Friday, December 21, 2012

၂၀၁၂ခုနှစ်၏ မယ်စကြာ ဝဠာဆုကို အမေရိကန် အလှမယ် ရရှိ

0 comments
ဒီဇင်ဘာ(၂၁)

၂၀၁၂ခုနှစ်၏ မယ်စကြာ ဝဠာဆုကို အမေရိကန် အလှမယ် ရရှိ

၂၀၁၂ ခုနှစ်၏ မယ်စကြာ ဝဠာဆုအား အမေရိကန် အလှမယ် အိုလီဗီယာ ကာလ်ပိုက ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။အသက်၂၀ အရွယ်ရှိ အိုလီဗီယာလ်ပိုသည် ရိုဒ့်အိုင်လန် ပြည်နယ် ခရန်စတန်မြို့မှ ဖြစ်ပြီး သူမ၏ မိဘ နှစ်ပါးမှာ ဂီတ ပညာရှင်များ ဖြစ်သည်။
ကာလ်ပိုနှင့် မောင်နှမများအား မိဘများက ငယ်စဉ်ကတည်းက ဂီတတူရိယာ ပစ္စည်းမျိုးစုံကို တီးခတ် နိုင်အောင် သင်ကြား ပေးခဲ့သည်။ကာလ်ပိုသည် တယောအကြီးစားကို တီးခတ်ရာတွင် ကျွမ်းကျင်သူဖြစ်ပြီး အနုပညာ လောကတွင် ထွန်းတောက် သည့် ကြယ်တစ်ပွင့် ဖြစ်လာရန်မှာ သူမ၏ အိမ်မက်ဖြစ်သည်။

၂၀၁၂ခုနှစ် မယ်စကြာဝဠာပြိုင်ပွဲ၌ 1st runner up ဆုကို ဖိလစ်ပိုင် အလှမယ် ဂျနိုင်း တူဂိုနန် က လည်းကောင်း၊ 2nd runner up ဆုကို ဗန်နီဇွဲလား အလှမယ် အီရီနီ ဆိုဖီယာ အက်စ်ဆာ ကွင်တီရိုက လည်းကောင်း၊ 3rd runner up ဆုကို သြစတြေလျ အလှမယ် ရီနေးအေးရစ်က လည်းကောင်း၊ 4th runner up ဆိုကို ဘရာဇီးအလှမယ် ဂါဘရီလီမား ကက်စ်တို့က အသီးသီး ရရှိခဲ့သည်။
 
မြ၀တီ
Read more...

ကျိုက်ထီးရိုး ဘုရားဖူးများ ကြောက်လန့်နေရတဲ့ KNU အဖွဲ့

0 comments
ဒီဇင်ဘာ(၂၁)

မွန်ပြည်နယ် ကျိုက်ထိုမြို့အနီးမှာ တည်ရှိတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဆိုရင် မြန်မာနိုင်ငံသား အားလုံး မသိတဲ့ လူမရှိသလို ကမ္ဘာ အရပ်ရပ်က စိတ်ဝင်တစားလာပြီး ဖူးမြော် ကြတဲ့ သူတွေလည်း အများကြီးပါ။ ဒီအတွက်ကြောင့်လည်း ကျွန်တော်တို့ မြန်မာလူမျိုးတွေ အတွက် ဂုဏ်ယူစရာ ဖြစ်ရပါ တယ်။ ဒါပေမယ့် KNU အောက်ခြေအဖွဲ့ဝင်တွေရဲ့ အရှက်မရှိ လုပ်ရပ်ကြောင့် တစ်နိုင်ငံလုံး ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းခဲ့ရ ပါတယ်။ 

