Sunday, December 30, 2012

ကယန်းအကြောင်း တစေ့တစောင်း

0 comments
ဒီဇင်ဘာ(၃၀)

ကယန်းအကြောင်း တစေ့တစောင်း =================== သည်ကယန်းရွာလေးကတော့ ကံလှရွာလို့ခေါ်တယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြိုနယ်အထဲမှာ တည်ရှိနေတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပိုင်ဖြစ်တယ်။ အထက်ပေါင်းလောင်းဆည် ပြီးသွားပြီဖြစ်လို့ ရေ၀ပ်ဧရိယာအတွင်းက ရွာပေါင်း ၂၃ ရွာကို ပြောင်းရွေ့ပေးဖို့ လျှပ်စစ်ဝန်ကြီးဌာနကနေ တွန်းအားပေးတာကို ခံနေရတဲ့ထဲက ရွာတရွာပါ။   ပအိုဝ်းဒေသထဲမှာ ထူးထူးခြားခြားတည်ရှိနေတဲ့ ကယန်းလူမျိုးစစ်စစ်တွေရဲ့ ရွာလေးပါ။ အိမ်ခြေ ၆၀ လောက်သာ ရှိတယ်။   ပေါင်းလောင်ချောင်းရဲ့ ဘေးဝဲယာတလျှောက်မှာ စပါး၊ မြေပဲ၊ နနွင်း၊ ကွမ်းသီးလုပ်ငန်းတွေကို အဓိကလုပ်ကိုင်ကြတယ်။   စီးပွားဖြစ် အပိုဝင်ငွေလုပ်ငန်းအနေနဲ့ကတော့ တောထဲမှာ အလေ့ကျပေါက်နေတဲ့ ကြိမ်တွေကိုခုတ်ယူပြီး၊ ကြိမ်ပလိုင်းကြိုးတွေ ယက်လုပ်ကြတာပါ။   ကြိမ်အမျိုးအစားအပေါ် မူတည်ပြီးတော့ ဈေးကောင်းရတယ်။  ကြိမ်ငန်းလို့ခေါ်တဲ့ ကြိမ်အနီရောင်နဲ့ ယက်လုပ်ထားတဲ့ကြိုးက ကြိမ်ခါး(ကြိမ်အဖြူ)ထက် ဈေးပိုရတယ်။  ပင်လောင်းမြို့ပေါ် ပေါက်ဈေးကကြိုးတချောင်းကို ကျပ်၂၅၀ ကနေ ၅၀၀။   "တစ်ရက်ကို မိသားစုတစ်စု ဆိုရင် ကြိုး၅၀လောက်ပြီးတယ်" လို့ ကယန်းအမျိုးသမီး မပေါ်က ဆိုတယ်။   တရွာလုံးက ယက်လုပ်ထားသမျှကို စုထားပြီးတော့ မြို့ပေါ်ကိုလူတစ်ယောက်ကသွားရောင်းချပေးတယ်။  အရင်းမစိုက်ရတဲ့ ဒီလုပ်ငန်းရဲ့ ၀င်ငွေက တရွာလုံးကို တစ်လ ၁၀ သိန်းအထက်ဝင်ငွေဖြစ်လာစေတယ်။   ကယန်းလူမျိုးတွေက အလွန်ကိုသွေးစည်းညီညွတ်ပြီးတော့ အမြဲတမ်းအုပ်စုလိုက် သွားလာလှုပ်ရှားတတ်ကြပေမယ့် မိသားစုဝင်တွေအချင်းချင်း ရင်းရင်းနှီးနှီးနေထိုင်ခဲကြတယ်။  အခြားလူမျိုးစုဝင်တွေကို အသက်အရွယ်ပေါ်မူတည်ပြီးတော့ ခေါ်ဝေါတဲ့အခေါ်အဝေါ်မျိုးတွေ ဥပမာ အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်၊  စတဲ့ အသုံအနှုန်းတွေ မရှိကြဘူး။   မိဘနဲ့သားသမီးက စပြီးတော့ မိတ်ဆွေ အပေါင်းအသင်းအားလုံးကို မြန်မာလို့ နင်၊ ငါလို့ အဓိပ္ပာယ်ရတဲ့ ကယန်းအသုံးအနှုန်းနဲ့ ခေါ်ကြတယ်။   ကယန်းအသုံးအနှုန်းတချို့  နား=နင်    ငါး= ငါ ဖက်ပလာ=အဘိုးကြီး  မိုပလာ=အဘွားကြီး နာအံဒိတ်ရေ = ထမင်းစားပါတော့    အိမ်မွေးတိရစ္ဆာန်အဖြစ် ကြက်၊ ၀က်၊ မန်ဒါလီတွေ မွေးထားပေမဲ့  ပုံမှန်တောလိုက်ထွက်ကြတယ်။  သားကောင်တွေကတော့  ဂျီ၊ တောင်ဆိတ်၊ တောဝက်၊ မျောက်တွေပေါ့။ အသားတွေကို အခြောက်လှမ်းပြီးတော့ အသားအနေနဲ့သိုလှောင်ကြတယ်။   အမဲလိုက်လက်နက်ကိုတော့ တူးမီးသေနတ်တွေသုံးတယ်။  တူးမီးက တစ်အိမ်ကို တလက်နီးပါး ရှိကြတယ်။   ကယန်းတွေရဲ့ပင်တိုင် အစားအစာကတော့ မုန်ညှင်းအစိမ်းကို ထောင်းပြီးတော့ ၀ါးကျဉ်တောက်ထဲမှာ အချဉ်ဖောက်၊  ပြီးရင် နေပြန်လှန်းထားတဲ့ မုန်ညှင်းပုပ်လို့ခေါ်တဲ့ မုန်ညှင်းခြောက်ကို  အသားခြောက်တွေနဲ့ ရောပြုတ်ထားတဲ့ ဆန်ပြုတ်နဲ့ တွဲဖက်စားကြတယ်။   နောက် ... ကယန်းဟင်းလျာတွေက အစပ် အလွန်ကဲပါတယ်။ တခြားဒေသကလူတွေ စားနိုင်ဖို့ခဲယဉ်းတယ်။   ကယန်းအမျိုးသားနေက ဧပြီလ၁၀ ရက်နေ့ပါ။ ဒီလိုမျိုးရက်တွေမှာ ဟောပြောပွဲတွေနဲ့ ကယန်းရိုးရာပဒေသအကတွေ ကကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
သည်ကယန်းရွာလေးကတော့ ကံလှရွာလို့ခေါ်တယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြိုနယ်အထဲမှာ တည်ရှိနေတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပိုင်ဖြစ်တယ်။ အထက်ပေါင်းလောင်းဆည် ပြီးသွားပြီဖြစ်လို့ ရေ၀ပ်ဧရိယာအတွင်းက ရွာပေါင်း ၂၃ ရွာကို ပြောင်းရွေ့ပေးဖို့ လျှပ်စစ်ဝန်ကြီးဌာနကနေ တွန်းအားပေးတာကို ခံနေရတဲ့ထဲက ရွာတရွာပါ။ 

