Thursday, November 22, 2012

ပြည်ပပို့ဆန် အရည်အသွေး ကောင်းမွန်ရေး အရည်အသွေး မြှင့်တင်စက် မူဆယ်၌ ထားရှိရန်လို

0 comments
နိုဝင်ဘာ(၂၂)


တစ်ဖက် နိုင်ငံသို့ ဆန်တင်ပို့ ရောင်းချရာတွင် ဆန်အရည်အသွေး ကောင်းမွန်ရေး အတွက် မြန်မာ နိုင်ငံ၏ နယ်စပ် မြို့ ဖြစ်သော မူဆယ်မြို့တွင် ဆန်အရည် အသွေး မြှင့်တင်သည့်စက် ထားရှိရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းမှ သိရသည်။ အဆိုပါ ဆန်အရည်အသွေး မြှင့်တင်သည့်စက် ထားရှိပါက ဆန်တင်ပို့သည့် လုပ်ငန်းရှင် များသည် ဆန်အရည် အသွေးပိုင်း အနေဖြင့် ရောင်းဝယ်ရာတွင် အဆင် မပြေပါက ရန်ကုန်သို့ ပြန် လည် သယ်ဆောင်ရန် မလိုဘဲ ကုန်ကျစရိတ် သက်သာစွာ ဆန်အရည်အသွေး မြှင့်တင်နိုင်ရန် မူဆယ်မြို့၌ ဆန် အရည်အသွေး မြှင့်တင်သည့်စက် ထားရှိရန် လိုကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

မြန်မာနိုင်ငံ အနေဖြင့် တရုတ် နိုင်ငံသို့ ဆန် တင်ပို့ရာတွင် တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင် များကသာ နယ်စပ် ဂိတ်ပေါက်မှ တင်ပို့လျက် ရှိရာ ဆန်အရည် အသွေးပိုင်းနှင့် ပတ်သက်ပြီး အားနည်းချက် ရှိသဖြင့် ဈေးအနှိမ် ခံရခြင်း၊ တင်ပို့ရန် ငြင်းပယ် ခံရခြင်းများ ရှိကြောင်း သိရသည်။ မြန်မာ နိုင်ငံသည် အိမ်နီးချင်း နိုင်ငံများသို့ နယ်စပ် ဂိတ်မှတစ်ဆင့် ဆန် တင်ပို့ရာတွင် တရုတ် နိုင်ငံသို့ တင်ပို့မှု အများဆုံး ဖြစ်ကြောင်း သိရသည်။
 
မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here