Thursday, November 22, 2012

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အာဆီယံ ထိပ်သီး အစည်း အဝေးသို့ တက်ရောက် ခဲ့ ပြီး နေပြည် တော် သို့ ရောက်ရှိ

0 comments
နိုဝင်ဘာ(၂၂)

 
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင် များအား ဒုတိယ သမ္မ တများ ဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်း၊ ဦးဥာဏ်ထွန်း တို့က နေ ပြည်တော် လေဆိပ်၌ ကြို ဆို နှုတ်ဆက် ကြစဉ်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကမ္ဘော ဒီးယား နိုင်ငံ ဖနောင် ပင်မြို့၌ ကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်း အဝေးနှင့် ဆက်စပ် အစည်း အဝေးများသို့ တက်ရောက် ခဲ့ပြီး ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည် တော် သို့ မြန်မာ လေကြောင်း အထူး လေယာဉ်ဖြင့် ပြန် လည် ရောက် ရှိသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင် များအား ဒုတိ ယ သမ္မတ များ ဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက် ခမ်းနှင့် ဦးဥာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ် ချုပ် မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ ဦးခင် မောင်စိုး၊ ဦးခင်ရီ၊ ဦးကျော်လွင်၊ ဒေါက်တာ မြင့်အောင်နှင့် ဦးဌေးအောင်၊ ဌာနဆိုင်ရာ အကြီး အကဲများနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘော ဒီးယား နိုင်ငံ သံရုံးမှ သံရုံး ယာယီ တာဝန်ခံ Mrs.TuotKunthea တို့က နေပြည်တော် လေဆိပ်၌ ကြိုဆို နှုတ်ဆက် ကြသည်။
 
မြ၀တီ
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here