Tuesday, November 27, 2012

ဝေဒနာရှင် ကလေးငယ်များနှင့် မိဘမဲ့ ကလေးများအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပမည်

0 comments
နိုဝင်ဘာ(၂၇)


New Zero Art Groupနှင့် British Council တို့ ပူးပေါင်း၍ အနုပညာ ပြပွဲများ၊ နိုင်ငံကျော် ဂီတ ဖျော်ဖြေ ပွဲများ၊ ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်း ပွဲများကို  ကန်တော်ကြီး မျှော်စင်ကျွန်း၌ ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ရရှိသော ရန်ပုံငွေ များကို HIV ဝေဒနာ ခံစား နေရသော ကလေး သူငယ်များ၊ မိဘမဲ့ ကလေးများအား လှူဒါန်း နိုင်ရန်အတွက် စီစဉ် ကျင်းပခြင်း ဖြစ်သည်။ အဆိုပါ ပွဲတွင် အနုပညာ ရှင်နှင့် ပတ်သက်သော ပန်းချီ၊ Installaion Art, Graffiti Art, Performance Artစသည့် အနုပညာ လက်ရာများ ခင်းကျင်း ပြသမည် ဖြစ်ပြီး တေးဂီတ ဖျော်ဖြေမှု များကိုလည်း ညနေ ၅ နာရီမှ ည ၁ဝ နာရီအထိ အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ်သည်။ ထို့အပြင် လူမှုရေး အဖွဲ့အစည်း များမှလည်း ကျန်းမာရေးနှင့် လူမှုရေး အသိ ပညာပေး အစီအစဉ်များ ပြုလုပ်မည် ဖြစ်ပြီး အဝတ်အထည်၊ လူသုံးကုန်၊ ဆေးဝါး၊ ကျန်းမာရေး၊ ဘာသာရေး ဆိုင်ရာ စာပေနှင့် ရသစာပေ ဆိုင်ရာ စာအုပ် အရောင်း ပြခန်းများ၊ ကလေး သူငယ်များ ပန်းချီ ရေးဆွဲနိုင်သော နေရာများ၊ Face Painting ရုပ်ပြောင် သရုပ်ဖော် ပုံများနှင့် ပုံတူ ရေးဆွဲခြင်းများ အစရှိသော ပျော်ရွှင်စရာ အစီအစဉ် များလည်း  ပါဝင်မည် ဖြစ်သည်။ အသေးစိတ် သိရှိ လိုပါက ဖုန်း-ဝ၉- ၅ဝဝဝ၈ဝ၂ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။
 
မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here