
ရုရှားကလေးတွေကို အမေရိကန်နိုင်ငံသားမှ မွေးစားတာကို တားမြစ်တဲ့ဥပဒေတစ်ရပ်အား ရုရှားနိုင်ငံရဲ့ အထက်လွှတ်တော်က ကန့်ကွက်မဲ့မရှိ သဘောတူလိုက်ကြောင်း သိရပါတယ်။ ဥပဒေကို အတည်ပြုဖို့ ရုရှား
သမ္မတပူတင် ကိုယ်တိုင်ပဲ ဆုံးဖြတ်ဖို့လိုတော့ကြောင်း သိရပါတယ်။ အမေရိကန်က လူ့အခွင့်အရေးချိုးဖော်
တဲ့ ရုရှားနိုင်ငံသားတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ပြီး အမေရိကန်ဗီဇာ ကိုလည်း ပိတ်ပင်ထားတဲ့ အမေရိ
ကန်ရဲ့ ဥပဒေတခုကို တုန့်ပြန်သောအားဖြင့် ယခုလို ရုရှားကလုပ်လိုက်တယ်လို့ ဆိုကြပြီး ပူတင်ရဲ့ ၁၃ နှစ် ကာလအတွင်း အမေရိကန်ကိုဆန့်ကျင်တဲ့ အပြင်းထန်ဆုံးသော ဥပဒေတရပ်ဖြစ်ပါတယ်။ “ကလေးတွေက သူတို့အပေါ် ဂရုစိုက်ချစ်ကြတဲ့ မိသားစုလက်ထဲမှာကြီးပြင်းဖို့ အခွင့်အရေးရှိသင့်ပါတယ်။ သူတို့ရဲ့ကံကြမ္မာတွေကို နိုင်ငံရေးနဲ့လာပြီး ဆွဲယူဆက်စပ်ဖို့ မသင့်ပါဘူး“ ဟု အမေရိကန်အစိုးရမှ ထုတ်ပြန်
ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ Children's Fund အဖွဲ့အစည်းမှလည်း “လက်ရှိရုရှားရဲ့ ပြည့်ကျပ်နေတဲ့မိဘမဲ့ကလေး
များဂေဟာမှာ အခက်အခဲများ ရင်ဆိုင်နေရတဲ့ ကလေးငယ်တွေအတွက် ဦးစားပေးစဉ်းစားပါ။
ကလေးငယ်တွေရဲ့ ကိုယ်တိုင်ဖြစ်ချင်တဲ့ဆန္ဒအတိုင်းသူတို့ဖာသာဆုံးဖြတ်ပါစေ။“လို့ရုရှားအစိုးရကိုတိုက်တွန်း
ထားပါတယ်။
Myanmar1