ရှမ်းပြည်နယ် (တောင်ပိုင်း) ကလော မြို့နယ် အောင်ပန်းမြို့ ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် ရုံး၌ ပအို့ဝ် တိုင်းရင်းသား မျိုးဆက်သစ် လူငယ်များ စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်းကို နိုဝင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ဖွင့်လှစ်လျက် ရှိပြီး သင်တန်းသို့ ဒေသတွင်းရှိ ပအို့ဝ် တိုင်းရင်းသား လူငယ် အမျိုးသား၊ အမျိုးသမီး ၅၈ ဦး တက်ရောက်လျက် ရှိသည်။
အဆိုပါ သင်တန်းတွင် မျိုးဆက်သစ် လူငယ်များအား လက်ဆင့်ကမ်း တာဝန်များ ထမ်းဆောင် နိုင်ရေး အတွက် အုပ်ချုပ်ရေးမှူး၊ ဒေသ ဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့် ပအို့ဝ် တိုင်းရင်းသား များ၏ နောက်ခံ သမိုင်းကြောင်း အစရှိသည် တို့ကို ပအို့ဝ် ပိဋကတ် ဘာသာပြန် ဆရာတော် ကြီးများ၊ ပအို့ဝ် တိုင်းရင်းသား ဆရာများနှင့် ပအို့ဝ် အမျိုး သမီး ကုသိုလ်ရေး အသင်းမှ ဆရာမ များက သင်ကြား ပို့ချပေးလျက် ရှိကြောင်း သိရသည်။
မြ၀တီ