Sunday, November 25, 2012

ဘေးဒုက္ခစီမံခန့်ခွဲရေးဌာနမှ မြို့ပြဘေးအန္တရာယ်လျော့ပါးရေးအစီအစဉ်အား မယ်ခေါင်ရပ်ကွက်တွင် ပြုလုပ်

0 comments
နိုဝင်ဘာ(၂၅)

မြန်မာနိင်ငံကြက်ခြေနီအသင်းရုံးချုပ်မှ မြို့ပြဘေးအန္တရာယ်လျော့ပါးရေးအစီအစဉ်များကို တာချီလိတ်မြို့နယ် မယ်ခေါင်ရပ်ကွက်မှာ နိုဝင်ဘာ(၂၅)ရက်မှ နိုဝင်ဘာ(၂၆)ရက်ထိ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။

ဆက်လက်၍  မြို့ပြဘေးအန္တရာယ်လျော့ပါးရေး အစီအစဉ်များကို ပြုလုပ်နိုင်ရန်အတွက် မယ်ခေါင် ရပ်ကွက် အတွင်း၌ ရပ်ကွက်ဘေးအန္တရာယ်လျော့ချရေး ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းနိုင် ခဲ့ကြောင်း သိရှိရပါ တယ်။

အဆိုပါ ဘေးအန္တရာယ်လျော့ပါးရေးအစီအစဉ်များပြုလုပ်ရာမှာ  မြန်မာနိင်ငံကြက်ခြေနီအသင်းရုံးချုပ်မှ ဘေး ဒုက္ခစီမံခန့်ခွဲရေးဌာန စီမံကိန်း ညှိနှိုင်းရေးမှူး ဒေါ်မိုးသီတာဝင်း ၊ ဦးစီးမှူး(ပြည်နယ်)ကျိုင်းတုံ၊ ဦးစီး မှူး(ဒု) တာချီလိတ်နှင့် တာချီလိတ် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှပါဝင်၍ ဘေးအန္တရာယ်လျော့ပါးရေး အစီအစဉ်များ ကိုပြုလုပ်ခဲ့ကြပြီး မယ်ခေါင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းအွတ် နှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင် များမှ လည်း ၀င်ရောက်ကူညီပေး ကြတာကို တွေ့ရှိရပါတယ်။



အထက်ပါအစဉ်အစီအတိုင်း နိုဝင်ဘာ(၂၃/၂၄)ရက်များတွင်လည်း ဆန်ဆိုင်းရပ်ကွက်မှာ ပြုလုပ် ခဲ့ပြီး ဘေးအန္တရာယ်လျော့ပါးရေး အစီအစဉ်များကို တာချီလိတ်မြို့ရှိ ဆန်ဆိုင်းရပ်ကွက် နှင့် မယ်ခေါင် ရပ်ကွက်စသည့် ရပ်ကွက်(၂)ခုတည်းသာ ပြုလုပ်တာဖြစ်ပါတယ်။


တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here