ပအိုဝ်းဒေသထဲမှာ ထူးထူးခြားခြားတည်ရှိနေတဲ့ ကယန်းလူမျိုးစစ်စစ်တွေရဲ့ ရွာလေးပါ။ အိမ်ခြေ ၆၀ လောက်သာ ရှိတယ်။
ပေါင်းလောင်ချောင်းရဲ့ ဘေးဝဲယာတလျှောက်မှာ စပါး၊ မြေပဲ၊ နနွင်း၊ ကွမ်းသီးလုပ်ငန်းတွေကို အဓိကလုပ်ကိုင်ကြတယ်။
စီးပွားဖြစ် အပိုဝင်ငွေလုပ်ငန်းအနေနဲ့ကတော့ တောထဲမှာ အလေ့ကျပေါက်နေတဲ့ ကြိမ်တွေကိုခုတ်ယူပြီး၊ ကြိမ်ပလိုင်းကြိုးတွေ ယက်လုပ်ကြတာပါ။

ကြိမ်အမျိုးအစားအပေါ် မူတည်ပြီးတော့ ဈေးကောင်းရတယ်။
ကြိမ်ငန်းလို့ခေါ်တဲ့ ကြိမ်အနီရောင်နဲ့ ယက်လုပ်ထားတဲ့ကြိုးက ကြိမ်ခါး(ကြိမ်အဖြူ)ထက် ဈေးပိုရတယ်။
ပင်လောင်းမြို့ပေါ် ပေါက်ဈေးကကြိုးတချောင်းကို ကျပ်၂၅၀ ကနေ ၅၀၀။

