Thursday, November 22, 2012

ခိုလမ်မြို့နယ်တွင် ကျောက်တုံးမှန်ပြီး တစ်ဦးသေဆုံး

0 comments
နိုဝင်ဘာ(၂၂)



လူအင်အားသုံး၍ ကျောက်ထုတ်နေသောလုပ်ကွက်ပုံ
 ရှမ်းပြည်နယ် ၊ ခိုလမ်မြို့နယ်ခွဲ ၊ နမ့်ကျိုင်း ကျေးရွာအနီးရှိ ကျောက်ထုလုပ်ငန်းခွင်တွင် နိုဝင်ဘာလ (၂၀) ရက်နေ့ မနက်ပိုင်းက အမျိုးသားတစ်ဦး ကျောက်တုံးမှန်ပြီး သေဆုံးသွားကြောင်း သိရပါတယ်။

နမ့်ကျိုင်းကျေးရွာအနီးမှာရှိတဲ့ ကျောက်တောင်တွေမှာ ပုဂ္ဂလိကပိုင် ကျောက်ထုတ်တဲ့ လုပ်ကွက် (၁၀) ခုကျော်လောက်ရှိပြီး အလုပ်သမား (၁၀၀) ကျော်လုပ်ကိုင်နေကြပါတယ်။ ကျောက်ကွင်းက ထွက်တဲ့ လမ်းခင်း ကျောက်တွေကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းကို သတ်မှတ်ထား တဲ့ ဈေးနဲ့ ပြန်သွင်း ကြပါ တယ်။

လမ်းခင်းကျောက်အဆင့်ထိ ဖြစ်လာဖို့အတွက် အရင်ဦးဆုံး ကျောက်ဆောင်တွေကို ကျောက်ထိုးတဲ့ လွန် နဲ့ ဖောက်ပြီး တော့ ပေါက်သွားတဲ့နေရာတွေမှာ ယမ်းထည့်ပြီး ဖောက်ခွဲဖြိုချရပါတယ်။ ရရှိလာတဲ့ ကျောက် တုံး အရွယ် အမျိုးမျိုးတွေကို လူနဲ့ ထုရိုက်ချေမွရပါတယ်။

ခေတ်မီစက်ကိရိယာများဖြင့် ကျောက်ထုတ်နေသောပုံ
“ သေဆုံးသွားတဲ့ သူကတော့ ကိုစန်းလွင်ပါ။ သာစည်မြို့ကနေလာပြီး အလုပ်လုပ်နေတာ ပါ။ ပြဿနာ တက်တဲ့ နေ့က ကျွန်တော်တို့အဖွဲ့တွေ ကျောက်ထုနေ တုန်း ကျောက်တောင်ပေါ် ကနေ ကျောက် တုံး ခတ်လတ်လတ် (ဦးခေါင်းလောက် ရှိတဲ့) တစ်လံးလိမ့်ကျလာပြီး ကိုစန်းလွင် ခေါင်းကိုထိတယ်။ (အား) ကနဲအော်ပြီး လဲကျသွား တယ်။ ခဏနေတော့ သူသတိမေ့သွားတယ်။ ခိုလန်မြို့နယ်ခွဲဆေးရုံကို (၁၂) နာရီမှာ ရောက်ပြီးတော့ ညနေ (၃) နာရီလောက်မှာ ဆုံးသွားပါတယ်။ ကျောက်တုံး ပြုမကျခင် အရင်နေ့က မိုင်းခွဲသေးတယ်။ ကျွန်တော်ထင် တာကတော့ မိုင်းခွဲတုန်းက တင်ကျန်နေတဲ့ ကျောက်တုန်းက အခုမှ လိမ့်ကျလာတာပဲ ဖြစ်နိုင်ပါတယ်။ ခိုလမ်စခန်းက ရဲတွေလာပြီးမေးတော့ ကျွန်တော်က ဘေးမှာရှိနေခဲ့တဲ့ သူဆိုတော့ အမှန်အတိုင်း ပြောပြပေး ခဲ့ပါတယ်လို့ ” သေဆုံးသူ ကိုစန်းလွင် ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးမှ ပြောပြခဲ့ပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here