Tuesday, September 25, 2012

De Family Online Store တွင် အောက်တိုဘာလမှစ ပြီး MyanPay စနစ်ဖြင့် ငွေပေးချေနိုင်မည်

0 comments
မြန်မာနိုင်ငံရှိ Online Shopping Website များတွင် တစ်ခု အပါအဝင်ဖြစ်သော De Family Online Store တွင် MyanPay အွန်လိုင်းငွေချေမှုစနစ်အား ထည့် သွင်း၍ တိုးမြှင့်ဝန်ဆောင်မှုပေး သွားမည်ဖြစ်ကြောင်း အဆိုပါ ဝန်ဆောင်မှုကို ဆောင်ရွက်နေ သည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။ ယခုအခါ အဆိုပါ ဝက်ဘ် ဆိုက်တွင် MyanPay အွန်လိုင်း ပေးမန့်ဖြင့် စတင်ငွေပေးချေနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ De Family Online Store သည် နိုင်ငံတကာ မှ နောက်ဆုံးပေါ် ကုန်ပစ္စည်းများ ကို အချိန်နှင့် တပြေးညီ ပြည်တွင်း ၌ မြန်မာကျပ်ငွေဖြင့် လွယ်ကူ အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင် ရန်၊ ပြည်ပနိုင်ငံ များရှိ မြန်မာနိုင်ငံသား များ ပြည်တွင်းမှ ကုန်ပစ္စည်းများကို လွယ်ကူ အဆင်ပြေစွာ မှာယူသုံးစွဲ နိုင်ရန်၊ မြန်မာနိုင်ငံ၌ Online Shopping စနစ်တွင်ကျယ်လာရန်၊ နိုင်ငံတကာသို့ မြန်မာပြည်ထုတ် ကုန်များပြသရောင်းချပြီး နိုင်ငံ တော်အတွက် တစ်ဘက်တစ်လမ်း မှ နိုင်ငံခြား ဝင်ငွေရှာဖွေနိုင်ရန် ဟူသော ရည်ရွယ်ချက် (၄) ရပ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
De Family Online Sore သည် အမေရိကန်နိုင်ငံမှ နာမည် ဂုဏ်သတင်းရှိသော Amazon,Best Buy,eBay စသော Online Mart များနှင့် ချိတ်ဆက် ထားပြီး၊ အာမခံရှိသည့် ပစ္စည်း အစစ်အမှန်များကိုသာ မှာယူတင် သွင်းခြင်း၊ ဝယ်ယူသော ကုန် ပစ္စည်းတိုင်းအတွက် မူရင်းပြေစာ နှင့် နိုင်ငံတကာ အာမခံကတ်တို့ကို ပေးအပ်ခြင်း၊ ကုန်ပစ္စည်း ပို့ ဆောင်ရာတွင်အကြောင်း အမျိုး မျိုးကြောင့် ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်ပါက ကုန်ပစ္စည်းတန်ဖိုး အပြည့် ပြန်လည်ပေးလျော်သည့် ပို့ဆောင်ရေးလုပ်ငန်းကို အသုံးပြု ထားပြီး၊ လမ်းခရီးကြာမြင့်ချိန် များမှာ အမေရိကန်နိုင်ငံမှ ပစ္စည်း မှာယူပါက (၇) ရက်မှ (၁၄) ရက် အတွင်း၊ စင်ကာပူနိုင်ငံမှ ပစ္စည်း မှာယူပါက (၁) ရက် မှ (၃) ရက် အတွင်းသာ ကြာမြင့်မည်ဖြစ် ကြောင်း သိရသည်။
De Family Online Store တွင် Amazon,eBay နှင့် Apple Store တို့တွင် ရောင်းချ နေသည့် ကုန်ပစ္စည်းများအား Online Website မှ တဆင့် မြန်မာကျပ်ငွေဖြင့် တိုက်ရိုက် ရောင်းချပေးနေသော Website ဖြစ်ပြီး၊ ယခုလက်ရှိတွင် ပြည်တွင်း ၀ယ်ယူသူများအတွက် ဘဏ်ငွေ လွှဲစနစ် သို့မဟုတ် ငွေသားလက် ငင်းပေးချေမှုစနစ်တို့ဖြင့် ဝန်ဆောင် မှုပေးလျက်ရှိကာ ယခုအခါ Myan Pay အွန်လိုင်းငွေပေးချေမှုအား ထပ်မံဖြည့်သွင်း၍ တိုးချဲ့ဝန် ဆောင်မှုပေးခြင်းဖြစ်ကြောင်း သိရှိ ရသည်။ De Family Online Store ဧ။် ဝက်ဘ်ဆိုက်လိပ်စာမှာ www.defamilyonlinestire.com ဖြစ်ပြီး ဝန်ဆောင်မှုများနှင့် ပတ် သက်၍ စုံစမ်းလိုသူများအနေဖြင့် ဖုန်း - ဝ၁-၅၀၂၆၉၄၊ ဝ၉၇၃ ၁၄၅၈၄၆ တို့သို့ဆက်သွယ်မေး မြန်းစုံစမ်းနိုင်ကြောင်း သိရှိရသည်။
ref: Mobile Guide

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here