ဖြစ်ပုံက ဒီဇင်ဘာလ(၁၄)ရက်နေ့မှာ ထိုင်ဝမ် အမျိုးသား (၂)ဦးနဲ့ အမျိုးသမီး(၂)ဦး ဘုရားဖူးပြီးတောင်အောက်ကို ပြန်ဆင်းလာတဲ့ကား ကို ကမ်းဘဲခေါင်းဆောင်တဲ့ KNU လက်နက် ကိုင်(၈)ဦးကတားပြီး ကားသမားဆီက ငွေ(၇)သိန်း အတင်းအဓမ္မ တောင်းယူ သွားခဲ့ပါတယ်။ ဒီလို နိုင်ငံခြားသား ဘုရားဖူးတွေရှေ့မှာ ဆက်ကြေးတောင်းသွားတဲ့ KNU အဖွဲ့ရဲ့ မသတီစရာလုပ်ရပ်ကို ပြည်သူ တစ်ယောက်အနေနဲ့ လက်မခံနိုင်ပါဘူး၊ ရိုင်းရိုင်းပဲ ပြောမယ်ဗျာ “မရှိလို့တောင်းစားတဲ့ သူတောင်းစား ဆိုရင် အလှူငွေထည့်ပေးလိုက်မယ်။ ဘုရားနားမှာ  ငွေတောင်း တာတော့ အရမ်းကို ရှက်ဖို့ ကောင်းတယ်” ဒီလို လုပ်ချင်တိုင်းလုပ်နေရအောင် KNU အဖွဲ့အစည်းမှာ ခေါင်းဆောင်တွေ၊ ကြီးကြပ်သူတွေ မရှိတော့ဘူးလား။ အရင်က အကျင့်တွေ မဖျောက်နိုင်သေးဘူးလား၊ လက်နက်အားကိုးနဲ့ အနိုင်ကျင့် ဆက်ကြေးတောင်းတဲ့ ကိစ္စတွေရပ်သင့်နေပြီ။ ဒီထက် ပိုဆိုးလာရင်တော့ စစ်တပ်ကလည်း ကြည့်နေမှာ မဟုတ်ဘူး။ ဒီလိုပုံစံမျိုးတွေနဲ့ဆိုရင် ငြိမ်းချမ်းရေးကရော တာရှည်ခံပါ့မလား။ အပစ်အခတ်ရပ်စဲရေး ကရောဘယ်လောက် အထိခံမှာလဲ။ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဒီလိုအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုယူပြီး စည်းမဲ့ ကမ်းမဲ့ ထင်ရာစိုင်းနေကြရင် ကျွန်တော်တို့ ပြည်သူတွေက ဘာကိုသွား ယုံကြည်ရမှာလဲ။

ကျွန်တော်တို့ ကျိုက်ထိုမြို့နယ် တစ်ဝိုက်က ဒေသခံတွေဟာ ဘုရားဖူးပြည်သူတွေကို အဓိက ထားပြီး လုပ်ကိုင်စားသောက်နေကြတာပါ။ ကျိုက်ထီးရိုးအမှတ်တရ ပစ္စည်းရောင်းတာတွေ၊ ထမ်းပိုး သယ်ပို့တဲ့ အလုပ်တွေ၊ ကားငှားတဲ့လုပ်ငန်းတွေနဲ့ ရပ်တည်လုပ်ကိုင်နေကြတာပါ။ KNU အဖွဲ့က အခုလို ရမ်းကားနေတော့ ဘုရားဖူးလာတဲ့ ဧည့်သည်တွေကို စိတ်အနှောက်အယှက်ဖြစ်စေသလို ကျွန်တော်တို့လို ရိုးသားစွာ စီးပွားရှာ တဲ့ သူတွေအတွက်လည်း အများကြီးထိခိုက်နိုင်ပါတယ်။ သာသနာပိုင်မြေထဲမှာတောင် ဓါးပြတိုက်၊ ဆက်ကြေး တောင်းနေတဲ့ နိုင်ငံဆိုပြီး တစ်ခြားနိုင်ငံတွေက ပြောလာပါလိမ့်မယ်။ KNU အဖွဲ့ခေါင်းဆောင်တွေကတော့ အရေးကြီး အစည်းအဝေးတွေလုပ်ပြီး ငြိမ်းချမ်းရေး ရဖို့  ဆွေးနွေးနေ တဲ့ အချိန်မှာ လက်အောက်က တပည့်တွေကတော့ ပြည်သူလူထုကို လက်နက်အားကိုးနဲ့ အနိုင်ကျင့် ဆက်ကြေးတောင်းနေကြတယ်။ KNU ခေါင်းဆောင်ပိုင်းအနေနဲ့   လက်အောက်ကို ကြပ်မတ်ကွပ်ကဲမှု မရှိ တော့ဘူးလားလို့ မေးချင်ပါတယ်။

