလုပ် မသေချာဘူး။ ၁၅သိန်း တန်မို့လို့ သုံးမရဘူးဆိုတာတော့ မဟုတ်ပါဘူး။ Sim Card ပန်လဲလိုက်ရင် Card ကအသေး ပြန်ထွက်လာမှာပဲလေ။ အဲဒီကတ် အသေးဆိုရင်တော့ ရလိမ့်မယ်။ ၂သိန်းတန်ကြောင့် ရတယ် မရဘူး ဆိုတာလည်း မဟုတ်ပါဘူး။ အ ဓိကကတော့ Size ပါပဲ။ ပြန်လဲ လိုက်လို့ ထွက်လာတဲ့ ဆင်းမ်ကတ် အသေးမှာကိုပဲ ဖြတ် လိုက်ရင်ပါ သွားဦးမှာပဲ။ ကျွန်တော်တို့အနေ နဲ့တော့ ဖုန်းအခုရောက်လာတာနဲ့ ရယ်ဒီမိတ်ထည့်ကြည့်ဖို့ လုပ်နေ တယ်။ ဖုန်းရောက်လာတာနဲ့ အက်ဖ်အီးစီ ၂၀ တန်ကတ်ကို ထည့်ကြည့်ပြီး Run ပြီဆိုရင်တော့ ရပြီ။ ဒီအတိုင်းလည်း ရနိုင်မယ်လို့ ယူဆတယ်။ ဒါပေမဲ့ မရရင်တော့ ပိုပြီးပါးအောင် Sim ကိုလုပ်ရမှာ ပေါ့။ ဖုန်း Sim ကိုဖြတ်မယ်ဆိုရင် လည်း Micro Sim Card ရဲ့ Chip Set လောက်ထိရအောင် ဖြတ်မယ်ဆိုရင် ပိုကောင်းမယ်"လို့ ပြောပြခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ြဖစ် မကြာမီ အချိန်အတွင်းမှာ iPhone5 ကတော့ မြန်မာနိုင်ငံဈေးကွက် အ တွင်းကို ရောက်ရှိလာတော့မှာပါ။ ဘာပဲဖြစ်ဖြစ် ပြည်တွင်းက မိုဘိုင်း နည်းပညာရှင်တွေအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ iPhone 5ကို လက်ရှိအသုံးပြုလျက်ရှိတဲ့ Sim တွေကို Apple ရဲ့ နောက်ဆုံး မျိုဆက်ထုတ်ကုန်ဖြစ်တဲ့ iPhone5 မှာ ထည့်သွင်းအသုံးပြုဖို့အတွက် ကြံဆလုပ်ဆောင် သွားကြမယ် ဆိုတာ ယုံကြည်မိပါတယ်။
ref: Mobile Guide

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here