Thursday, November 22, 2012

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း တရုတ် နိုင်ငံ Chengdu မြို့နှင့် Beijing မြို့သို့ ချစ်ကြည်ရေး ခရီး သွားရောက်

0 comments
နိုဝင်ဘာ(၂၂)

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းအား တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် လေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ma Xiao Tin မှ  လေတပ် စစ်ဦးစီး ချုပ်၏ ဧည့်ခန်းမ ဆောင်တွင် လက်ခံ တွေ့ဆုံစဉ်
နေပြည်တော် နိုဝင်ဘာ ၂၁
တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ Zhuhai မြို့တွင် ချစ်ကြည်ရေး ခရီး ရောက်ရှိ နေသော ဒုတိယ တပ် မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းသည် နိုဝင် ဘာ ၁၄ ရက် နံနက် ၈ နာရီက Zhuhai လေဆိပ်မှ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မ တော် အထူး လေယာဉ်ဖြင့် Chengdu မြို့သို့ ထွက်ခွာ ခဲ့ရာ ဒေသစံ တော်ချိန် ၁ဝ နာရီ မိနစ် ၅ဝ တွင် Chengdu လေဆိပ်သို့ ရောက်ရှိသည်။ လေဆိပ်၌ ချန်ဒူး စစ်ဒေသကြီး ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် Wang Qiusheng နှင့် ချန်ဒူး စစ်ဒေသကြီး ရုံးချုပ် ဒုတိ ယ ညွှန် ကြား ရေးမှူး  Sr.Col Du Junglong တို့မှ ကြိုဆို ခဲ့သည်။
ဆက်လက်၍ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ် ချုပ်ကြီး စိုးဝင်းနှင့် အဖွဲ့သည် Chengdu မြို့ လေယာဉ် ထုတ်လုပ်ရေး စက်မှု လုပ်ငန်း အုပ်စု Chengdu Aircraft Industrial Group- AVIC သို့ ရောက်ရှိ ခဲ့ပြီး စက်ရုံ၏ လေယာဉ် ထုတ်လုပ်မှု ပိုင်း ဆိုင်ရာ များအား လေ့လာ ခဲ့သည်။ ယင်းနောက် CADIC- China National Aero Techno-logy Import & Export Corporation သို့ ရောက်ရှိ ခဲ့ရာ ကုမ္ပဏီမှ တာဝန် ရှိသူများက ရှင်းလင်း ဆောင် ခန်းမတွင် FC.1 Air Craft ၊ JF-17 နှင့် UAV ဆိုင်ရာ အချက် အလက် များအား ရှင်းလင်း တင်ပြ ခဲ့သည်။
ယင်းနောက် ဆက်လက် ထွက်ခွာ ခဲ့ရာ Chengdu စစ်ဒေ သကြီး လက်အောက်ခံ အထူး စစ်ဆင် ရေး တပ်မဟာ တပ်စခန်း Special Combating Brigade သို့ ညနေ ၃ နာရီ မိနစ် ၃ဝ တွင် ရောက်ရှိရာ အထူး စစ်ဆင်ရေး တပ်မဟာမှူး Col Su Jie နှင့် တပ်မဟာ နိုင်ငံ ရေးမှူး Col Ye Zhenghua တို့မှ ကြိုဆို ခဲ့သည်။ ထို့နောက် အထူး စစ်ဆင်ရေး ခန်းမ ဆောင်တွင် တပ်မ ဟာမှူး Col Su Jie မှတပ် သမိုင်းကြောင်း၊ လေ့ကျင့်ရေး အပိုင်းနှင့် တာဝန် ထမ်းဆောင် နိုင်မှု များကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ တပ်ဖွဲ့ဝင် များ၏ တစ်ဦးချင်း စွမ်းရည် သရုပ်ပြ သမှုကို လည်းကောင်း၊ အထူး စစ်ဆင်ရေး လေ့ကျင့် ခန်း များအား လည်းကောင်း လေ့လာ ကြည့်ရှု၍ သိလို သည်များကို မေးမြန်း ချက်များ အပေါ် တပ်မဟာ မှူးမှ ရှင်းလင်းသည်။ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းသည် တပ်မဟာ ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် လက်မှတ် ရေးထိုးပြီး တပ်မဟာမှူး၊ စစ်သည် များ နှင့်အတူ အမှတ်တရ ဓာတ်ပုံ ရိုက်ကူး ကြသည်။
 
မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here