အခု KNU လက်အောက်ငယ်သားတွေရဲ့လုပ်ရပ်ဟာ သူခိုး၊ ဓါးပြတွေလိုဖြစ်နေပါပြီ။ နိုင်ငံခြားသား ဘုရားဖူးတွေသိသွားပြီး နိုင်ငံနဲ့လူမျိုး ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ရတော့ မယ်။ နိုင်ငံခြားသား ဧည့်သည် တွေကတော့ KNU တွေ KNDO တွေမသိဘူးလေ။ မြန်မာနိုင်ငံလို့ပဲ သိတာ။ ကမ်းဘဲခေါင်းေ ဆာင်တဲ့ KNU အဖွဲ့က နိုင်ငံခြားသား ဘုရားဖူးတွေစီးလာတဲ့ ကားကိုဆက်ကြေး ကောက်ရုံ တင်မက ဘူး၊ တောင်တက် မော်တော်ယာဉ် အသင်းက ကား(၁)စီးကို (၅)သိန်းနှုန်း ပေးရမယ် လို့ လည်း ပြောသွားခဲ့ပါသေးတယ်။ ဒီလိုပဲ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ ဖြစ်နေကြမယ်ဆိုရင်တော့ ကျွန်တော်တို့ မွန်ပြည်နယ်အတွက်ရော ကျိုက်ထီးရိုး ဘုရားဖူးပြည်သူတွေအတွက်ပါ ရင်လေးစရာပါပဲ..

အမေ့အိမ်
Read more...

ရပ်စောက်မြို့နယ် သံဃာ့နာယက အဖွဲ့ ဒုဥက္ကဋ္ဌ ဆရာတော် ပျံလွန်တော်မူ

0 comments


ဒီဇင်ဘာ(၂၁)

 ဆရာတော်၏ ဒါယကာ၊ ဒါယကာမများဝမ်းနည်းနေကြပုံ

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့မှ မြို့နယ်သံဃနာယကအဖွဲ့ ဒုဥက္ကဋ္ဌ လေသာကျောင်းတိုက်ဆရာတော် သည် ပုဂံ-ညောင်ဦး သို့ ဘုရားဖူး ထွက်လာစဉ် ဒီဇင်ဘာလ(၁၇)ရက်နေ့ ညနေပိုင်းမှာ ရမည်းသင်းမြို့အထွက် တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ပျံလွန်တော်မူသွားကြောင်း သိရပါတယ်။

ဆရာတော်ရဲ့ ဘွဲ့အမည်ကတော့ ဘဒ္ဒ န္တ၀ိဇယ(ကမ္မဌာနစရိယ)ဖြစ်ပြီး သက်တော်(၃၈)နှစ်နဲ့ ၀ါတော်(၁၇)၀ါ ဖြစ်ပါတယ်။ ဆရာတော်လိုက် လာတဲ့ ဘုရားဖူးယာဉ်ကတော့ လိုက်ထရက်အဖြူရောင်ဖြစ်ပြီး ယာဉ်မောင်း သာဦး မောင်းနှင်တာပါ။ ရမည်းသင်းမြို့ အထွက်မှာ ရှေ့ကကား ကို ကျော်တက်ရင်း (၁၀)ဘီးကားနဲ့ မျက်နှာချင်းဆိုင်တိုက်မိတာပါ။ ဆရာတော်က ရှေ့ခန်းက ထိုင်တာဆိုတော့ ဘယ်နံရိုးကျိုးကြေ၊ဦးခေါင်းခွံကွဲ ဒဏ်ရာတွေနဲ့ ပွဲချင်းပြီး ပျံလွန်တော်မူသွားတာပါ။ ကျွန်တော်တို့လည်း ဆရာတော် ရုပ်ကလပ်ကို ရပ်စောက်မြို့ ကို ပြန်ပြီး ပင်ဆောင်လာခဲ့ ပါတယ် လို့ ဘုရားဖူးအတူပါသွားသူ ဒါယကာတစ်ယောက်မှ ပြောပြပါတယ်။

