အောက်တိုဘာ(၁၆)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံဖြိုးရေးပါတီ ဗဟိုကော်မတီဝင်သစ်များ ယနေ့ရွေးချယ် တင်မြှောက်မည်ဖြစ် ရာ
ရွေး ချယ်ခံ ဗဟိုကော်မတီဝင် များက ကတိသစ္စာပြုချက် ၆ချက် ကို
လေးနက်တည်ကြည်စွာဖြင့်ကတိသစ္စာ ပြု ရ မည် ဟု သိရသည်။
ရွေးချယ်ခံဗဟိုကော်မတီဝင်များ ကတိပြုရမည့် အချက်၆ချက်မှာ -
၁ ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နှင့် နိုင်ငံသားများ အပေါ် သစ္စာစောင့်သိ ရိုသေပါမည်။
၂
။ တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးရေး၊
အပြန်အလှန်ကူညီရိုင်းပင်းရေး၊ အခွင့်အလန်းနှင့် အခွင့်အရေးများ
တန်းတူရည်တူရရှိရေး ကြိုးပမ်းဆောင်ရွက်ပါမည်။
၃ ။ ပါတီ၏ဦးဆောင်မှုကို အလေးအနက် ခံယူလိုက်နာပါမည်။
၎
။ ပါတီအဆင့်ဆင့် ဖွဲ့စည်းမှု၊ စည်းလုံးညီညွတ်မှု ခိုင်မာကျစ်လစ်ရေး၊
သဘောတရား ခံယူကျင့်သုံးမှု တိုးတက်မြင့်မားရေးနှင့် စည်း၇ုံးေ၇း
လုပ်ငန်းရှင်သန် ထက်မြက်နေစေရေး အတွက် အစဉ်ကြိုးပမ်းဆောင်ရွက်ပါမည်။
၅ ။ ပြည်သူ့သဘောထား အလေးထားပါမည်။ ပြည်သူ့အခွင့်အရေး ဦးစားပေးပါမည်။ ပြည်သူ့လိုအပ်ချက် ဆောင်ရွက်ပေးပါမည်။
၆
။ ပါတီ၏ မူဝါဒလမ်းစဉ်များနှင့်အညီ ပေးအပ်သော လုပ်ငန်းတာဝန်များကို
အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် ပါမည်ဟု လေးနက် တည်ကြည်စွာ
ကတိသစ္စာပြုပါသည်
တို့ဖြစ်ကြသည်။
Myanmar Express
Tuesday, October 16, 2012
Subscribe to:
Post Comments (Atom)