Monday, November 26, 2012

ကာယကြံ့ခိုင်မှုအားကစား ပြိုင်ပွဲ Women Model Physique and Fitness Physique ကျင်းပ ပြီးစီး

0 comments
နိုဝင်ဘာ(၂၆)

 
ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသမီး ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ Women Model Physique and Fitness Physique ၊ တေးဂီတ ဖျော်ဖြေ ပွဲနှင့် ဈေးရောင်း ပွဲတော် ကို နိုဝင်ဘာ ၁၇ ရက်၊ ညနေ ၆ နာရီက ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ MCC တွင်ကျင်းပပြုလုပ်ခဲ့သည်။ ဒုတိယအကြိမ်မြောက် အမျိုးသမီး ကာယ ကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် Model Physique အကြီးတန်းနှင့် အငယ်တန်း၊ Fitness Physique အလွတ်တန်းဟူ၍ ပွဲစဉ် ၃မျိုး ထည့်သွင်းယှဉ်ပြိုင်ခဲ့သည်။ Model Physique အငယ်တန်း (၅ ပေ ၃လက်မ) အောက်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အားကစားမယ် ၂ဝ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ ပြီး ပထမ- ဟန်စုမွန်၊ ဒုတိယ- ရှုမဝ၊ တတိယ- ငုရည်သန့် တို့မှ ဆုများဆွတ်ခူးနိုင်ခဲ့ကြသည်။ Model Physique အကြီးတန်း (၅ ပေ ၃ လက်မ) အထက်ပြိုင်ပွဲ တွင် အားကစားမယ် ၁၈ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမ- သဇင်ထွန်း၊ ဒုတိယ- သဇင်မိုးမြင့်၊ တတိယ- ခိုင်စံဝေကျော် တို့မှ ဆုရရှိခဲ့ကြသည်။ Model Physique ပြိုင်ပွဲတွင် အားကစားမယ်များသည် မြန်မာအမျိုးသမီး ဝတ်စုံ၊ ကာယ အလှ မယ်နှင့် အားကစား ဝတ် စုံတို့ကို ဝတ်ဆင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ Fitness Physique အလွတ်တန်းပြိုင်ပွဲ တွင် အားကစားမယ် ၆ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြ ရာ  ပထမဆုကို အိအိအောင်၊ ဒုတိယဆုကို ပြည့်ပြည့်သော်၊ တတိယဆုကို ပိုးအိဖြူတို့မှ ရရှိခဲ့ကြပါသည်။ ပထဆုရရှိသူများကို ဆုငွေ ၅ သိန်း၊ ဒုတိယဆု ရရှိသူ များကို ဆုငွေ ၃ သိန်း၊ တတိယဆု ရရှိသူများကို ဆုငွေ ၂ သိန်း ချီးမြှင့်ခဲ့ ကြောင်းသိရသည်။ ပထမအကြိမ် ကျင်းပခဲ့သည့် ModelPhysique and Fitness Physique ပြိုင်ပွဲများတွင် ဆုများ ဆွတ်ခူးနိုင်ခဲ့သည့် ဝတ် ရည်ဖြိုနှင့် အေးအေးစိုး တို့သည် 
 တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် နိုင်ငံ တကာ  ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ဂုဏ်ထူးဆောင် ပဉ္စမဆုနှင့် 
 တတိယဆုများ ရရှိခဲ့ပါသည်။

  

popularmuanmar

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here