ဆရာတော်အတွက် ရပ်စောက်မြို့ခံပြည်သူတွေအားလုံးက ၀မ်းနည်းနေကြပြီး ဒါယကာ၊ ဒါယကာမများမှ လည်း ယူကြုံးမရ ဖြစ်နေရပါတယ်။ ရပ်စောက်မြို့နယ်သံဃနာယကအဖွဲ့ကနေ ဦးစီးပြီး ဆရာတော်ရဲ့ ရုပ်ကလပ်ကို ဒီဇင်ဘာလ(၂၄)ရက်နေ့မှာ မီးသဂြိုလ်သွားမည်လို့လည်း သိရပါတယ်။ ယာဉ်တိုက်မှုအတွက် ယာဉ်မောင်း သာဦးကိုတော့ ရမည်းသင်းရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ ရပ်စောက်မြို့မှ ဒေသခံ တစ်ဦးက ပြောပြသွားပါတယ်။
 

Read more...

ထိုင်းနိုင်ငံ ကြည်းတပ်သင်တန်းကျောင်းမှ စစ်သည်များ တာချီလိတ်ဈေးသို့ လာရောက်လည်ပတ်

0 comments


ဒီဇင်ဘာ(၂၁)



တာချိလိတ်မြို့ တာလော့ဈေးရှေ့မှသင်တန်းသားများ



ရှမ်းပြည်နယ် အရှေ့ပိုင်း တာချိလိတ်မြို့ တာလော့ဈေးကို ထိုင်းနိုင်ငံ ကြည်းတပ်စစ်အင်အားဖြည့်တင်းရေး သင်တန်းကျောင်းမှ နည်းပြဆရာ များနဲ့ သင်တန်းသားများက ဒီဇင်ဘာလ(၁၉)ရက်နေ့ နေ့လည်ပိုင်းမှာ အလည် အပတ်လာရောက်ပြီး လေ့လာသွားတယ်လို့ သိရပါတယ်။

လာရောက်လည်ပတ်တဲ့ သင်တန်းသားတွေကတော့ ထိုင်းနိုင်ငံကြည်းတပ်စစ်သည်အင်အားဖြည့်တင်းရေး ကျောင်းမှ သင်တန်းနည်းပြတွေနဲ့ သင်တန်းသားတွေဖြစ်ပြီးတော့ စုစုပေါင်း(၉၇)ဦး ဖြစ်ပါတယ်။ ၄င်းအဖွဲ့ဟာ အလည်အပတ်မလာရောက်ခင် (၁)ပတ်ခန့်အလိုထဲက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်မှာရှိတဲ့ မြန်မာ - ထိုင်း နယ်ခြားကော်မတီကို အကြောင်းကြားအသိပေးထားတယ်လို့ သိရပါတယ်။ သင်တန်းသားတွေပါဝင်တဲ့ ကား(၃)စီးဟာ မယ်ဆိုင်မြို့ကနေတစ်ဆင့် တာချီလိတ်မြို့ထဲကို အမှတ်(၁)ချစ်ကြည်ရေးတံတားကနေ ၀င် လာခဲ့ပြီး (၁)နာရီကျော်ကြာအောင် တာလော့ဈေးထဲမှာ ကြည့်ရှုလေ့လာသွားတယ်လို့ တာလော့ဈေးမှ ဒေသခံများက ပြောပြပါတယ်။



အမှတ်(၁)ချစ်ကြည်ရေးတံတားမှဝင်ရောက်လာသော သင်တန်းသားများ


၎င်းအဖွဲ့ဟာ မြန်မာနိုင်ငံကိုသာမကဘဲ အခြားအာဆီယံနိုင်ငံများသို့လည်း အလည်အပတ်သွားဖို့ရှိတယ်လို့ မယ်ဆိုင်မြို့ မြို့နယ်အဆင့် နယ်ခြားကော်မတီက ပြောပြသွားပြီး သင်တန်းသားများနဲ့အဖွဲ့ဟာ တာချီလိတ်မြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ထိုင်းနိုင်ငံဘက် ကို ပြန် ထွက်သွားတယ်လို့ သိရပါတယ်။
 
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here