Thursday, October 4, 2012

တိုင်းရင်သားများအတွက် ဥပဒေ ပြဌာန်းပေးရန် တအာင်းပါတီ တင်ပြတောင်းဆို

0 comments
၂၀၁၂ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများ အတွက် အခွင့်အရေးကာကွယ်စောင့်ရှောက် သည့်ဥပဒေပြဌာန်းပေးရေးနှင့် ပတ်သက်၍ နမ့်ခမ်းမြို့နယ် မြို့နယ်တအာင်း (ပလောင်) အမျိုးသားပါတီမှ အချက် ၈ ချက်ပါ တောင်းဆိုချက်များ မြို့နယ်ပါတီ ဥက္ကဌ နှင့် အတွင်းရေးမှူး ကိုယ်တိုင်လက်မှတ်ရေးထိုး တင်ပြထားပါသည်။
၎င်းတင်ပြချက်များတွင် သက်ဆိုင်ရာခရိုင်မြို့နယ်များတွင် တိုင်းရင်သားလူမျိုးများအချိုးကျပါဝင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်းအုပ်ချုပ်ခွင့်ပြုရန်၊ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုပွဲများ သင်ကြားရေးကို အစိုးရမှ ပံ့ပိုးရန်နှင့် ယဉ်ကျေးမှုပွဲတော်များကို ပွဲမိန့် မလိုပဲကျင်းပခွင့်ပြုရန်၊ ရှေးဟောင်းအဆောက်အအုံများ တည်ရှိခွင့်ပြုရန်၊ တောင်ပေါ်ဒေသများတွင် လမ်းများကို ကျောက်ချောကားလမ်းအဖြစ် အစိုးရမှ ဖောက်လုပ်ပေးရန်၊ မီးရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများအတွက် ဈေးကွက်ဖန်တီးပေးရန် နှင့်တိုင်းရင်းသားလူမျိုးစုငယ်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းပေးရန် အစရှိသည့်အချက်များပါဝင်သည်။
နမ့်ခမ်းမြို့နယ်ရှိ   TNP မြို့ နယ်ပါတီအတွင်းရေးမှူး ဦးကျော်အေး ပြောပြချက်အရ " လွတ်တော်မှာ ဘာတွေတင်ပြချင်လည်း လိုအပ်တာတွေတင်ပြပါလို့  ပြောလာတဲ့အပေါ်မှာ ကျနော်တို့ နမ့်ခမ်းမြို့ နယ် TNP ပါတီ အနေနဲ့ ကျတော်တို့ တွေ့ရှိနေတဲ့ အချက်လေးတွေ လိုအပ်မဲ့ဟာတွေ ကျတော်တို့  တိုင်းရင်သား လူမျိုးငယ်တွေအတွက် တစ်ကယ် လိုအပ်မဲ့ဟာတွေကို တင်ပြထားတာဖြစ်ပါတယ်။ နေပြည်တော်ကိုလည်းပို့ လိုက်ပါပြီ ဘာမှတော့တုန့်ပြန်လာတာမတွေ့ ရသေးဘူး။ ပြီးတော့ကျတော်တို့ ပလောင်တွေအတွက်လုပ်ပေးမယ်ဆိုပြီး အစိုးရက ကတိပေးထားတာတွေလည်း လုပ်ပေးတာတွေမတွေ့ ရသေးဘူး နောက်ပြီးတော့ ကျတော်တို့ တိုင်းရင်းသားတွေအတွက် အာမခံပေးတဲ့ ဥပဒေဆိုတာလည်း မရှိဘူး၊" ဒါကြောင့်ဒီတောင်းဆိုချက်ကိုတင်ပြရခြင်းဖြစ်ပါတယ် ဟုပြောခဲ့ပါသည်။

ပလောင်အမျိုးသမီးအစည်းအရုံး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here