မြန်မာ တပ်သား ၃ ဦး ဖမ်းဆီး ခေါ်ယူသွားခြင်း ခံရပြီး နောက်ပိုင်း နှစ်ဘက် တပ်များကို နယ်စပ် တွင် တိုးချဲ့ ချနေသဖြင့် အခြေအနေမှာ တင်းမာနေပြီး တပ်သား ၃ ဦး ဖမ်းဆီးခံရမူနှင့် ပတ်ပြီးလည်း နှစ်နိုင်ငံ အကြား တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် စွပ်စွဲ မှုများ ပေါ်ပေါက်နေကြောင်း သိရသည်။
နိုင်္ဘာလ ၆ ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေ အပိုင် ဗန္ဓုလ ကျေးရွာ အနီးတွင် လမ်းလုပ်နေသည့် အင်ဂျာ နီယာ (၃) ကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
၎င်း တပ်သား (၃) ဦးမှာ ယခုအချိန်ထိ ပျောက်ဆုံးနေသဖြင့် မြန်မာနှင့် ဘင်္ဂလာဒေ့ခ်ျ နိုင်ငံတို့ အကြား နယ်စပ်တင်းမာမူနှင့် အတူ အပြန်အလှန် စွပ်စွဲမူများလည်း ပေါ်ပေါက်နေသည်ဟု မြန်မာ- ဘင်္ဂလာ နယ်စပ်သတင်းများကို ရေးသားဖေါ်ပြနေသော Cox’s bazaar news တွင် ဖေါ်ပြသည်။