"တစ်ရက်ကို မိသားစုတစ်စု ဆိုရင် ကြိုး၅၀လောက်ပြီးတယ်" လို့ ကယန်းအမျိုးသမီး မပေါ်က ဆိုတယ်။

တရွာလုံးက ယက်လုပ်ထားသမျှကို စုထားပြီးတော့ မြို့ပေါ်ကိုလူတစ်ယောက်ကသွားရောင်းချပေးတယ်။
အရင်းမစိုက်ရတဲ့ ဒီလုပ်ငန်းရဲ့ ၀င်ငွေက တရွာလုံးကို တစ်လ ၁၀ သိန်းအထက်ဝင်ငွေဖြစ်လာစေတယ်။

ကယန်းလူမျိုးတွေက အလွန်ကိုသွေးစည်းညီညွတ်ပြီးတော့ အမြဲတမ်းအုပ်စုလိုက် သွားလာလှုပ်ရှားတတ်ကြပေမယ့် မိသားစုဝင်တွေအချင်းချင်း ရင်းရင်းနှီးနှီးနေထိုင်ခဲကြတယ်
အခြားလူမျိုးစုဝင်တွေကို အသက်အရွယ်ပေါ်မူတည်ပြီးတော့ ခေါ်ဝေါတဲ့အခေါ်အဝေါ်မျိုးတွေ ဥပမာ အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်၊ စတဲ့ အသုံအနှုန်းတွေ မရှိကြဘူး။
မိဘနဲ့သားသမီးက စပြီးတော့ မိတ်ဆွေ အပေါင်းအသင်းအားလုံးကို မြန်မာလို့ နင်၊ ငါလို့ အဓိပ္ပာယ်ရတဲ့ ကယန်းအသုံးအနှုန်းနဲ့ ခေါ်ကြတယ်။

ကယန်းအသုံးအနှုန်းတချို့
နား=နင်
ငါး= ငါ
ဖက်ပလာ=အဘိုးကြီး
မိုပလာ=အဘွားကြီး
နာအံဒိတ်ရေ = ထမင်းစားပါတော့

အိမ်မွေးတိရစ္ဆာန်အဖြစ် ကြက်၊ ၀က်၊ မန်ဒါလီတွေ မွေးထားပေမဲ့ ပုံမှန်တောလိုက်ထွက်ကြတယ်။ သားကောင်တွေကတော့ ဂျီ၊ တောင်ဆိတ်၊ တောဝက်၊ မျောက်တွေပေါ့။
အသားတွေကို အခြောက်လှမ်းပြီးတော့ အသားအနေနဲ့သိုလှောင်ကြတယ်။

အမဲလိုက်လက်နက်ကိုတော့ တူးမီးသေနတ်တွေသုံးတယ်။
တူးမီးက တစ်အိမ်ကို တလက်နီးပါး ရှိကြတယ်။

ကယန်းတွေရဲ့ပင်တိုင် အစားအစာကတော့ မုန်ညှင်းအစိမ်းကို ထောင်းပြီးတော့ ၀ါးကျဉ်တောက်ထဲမှာ အချဉ်ဖောက်၊ ပြီးရင် နေပြန်လှန်းထားတဲ့ မုန်ညှင်းပုပ်လို့ခေါ်တဲ့ မုန်ညှင်းခြောက်ကို အသားခြောက်တွေနဲ့ ရောပြုတ်ထားတဲ့ ဆန်ပြုတ်နဲ့ တွဲဖက်စားကြတယ်။
နောက် ... ကယန်းဟင်းလျာတွေက အစပ် အလွန်ကဲပါတယ်။ တခြားဒေသကလူတွေ စားနိုင်ဖို့ခဲယဉ်းတယ်။

ကယန်းအမျိုးသားနေက ဧပြီလ၁၀ ရက်နေ့ပါ။ ဒီလိုမျိုးရက်တွေမှာ ဟောပြောပွဲတွေနဲ့ ကယန်းရိုးရာပဒေသအကတွေ ကကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
 
by 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here