ဒီဇင်ဘာလ ၂၇
လူနေရပ်ကွက်များ လျှပ်စစ်မီးလုံး ၀ပြတ်တောက်မည်မဟုတ်တော့ ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်
အားပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဒီဇင်ဘာလတွင် ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ပြောကြား
ခဲ့သည်။“၂၀၁၂ နွေရာသီမှာ သောင်းကျန်းသူများကြောင့် လျှပ်စစ်မီးမရတာတွေဖြစ်ခဲ့တယ်။
ဓာတ်အားပြတ်တောက်မှုတွေဖြစ် ခဲ့တော့ ပြည်သူတွေကို အပြည့် အ၀ပေးနိုင်ဖို့စက်မှုလက်မှုလုပ်ငန်း တွေ
ကို ဖြတ်တောက်ခဲ့ရတယ်။ လာမယ့်နှစ်မှာ ရန်ကုန်မှာတော့ မီးအပြည့်အ၀ရမယ်။ ဒါပေမဲ့ကျန်ဒေသတွေမှာတော့ အနည်း ငယ်ပြတ်တာတွေရှိမယ်”ဟု ဦးအောင်ခိုင်ကပြောသည်။
ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ် အားရရှိမှု တိုးတက်မှုနှုန်းသည် ၁၅ ရာခိုင်နှုန်းအထိရှိလာသဖြင့် ၂၀၁၃ ခုနှစ်
တွင် ၈၅၀ မဂ္ဂါဝပ်အထိ တိုးတက်ဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီးဓာတ်အားလိုအပ်မှုရှိလာပါကစက်မှုလက်မှုလုပ်
ငန်း၊ စက်ရုံ၊ အလုပ်ရုံများအားမီးဖြတ်တောက်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း၎င်းကပြောသည်။
၂၀၁၂ ခုနှစ် နွေရာသီက ဓာတ်အားလိုအပ်ချက်သည် ၁၈၀၀ မဂ္ဂါဝပ်ရှိသော်လည်း အမြင့်ဆုံး ထုတ်လုပ်နိုင်
မှုသည် ၁၄၀၅ မဂ္ဂါ ၀ပ်သာရှိခြင်းကြောင့်ပြည်သူများ အား လျှပ်စစ်မီးအပြည့်အ၀ရရှိရန် စက်ရုံ၊အလုပ်ရုံများ
အား ၁၃ ရက်ကြာ မီးဖြတ်တောက်မှုများ ပြုလုပ်ခဲ့ပြီး အချိန်ပိုင်းမီးပေးစနစ် အသုံးပြုခဲ့ကြောင်း သိရှိသည်။ “လုပ်ငန်းရှင်တွေအနေနဲ့ ဆိုရင်မီးက၂၄ နာရီလာဖို့အရမ်းလိုအပ် တယ်။ ရေထွက်ပစ္စည်းတွေဆိုတာမီးမလာ
ရင် ဒုက္ခရောက်တယ်။ ကိုယ့်နိုင်ငံက သူများနိုင်ငံနဲ့ ယှဉ် ရင်ထုတ်လုပ်မှုစရိတ်ကြီးတယ်။
မီး ပျက်ရင် ထုတ်လုပ်မှုက လျော့ကျ တဲ့အတွက်ကြောင့် သူများနိုင်ငံနဲ့ ယှဉ်ရင်နိမ့်ကျတယ်။ စက်မှုဇုန် တွေက ပိုဆိုးတယ်”ဟု ရေထွက် ပစ္စည်းပို့ကုန်လုပ်ငန်းရှင်ဒေါတိုး နန္ဒာတင်ကပြောသည်။
၂၀၁၃ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အားမီးအပြည့်အ၀ပေးနိုင်ရန်အတွက်ဓာတ်အားပေးမှုတွင် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများပါ ၀င်ကာ ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီ ဖြစ်သော ရွှေစွမ်း
အင်ကုမ္ပဏီမှလျှပ်စစ်ဓာတ်အား၁၂၀ မဂ္ဂါဝပ်၊ ထိုင်းနိုင်ငံ Toyo Thaiကုမ္ပဏီမှ၁၂၀မဂ္ဂါဝပ်၊ ပြည်တွင်းပုဂ္ဂလိက
ကုမ္ပဏီ Zeya and Associated မှ ၅၀ မဂ္ဂါဝပ်၊ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီမြန်ရွှေပြည်မှာ၅၀မဂ္ဂါဝပ် နှင့်ဖက်စပ်
ကုမ္ပဏီCIC Co., Ldt မှ ၅၀ မဂ္ဂါဝပ်တို့ကို ရွှေလီ ရေအားလျှပ်စစ်ဓာတ်အားပေးစက် ရုံ၊ သောက်ရေခပ်ရေ
အားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ အလုံ ဓာတ်အားပေးစက်ရု၊ံ လှော်ကားဓာတ်အားပေးစက်ရုံ၊ ရွာမဓာတ်
အားပေးစက်ရုံနှင့်သာကေတဓာတ် အားပေးစက်ရုံတို့တွင် ၂၀၁၃ ခုနှစ် မတ်လ (၃၁) ရက်မတိုင်မီအသီး
သီးတိုးချဲ့ထုတ်လုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
hot news