Monday, October 22, 2012

မိုင်းဆတ်-တာချီလိတ်ကားလမ်းပေါ်မှ ဘိန်းဖြူဘလောက်တုံးများဖမ်းမိ

0 comments
အောက်တိုဘာ(၂၂)

သိမ်းဆည်းရမိသော ဘိန်းဖြူဘလောက်တုံးများ



အောက်တိုဘာ ၂၀ ရက်နေ့၊ ညနေပိုင်းတွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာအုပ်စုရှိ ဖဟိ(အထက်)ရွာထိပ်တွင် ရပ်ထားသည့်မော်တော်ယာဉ် တစ်စီးပေါ်မှဘိန်းဖြူ ဘလောက် တုံးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

ဖြစ်ပွားပုံကတော့ တာချီလိတ်မြို့၊ သစ်တောဦးစီးဌာနက တောအုပ် ဦးအေးလွင်ဦးစီးတဲ့အဖွဲ့ဟာ လွယ်တော် ခမ်းကျေးရွာအုပ်စု၊ ဖဟိ(အထက်)ရွာထိပ် မိုင်းဆတ်-တာချီလိတ်သွားကားလမ်းဘေးတစ်ဝိုက်မှာ ကွင်းဆင်း စစ်ဆေးဖို့သွားတုန်း ကားလမ်းပေါ်မှာရပ်ထားတဲ့ကားတစ်စီးပေါ်က လူ ၃ ယောက် ဆင်းပြီး ထွက်ပြေးခဲ့ပါ တယ်။ ဦးအေးလွင်နဲ့အဖွဲ့ဟာ မင်္သကာတဲ့အတွက် လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်ကို အကြောင်း ကြားခဲ့ပါတယ်။ ပူးပေါင်းစစ်ဆေးရေးဂိတ်မှ နယ်မြေခံတပ်၊ စရဖ၊ မူးယစ်၊ နယ်မြေခံရဲတပ်ဖွဲ့၊ စ သုံးလုံး အဖွဲ့တွေသွားရောက်ပြီး ယာဉ်အားစစ်ဆေးခဲ့ရာ ဘိန်းဖြူဘလောက်တုံးများအား ပိုင်ရှင်မဲ့ဖမ်းဆီးရ မိခဲ့ခြင်းဖြစ်ပါတယ်။

 ဘိန်းဖြူဘလောက်တုံးများ သယ်ဆောင်လာသည့်ကား

“ယာဉ်အမှတ် ၄ဂ/၅၃၁၃ တိုက်ဂါးအပြာရောင် တစ်ခန်းတွဲယာဉ်နောက်ခန်းထဲမှာ ဆာလာအိတ်နဲ့ထည့် ထားတဲ့ ဘိန်းဖြူဘလောက်တုံး ၂၄၇ တုံး၊ စုစု ပေါင်း ၈၀ကီလိုဂရမ်ခန့်၊ ကာလတန်ဖိုး ၁၂၃၅၀ သိန်းဖိုးခန့် သိမ်းဆည်းရမိခဲ့ပါတယ်။ ယာဉ်ကတော့ တာချီလိတ်-နားကောင်းမူ လမ်းကြောင်းပြေးဆွဲနေတဲ့ယာဉ်ဖြစ်ပြီး ယာဉ်မောင်းမှာ သိန်းကြည်ရွှေ (ခ)ကိုကွေး ဖြစ်တယ်လို့” ဖဟိ(အထက်)ရွာမှ ဒေသခံတစ်ဦးမှ ပြောကြားသွား ပါတယ်။
ဆာလာအိတ်နှင့်ထည့်ထားသော ဘိန်းဖြူဘလောက်တုံးများ

ယာဉ်နှင့် ဘိန်းဖြူဘလောက်တုံးများအား သိမ်းဆည်းခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် တာချီလိတ်ရဲတပ်ဖွဲ့မှ အမှုဖွင့်အရေးယူထားကြောင်းသိရပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here