Sunday, December 30, 2012

ကောက်ကျစ်သော ကေအိုင်အေ လူသားတံတိုင်းလုပ်၍ လိုင်ဇာဌာနချုပ်ပေါ် တင်

0 comments
ဒီဇင်ဘာ(၃၀)

တပ်မတော်မှ လဂျားယန်သို့ ရိက္ခာပို့၊ အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ရန် သွားရောက်မည် ဖြစ်ကြောင်း ကြိုတင် အကြောင်းကြားပြီး ဖြစ်သည်။ တပ်မတော်မှ လိုင်ဇာကို တိုက်မည်ဟု ကြေငြာခဲ့ခြင်း မရှိ။ သို့သော် ကောက် ကျစ်သော ကေအိုင်အေတို့သည် ဒုက္ခသည်များအား လိုင်ဇာဌာနချုပ်ရှေ့တွင် လူသား တံတိုင်းအဖြစ် ကြောက်လန့် တကြား ထားရှိနေကြောင်း သတင်း ရရှိသည်။
 

ဒီဇင်ဘာ ၂၈ မှ ၃၀ ရက် အတွင်း ဒုက္ခသည် စခန်းများမှ လူများအား လဂျားယန်နှင့် လိုင်ဇာကြား ဒုက္ခသည် စခန်းအဖြစ် ပြောင်းလဲ ထားရှိခဲ့သည်။ ထို့ပြင် ဒုက္ခသည် စခန်းများ ဖြစ်ကြောင်း သိသာစေရန် အလံများထောင် ခြင်း၊ လူများ လှုပ်ရှားနေစေခြင်းတို့ကို ပြုလုပ်လျှက် ရှိကာ တပ်မတော်(လေ)မှ ဗုံးလာကြဲလိမ့်မည် ဖြစ်ကြောင်း၊ ထိုသို့ မကြဲအောင် ကေအိုင်အေမှ ကာကွယ်ပေးမည် ဖြစ်ကြောင်း ပြောပြီး လိုင်ဇာဌာနချုပ်ရှေ့တွင် အလံ ထောင်ကာ ဒုက္ခသည် စခန်းအဖြစ် ထားရှိထားကြောင်း ဆိုသည်။ ကေအိုင်အို ခေါင်းဆောင်များနှင့် ပတ်သက် သည့် မိသားစုများနှင့် ကေအိုင်အို ခေါင်းဆောင် ပိုင်းများကတော့ တစ်ဖက် နိုင်ငံအတွင်းသို့ ထွက်ပြေး သွားပြီ ဖြစ် သည်။ 

တပ်မတော်၏ ရိက္ခာပို့ စစ်ကြောင်းများအား လိုင်ဇာကို လာတိုက်မည့် စစ်ကြောင်းများဟု ထင်ကာ နောက် ကွယ် မှ လိုက်လံ တိုက်ခိုက်ခြင်းများ ပြုလုပ်လျှက် ရှိပြီး တပ်မတော်မှ ရိက္ခာပို့သည့်ကိစ္စအား တပ်ရင်း(၃) ရင်းဖြစ်သာ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

လိုက်လံတိုက်ခိုက်မှုကြောင့် ၃ ရက်အတွင်း မြန်မာ့ တပ်မတော်မှ အင်အား(၃၀)ခန့် ကျဆုံးသော်လည်း အထက် အမိန့်တွင် လိုင်ဇာကို တိုက်မည်ဟု ညွှန်ကြားထားခြင်း မရှိကြောင်း၊ ရိက္ခာပို့ ကိစ္စသက်သက်သာ လုံခြုံရေး လိုက်ပါလုပ်ဆောင်ပေးရန် ဖြစ်ကြောင်း မြန်မာ့တပ်မတော် အရာရှိ တစ်ဦးမှ ပြောကြားသည်။

ကျွန်တော်တို့ကို ပစ်ခတ်တာတွေ လုပ်တယ်။ ပြန်ပစ်မယ်ဆိုပြီး ပစ်မှတ်နေရာကို ကြည့်လိုက်တော့ ဒုက္ခ သည် တွေနဲ့ ဒီကောင်တွေ ရောထွေးနေတယ်။ ပြန်ပစ်ဖို့ အမိန့်တောင်းလိုက်တိုင်း မပစ်နဲ့။ ဒုက္ခသည်တွေ ရှိနေ တယ် ဆိုတော့ ကျွန်တော်တို့ ထပ်ပြီး အသေခံရသလို မဖြစ်နေဘူးလား လို့ သူက ဆက်ပြီး ပြောခဲ့ ပါတယ်။
 

တရုတ် မြန်မာ နယ်စပ်နှင့် လိုင်ဇာ ပတ်လည်တွင် ကေအိုင်အေမှ ထိန်းချုပ်ထားသည့် ဒုက္ခသည် စခန်း ၃၀ ကျော်ရှိ သည်ဟု ကေအိုင်အေမှ ကြေငြာခဲ့သည်။
 
by 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here