တာချီလိတ်မြို့တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနဲ့
သုံးဘီးမော်တော်ဆိုင်ကယ်များ အတွက် လိုင်စင်ပြု လုပ်ခွင့် နောက်ထပ်
(၁)လ တိုးတယ်လို့ သိရပါတယ်။ သတ်မှတ်ရက် အတိအကျမှာ (၄.၁၁.၂၀၁၂ ) ရက်နေ့
ဖြစ်ပါတယ်။
{14.8.2012 က ရိုက်ထားသော ပုံ}
တရားမ၀င်ဆိုင်ကယ်များကို
လိုင်စင်ပြုလုပ်ခွင့်ပေးရာ၌ ၅.၆.၂၀၁၂မှာ စတင်ပေးနေတာဖြစ်ပြီး
ပြီးဆုံးရက် မှာ အောက်တိုဘာ(၄)ရက်နေ့ဖြစ်တယ်လို့ တရားဝင်ကြေငြာထားပြီး
သတ်မှတ်ကာလမှာ (၄)လ တိတြိ ဖစ် တယ်လို့ သိရပါတယ်။
သို့သော်လည်း ကျန်ရှိနေသေးတဲ့ ဆိုင်ကယ်များ၊ သုံးဘီးများအတွက် လိုင်စင်ပြုလုပ်ဖို့ရာ နိုဝင်ဘာ(၄)ရက်နေ့ထိ (၁)လတိတိ ထပ်တိုးခဲ့ပါတယ်။
ယခုလို
နောက်ထပ် (၁)လထပ်တိုးရာမှာ လိုင်စင်ပြုလုပ်ဖို့ရန် ကျန်ရှိနေသေးတဲ့
ဆိုင်ကယ်များ မှာ တော်တော် များများ ကျန်နေသေးတာဖြစ်တဲ့ အတွက်ကြောင့်
နောက်ထပ် (၁)လ တိုးတာဖြစ်တယ်လို့ စီမံချက်အဖွဲ့ဝင် တစ် ဦးက ပြောပါတယ်။
စီမံချက်ကာလ
မပြီးဆုံးမီက လိုင်စင်ပြုလုပ်ခွင့် နောက်ထပ် (၁)လတိုးတယ်ဆိုပြီး
လူအပြောများနေကြတဲ့အခါ စီမံချက်အဖွဲ့က စက်တင်ဘာ(၂၇)ရက်နေ့မှာ ကြေညာစာ
ကပ်ခဲ့ပါတယ်။
{စက်တင်ဘာ၂၇ရက်နေ့က ကြေညာချက်}
အဆိုပါ
ကြေညာချက်မှာတော့ ၂၀၁၂ခုနှစ် အောက်တိုဘာ(၄)ရက်နေ့မှာ ကုန်ဆုံးမှာ
ဖြစ်ကြောင်း ကြေညာ ခဲ့သော် လည်း ယခုကြေငြာသော ကြေငြာစာမှာတော့
နိုဝင်ဘာ(၄)ရက်နေ့ထိ ယာဉ်များကို မှတ်ပုံ တင်ဆောင် ရွက်ပေးမှာ ဖြစ်ကြောင်း
တွေ့ရှိရပါတယ်။
တရားမ၀င်ဆိုင်ကယ်များကို
လိုင်စင်ပြုလုပ်ဆောင်ရွက်ပေးခြင်း စီမံချက်ကာလမှာ (၅)တိတိလ
ဖြစ်သွားခဲ့ပါပြီ။ ထို့အတွက်ကြောင့် လိုင်စင်မပြုလုပ်ရသေးတဲ့ ဆိုင်ကယ်များ
သုံးဘီးများအနေဖြင့် ကျန်ရှိနေသေးတဲ့ (၁)လအတွင်း
လိုင်စင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
တာချီလိတ်သတင်း