ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် တားမြစ်ထားသော လောင်းကစားဝိုင်း ပါဝင်မှုမှာ ယခင်နှစ်များထက် ပိုမို များပြားနေကြောင်း တွေ့ရသည်။
လေးကောင်ဂျင်လက်လှည့်/စက်လည့ှ်၊ ပိုက်ကျူး၊ ရွှေဘောလုံး၊ ဂုံးဂင်း အစရှိသည့် လောင်းကစားဝိုင်းများ ဖြစ်သည်။
လောင်းကစားဝိုင်း မြင်ကွင်းတခု (ဓာတ်ပုံများ - ဂျွန်ချစ်ငြိမ်း) |
ယခုကဲ့သို့ခွင့်ပြုထားသည်ကို အံသြမိကြောင်း တန်ဆောင်တိုင်ပွဲတွင် ဈေးရောင်းနေသည့် မြို့ခံတစ်ဦးက ပြောသည်။
ယခုနှစ်တန်ဆောင်တိုင်ပွဲ ပျော်ပွဲရွှင်ပွဲ လေလံကို ကျပ်သိန်း ၁,၃၃၀ ကျပ်ဖြင့် တောင်ကြီးမြို့နေ ဒေါ်ဝင်းပပကျော်က လေလံ အောင်မြင်ခဲ့ကြောင်း ၊ အိတ်ပိတ် ၂၅ သိန်း ပေးရပြီး ကြမ်းခင်းလေလံဈေး ကျပ်သိန်း ၁,၂၀၀ ဖြင့် ဖွင့်ခဲ့ကြောင်း တောင်ကြီးမြို့ခံ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
လောင်းကစားဝိုင်းများမပါ ၀င်ဟုဆိုသဖြင့်လေလံဈေး သက်သက်သာသာဖြင့်ရခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်နှစ် လောင်းကစားဝိုင်းများပါဝင်ပါက လေလံဈေး ကျပ်သိန်း ၂,၇၀၀ ကျော် ခန့်ရှိခဲ့ကြောင်း သူက ဆက်လက် ပြောပြသည်။
လက်ရှောင်၊ လက်ရှောင် .... ပေါက်ကောင် လာမယ် |
မျက်နှာစာ ၁၀ ပေ နှင့် နောက်ဘက်သို့ နေရာရှိသလောက်ဆွဲနိုင်သည့် ဆိုင်ခန်း တစ်ကွက်ကို ၇ သိန်း ၂သောင်း ဖြင့် ဖွင့်ဈေးရှိပြီး လေလံအောင်သူနှင့် ညှိနိုင်းလျင် ကျပ် ၆ သိန်း ၈ သောင်းဖြင့် ရနိုင်ကြောင်း ဈေးဆိုင်ခန်းထွက်သူ ကိုသားငယ်က ပြောသည်။
တန်ဆောင်တိုင်ပွဲလေလံပစ်ရာတွင် လေလံ ၅မျိုး ပစ်ရကြောင်း
~ ခြားရဟတ် နှင့် ၁၂ပွဲဈေး၊အစရှိသည်တို့ ဖြစ်ကြောင်း ကိုသားငယ်က ပြောသည်။
~ မိလ္လာ၊
~ ပျော်ပွဲရွှင်ပွဲ၊
~ စားသောက်ဆိုင်ခန်းနှင့် ကုမ္ပဏီဈေးဆိုင်ခန်း၊
~ ကားဆိုင်ကယ် ရပ်နားကောက်ခံခွင့်
၁၂ပွဲဈေးနှင့် ခြားရဟတ်လေလံက - ကျပ်သိန်း ၁၇၀
ပျော်ပွဲရွှင်ပွဲ လေလံက - သိန်း ၈၂၀
မိလ္လာ လေလံက - ၁၅ သိန်း
မိန်းစတန်းလေလံက - သိန်း ၂၅၀ (ကြမ်းခင်းဈေး)လေလံမအောင် သဖြင့် သိန်း၂၀၀ ကျ
စားသောက်ဆိုင်ခန်း နှင့် ကုမ္ပဏီ အတိအကျ မသိရှိကြောင်း ကိုသားငယ်က ပြောသည်။
ရပ်ကြည့်လို့ အမြတ်မရှိဘူးနော် တဲ့ |
ကျွန်တော့်က လောင်းကစားသမားမဟုတ်သဖြင့် လောင်းကစားပါဝင်မှုအမြင် မပြောတတ်ကြောင်း ၊ ပွင့်ပွင့် လင်းလင်းပြောရလျှင် ဂုံးဂင်းဝိုင်း မပါလျှင် ပွဲမစည်ကြောင်းကိုသားငယ်က ပြော သည်။ လေလံပစ် စဉ် ကတော့ လောင်းကစားဝိုင်းမပါဝင်ဟုမပြောကြောင်း၊ ပျော်ပွဲရွှင်ပွဲတွင်ပါဝင်လာတာ ဖြစ်နိုင်ကြောင်း လေးကောင် ဂျင်လက်လှည့်စက်လည့ှ်၊ ပိုက်ကျူး၊ ရွှေဘောလုံး၊ ဂုံးဂင်း အစရှိသည်တို့ ခွင့်မပြုပါဟုပြော ဆိုခဲ့တာ မျိုးတော့ ရှိကြောင်း တန်ဆောင်တိုင်ပွဲဈေးဆိုင်ခန်း ထွက်ရှိနေသည့် စီးပွားရေးလုပ်ငန်းရှင် ကိုသားငယ် (နောင်ကား) က ပြောသည်။
လေထိုးရင် လေလျော်မယ် ဆိုတဲ့ ကစားဝိုင်းတခု |
ဧရာဝတီဘလော့