ၾသစေၾတးလ်
အမျိုးသားတက္ကသိုလ် (ANU-Australian National University)
မကြာခင်ကမှ
အမေရိကန်ပြည်ထောင်စု ခရီးစဉ်က ပြန်လည်ရောက်ရှိလာတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဌ ခွန်ထွန်းဦးအား သြစတြေးလျနိုင်ငံရဲ့ အထင်ကရ တက္ကသိုလ်ကြီး တစ်ခုဖြစ်တဲ့ သြစတြေးလျ
အမျိုးသားတက္ကသိုလ် (ANU-Australian National University)ကသြစတြေးလျ သို့ လာရောက်ရန်ဖိတ်ခေါ်လိုက်တယ်လို့
သတင်းရရှိပါတယ်။
ရှေ့လာမယ့်နှစ်
သြစတြေးလျ နိုင်ငံ ကင်ဘာရာမြို့မှာလုပ်မဲ့ မြန်မာနိုင်ငံနဲ့ ပတ်သတ်တဲ့ ကွန်ဖရင့် တစ်ခုမှာ
မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ အရေး တိုင်းရင်းသားတိုင်းရင်းသားအရေးကိစ္စတွေ နဲ့ သက်ဆိုင်တဲ့
စာတမ်ဖတ်ဖို့ ဖိတ်ခေါ်တာ ဖြစ်ပါတယ်။သွားမယ် မသွားဘူးကတော့ ကျွှန်တော်တို့ ဥက္ကဌ လည်းမဆုံးဖြတ်ရသေးပါဘူး-လို့
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ်က ကော့လီ
ကိုပြောပြပါတယ်။
ၾသစေႀတးလ်
အမျိုးသားတက္ကသိုလ် နိုင်ငံရေးနှင့် လူမှုရေးပြောင်းလဲမှု ဌာနက ကြီးမှူးပြီး (၂၀၁၃) မြန်မာနိုင်ငံနောက်ဆုံးအခြေအနေ
(2013 Myanmar (Burma) Update) ခေါင်းစဉ် နဲ့ကွန်ဖရင့်တစ်ခုကို (၂၀၁၃) မတ်လအတွင်းမှာ
ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကွန်ဖရင့်ကို
စီစဉ်သူတစ်ဦးဖြစ်တဲ့ သြစတြေးလျ အမျိုးသားတက္ကသိုလ် နိုင်ငံရေးနှင့်လူမှုရေးပြောင်းလဲမှု
ဌာနမှ မစ္စတာ ထရီဗာဝီဆင် ကိုယ်တိုင် ခွန်ထွန်းဦးကို ဖိတ်ကြားလိုက်တာ ဖြစ်တယ်လို့ စိုင်းလိတ်ကပြောပါတယ်။
မစ္စတာ ထရီဗာဝီဆင် ဟာ မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျနိုင်ငံ
သံအမတ်ကြီးအဖြစ် ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ကောလိမီဒီယာ