ဒီဘက်ခေတ်
ဟစ်ဟော့ပ်လောကမှာ
အအောင်မြင်ဆုံးအဆိုတော်အဖြစ်
သတ်မှတ် လို့ရတဲ့
တေးသံရှင် ဂျောက်ဂျက်က
အခုဆိုရင် သူ့ရဲ့ Underground
မှာအတူ သီဆိုခဲ့တဲ့
သူငယ်ချင်းဖြစ်သူ
ဇရဲ့တစ်ကိုယ်တော် အခွေ
မှာလည်း သီချင်းတစ်ပုဒ်
ပါဝင် သီဆိုထားပါတယ်။
ဟစ်ဟော့ပ်ဂီတကို
ကြိုက်နှစ်သက်ကြတဲ့
ပရိသတ်တွေရဲ့
အားပေးမှုကို
ခိုင်ခိုင်မာ
မာရရှိထားတဲ့
တေးသံရှင်ဂျောက်ဂျက်က
သူငယ်ချင်း SZ ရဲ့
တစ်ကိုယ်တော်အခွေမှာ
ဝင်ရောက်သီဆိုဖြစ်ပုံနဲ့
ပတ်သက်ပြီး…”သူနဲ့
ကျွန်တော်က
ငယ်သူငယ်ချင်း
လည်းဖြစ်တော့
သူ့အကြောင်းေ
တွအကုန်လုံး
ကျွန်တော်သိတယ်။
သူ့အခွေမှာ ဆိုပေးရတာက
ငယ်သူငယ်ချင်း
စိတ်ကြောင့်လည်း ပါတယ်။
သူငယ် ချင်း မဟုတ်ဘဲ
သူစိမ်း လိုပဲ
သဘောထားလိုက်ရင်တောင်မှ
SZ က ရန်ကုန်ကထွက်တဲ့
အဆိုတော်တွေထဲမှာ
တော်တော်လေးမိုက်တဲ့
ဟစ်ဟော့ပ်အစစ်
တစ်ယောက်ဖြစ် တယ်။
ကျွန်တော် တို့နယ်ပယ်
ထဲမှာ ဒီလို
ဟစ်ဟော့ပ်အစစ်ကို
မမြင်ရတာ
တော်တော်ကြာပြီ။
အခုနောက်ပိုင်း တက်လာတဲ့
အဆိုတော်တွေ တိုင်းကတော့
အနည်းနဲ့ အများ လွဲကြတာ
ပါတယ်။ အခှုဇ
ပေါ်လာပြီဆိုတော့
ကျွန်တော်ပျော် တယ်။ SZ
လိုမျိုး နောက်ထပ် လူတွေ
ထွက်ပေါ် စေချင်တယ်။
ပြီးတော့ ဟစ်ဟော့ပ်
အစစ်ကို ပြန်
ပြနိုင်တဲ့သူ မျိုး
ကျွန်တော် ရှာနေတာ
ကြာနေပြီ။ သူ့ အခွေထဲမှာ
ကျွန်တော် တစ်ပုဒ်ပဲဆို
ထား ပေမယ့် အဲဒီတစ်
ပုဒ်ကိုခပ်မိုက်
မိုက်ပုံစံလေး
သေချာရေးပြီးဆို ပေးထား
တယ်။ အဲဒီ သီ ချင်းမှာ
ကျွန် တော်ရယ်၊ SZရယ်၊ ASH ရယ်
၃ ယောက်သီဆို
ထားပါတယ်”လို့ SZ အခွေမှာ
ပါဝင်သီဆိုပုံနှဲ့SZ
လိုမျိုး နောက်ထပ်မျိုး
ဆက်တွေ ထွက်ပေါ် လာ
စေချင်ကြောင်းကို
ဂျောက်ဂျက်က ပြောပါတယ်။
လက်ရှိ
ဟစ်ဟော့ပ်လောကမှာလည်းမျိုးဆက်
သစ်ရက်ပါတွေ
တိုးပွားလာတာကြောင့်
နောက်ထပ်တက်လာမယ့် မျိုး
ဆက် သစ် တွေကိုကော
ဂျောက်ဂျက်အနေနဲ့ဘာများ
အကြံပြုချင်သေးလဲဆိုတော့
”နောက် တက်လာမယ့်
အဆိုတော်တွေ ကိုလည်း
တစ်ဖက်စွန်းကြီး တအား
မရောက် ဘဲ ရောမ မှာနေရင်
ရောမလိုကျင့်ရမယ်။
ပြီးတော့ ဟစ်ဟော့ပ်
ကိုလည်း အမိုက်စားဆိုပြ
နိုင်ရ မယ်။
လူတွေနားလည်မယ့် သီချင်း
အကြောင်း
အရာမျိုးကိုလည်း ဆို
ပေးနိုင်မယ် ဆိုရင်တော့
အဆင်ပြေလိမ့်
မယ်လို့ထင်တယ်” လို့
ပြောပြ ပါတယ်။
ဂျောက်ဂျက်ရဲ့
“တိုင်းသိ၊ ပြည်သိ”
ဒုတိယ
တစ်ကိုယ်တော်အခွေကိုလည်း
အောက်တို ဘာ ၂၇
ရက်နေ့မှာထွက်ရှိ
မှာဖြစ်တဲ့အတွက်
ကာဗာဒီဇိုင်းကိုလည်း
အပြင်က တအားကောင်း
တဲ့လူတစ် ယောက်
ဆီမှာအပ်ထားကြောင်း
သိရပါ တယ်။ အခုဆိုရင်
တေးသံရှင် ဂျောက် ဂျက်က
ဒုတိယတစ်
ကိုယ်တော်ခွေအတွက်
အိမ်မှာ အမြဲတမ်း
အသံသွင်း နေပြီး
နယ်ခရီးစဉ်တွေဖြစ်တဲ့
မန္တလေးနဲ့ မကွေးမှာလည်း
သွားရောက်ဖျော်
ဖြေမှာဖြစ် ပါတယ်။
ဆက်လက်ပြီး ၁၁
လပိုင်းမှာတော့ မလေး
ရှား၊ ထိုင်း
(ချင်းမိုင်)မှာ ဖျော်
ဖြေဖို့ရှိပြီး အဲဒီ
မှာပဲဒုတိယအခွေ
ပရိုမိုးရှင်းကို လည်း
လုပ်ခဲ့မှာ ဖြစ်ကြောင်း
သိရပါတယ်။
Popular Journal
Friday, October 5, 2012
Subscribe to:
Post Comments (Atom)
