Monday, November 26, 2012

ကလောမြို့တွင် မှန်လုံယာဉ်တစ်စီး ကမ်းပါးယံအား ၀င်တိုက်

0 comments
နိုဝင်ဘာ(၂၆)



ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်းတွင် တောင်ကြီး-မိတ္ထီလာခရီးစဉ် (ချစ်ကြည်ရေး)ယာဉ် လိုင်းမှ မှန်လုံယာဉ်တစ်စီးသည် နိုဝင်ဘာလ(၂၅)ရက် မနက်ပိုင်းက ကားလမ်းဘေးရှိ မြေကမ်းပါးယံအား ၀င် ရောက်တိုက်မိပြီး ခရီးသည်(၁၀)ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။

တောင်ကြီး-မိတ္ထီလာ (ချစ်ကြည်ရေး)ယာဉ်လိုင်းမှ ယာဉ်အမှတ် သ/၅၉၃၀ မှန်လုံယာဉ်ငယ်ဟာ ခရီးသည် (၂၀) ဦးတင်ဆောင်ခဲ့ပြီး တောင်ကြီးမှ ထွက်ခွာလာခဲ့ရာ မနက်(၉)နာရီခန့်မှာ ကလောမြို့နယ်၊ တက်ဖြူကျေးရွာ အလွန်မှာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ ၀ဲဘက်မှာရှိတဲ့ မြေကမ်းပါးယံကို ၀င်တိုက်မိခဲ့တာ ဖြစ်ပါ တယ်။ ဒဏ်ရာရရှိသွားကြတဲ့ ခရီးသည်တွေကို ကလောဆေးရုံကြီးသို့ ပို့ဆောင်ပေး ပြီး ဆေးကုသပေးနေ ကြောင်း သိရပါတယ်။ ဒဏ်ရာရရှိထားတဲ့ ခရီးသည်တွေမှာ ပွန်းပဲ့ပေါက်ပြဲ သွားကြ တာများပြီး စိုးရိမ်ရလောက် တဲ့သူမရှိဘူးလို့လည်း သိရပါတယ်။

ဒဏ်ရာရရှိသွားတဲ့ ခရီးသည်တွေကတော့ ဦးကိုဦး(ကလောမြို့)၊ ဦးမြင့်မိုး(သာစည်မြို့)၊ ဦးညွန့်ရီ (ပျော်ဘွယ်)၊ ဦးကျော်ဌေး(ကလောမြို့)၊ ဒေါ်ခင်မေရီ(ကလောမြို့)၊ မနှင်းကြိုင်(သာစည်မြို့)၊ မခင်ငြိမ်း (ပျော်ဘွယ်)၊ မဥမ္မာကျော်(၀မ်းတွင်းမြို့)၊ မနီလာဦး(ပျော်ဘွယ်)၊ မအေးအေးအောင် (ပျော်ဘွယ်) တို့ ဖြစ် ကြပါတယ်။

ကမ်းပါးယံကိုဝင်တိုက်သည့်ယာဉ်မှာ ရှေ့လေကာမှန်ကွဲပြီး ရှေ့ဘန်ကာပျက်စီးသွားခဲ့ပါတယ်။ယာဉ်မောင်း
 ကျော်မြင့် (မိတ္ထီလာမြို့)အား ကလောရဲစခန်းတွင် အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here