Thursday, January 3, 2013

ကချင်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလစိုးရိမ်

0 comments
ဇန်န၀ါရီလ  ၃


Photo: ကချင်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလစိုးရိမ်
 Tursday, January 03, 2013 

မြန်မာနိုင်ငံ ကချင်ပြည်နယ် အတွင်း အစိုးရတပ်တွေ က လေကြောင်း
ပစ်ကူတွေနဲ့ တိုက်ခိုက်နေတဲ့သတင်းတွေ ကြားသိရတဲ့အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က မနေ့က ပြောလိုက်ပါတယ်။

ကုလသမဂ္ဂ ပြောခွင့်ရသူ မာတင် နဆာကီ က ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သတင်းတွေ ထွက်ပေါ်လာနေဆဲဖြစ်
သလို၊ အနီးကပ်စောင့်ကြည့်နေဆဲလည်း ဖြစ်ပါတယ်၊ ဒီအတွင်း မြန်မာ
အာဏာပိုင်တွေအနေနဲ့ ဒေသတွင်းပြည်သူတွေအတွက် အသက်အန္တရာယ်
ရှိတဲ့၊ ဒေသတွင်း ပဋိပက္ခတွေ ပိုပြီးပြင်းထန်သွားမယ့်ဘယ်လိုဆောင်ရွက်
ချက်မျိုးကိုမှမလုပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က တိုက်တွန်းလိုက်
ပါတယ် လို့ ပြောကြားခဲ့ပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ အစိုးရဟာ ၁၉၈၈ခုနှစ်
 ပြည်သူ့ဒီမိုကရေစီတောင်းဆိုလှုပ်ရှားမှုကြီး နောက်ပိုင်း ၁၇နှစ်ကြာ အပစ်အခတ်ရပ်စဲထားခဲ့ရာကစစ်ရေးပဋိပက္ခတွေပြန်ဖြစ်လာခဲ့တာ နှစ်နှစ်နီး
ပါးရှိခဲ့ပြီဖြစ်ပါတယ်။ 

လက်ရှိပဋိပက္ခတွေကြောင့် ဒေသခံလူထုတွေအများအပြား နေရပ်စွန့်
ထွက်ပြေးခဲ့ကြရပြီး အကူအညီတွေလိုအပ်နေပါတယ်။ ဒုက္ခသည်တွေဆီကို အကူအညီတွေ အချိန်မီ ရောက်ရှိနိုင်ရေးဟာ အရေးကြီးနေပါတယ် လို့လည်း ကုလသမဂ္ဂပြောခွင့်ရသူ မာတင်နဆာကီ က ပြောပါတယ်။

RFA
မြန်မာနိုင်ငံ ကချင်ပြည်နယ် အတွင်း အစိုးရတပ်တွေ က လေကြောင်းပစ်ကူတွေနဲ့တိုက်ခိုက်နေတဲ့သတင်း

တွေ ကြားသိရတဲ့အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က မနေ့က
 ပြောလိုက်ပါတယ်။

ကုလသမဂ္ဂ ပြောခွင့်ရသူ မာတင် နဆာကီ က ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးအသေး

စိတ်သတင်းတွေ ထွက်ပေါ်လာနေဆဲဖြစ်သလို၊ အနီးကပ်စောင့်ကြည့်နေဆဲလည်း ဖြစ်ပါတယ်၊ဒီအတွင်း
 မြန်မာအာဏာပိုင်တွေအနေနဲ့ ဒေသတွင်းပြည်သူတွေအတွက် အသက်အန္တရာယ်ရှိတဲ့၊ ဒေသတွင်းပဋိပက္ခ
တွေပိုပြီးပြင်းထန်သွားမယ့်ဘယ်လိုဆောင်ရွက်ချက်မျိုးကိုမှမလုပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကတိုက်
တွန်းလိုက်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော်KIAနဲ့အစိုးရဟာ၁၉၈၈ခုနှစ်ပြည်သူ့ဒီမိုကရေစီတောင်းဆိုလှုပ်ရှားမှုကြီး

 နောက်ပိုင်း ၁၇နှစ်ကြာ အပစ်အခတ်ရပ်စဲထားခဲ့ရာကစစ်ရေးပဋိပက္ခတွေပြန်ဖြစ်လာခဲ့တာ နှစ်နှစ်နီးပါးရှိ
ခဲ့ပြီဖြစ်ပါတယ်။

လက်ရှိပဋိပက္ခတွေကြောင့် ဒေသခံလူထုတွေအများအပြား နေရပ်စွန့်ထွက်ပြေးခဲ့ကြရပြီး အကူအညီတွေ

လိုအပ်နေပါတယ်။ ဒုက္ခသည်တွေဆီကို အကူအညီတွေ အချိန်မီ ရောက်ရှိနိုင်ရေးဟာ အရေးကြီးနေပါတယ် လို့လည်း ကုလသမဂ္ဂပြောခွင့်ရသူ မာတင်နဆာကီ က ပြောပါတယ်။

RFA

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here