
ကမ္ဘော ဒီးယား နိုင်ငံသည် မဲခေါင်
မြစ်ဝှမ်း အတွင်း လင်းပိုင်များ ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို
လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
မဲခေါင်
မြစ်ဝှမ်းရှိ နောက်ကျိသော ရေပြင်တွင် မကြာ သေးမီက ဆွဲတင်ခဲ့သော
ပိုက်ကွန်ရာ များကို တွေ့ရှိ ခဲ့ကြောင်း၊ မြစ်ဝှမ်းအတွင်း ငါးဖမ်းခြင်း
လုပ်ငန်းများကို တားမြစ်ထား သော်လည်း ယင်းကဲ့သို့ ပြု လုပ်ခြင်းကြောင့်
ပိုက်ကွန်အတွင်း လင်းပိုင် အများအပြား မိ၍ သေဆုံးခဲ့ရ ခြင်းဖြစ်ကြောင်း
မဲခေါင်မြစ် စောင့်ဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ပက်ရှ်ဆော့ခ် ဟန်က
ပြောကြား ခဲ့သည်။
မိမိတို့
အနေဖြင့် ပြည်သူများကို နေ့စဉ် ပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်
ရှိကြောင်း မဲခေါင်မြစ်ဝှမ်း အတွင်း လင်းပိုင်များ ထိခိုက်ဒဏ်ရာ
ရနိုင်သည့် ဆောင်ရွက်မှုများကို စောင့် ကြည့် လေ့လာ လျက် ရှိသော လက်နက်
တပ်ဆင်ထားခြင်း မရှိသည့် မြစ်စောင့် တပ်ဖွဲ့ဝင် ၇၇ ဦး အနက် တပ်ဖွဲ့ဝင်
တစ်ဦးဖြစ်သူ ပက်ရှ်က ပြောကြားသည်။
ဆန်ခါ
ပိုက်ကွန်အတွင်း လင်းပိုင်များ အချိန်ကြာမိ နေမှုကြောင့် အရွယ်ရောက်
လင်းပိုင်များ သေဆုံးရ သည့် အဓိက အကြောင်းအရင်း ဖြစ်ကြောင်း၊ နှုတ်သီး
ချွန်မီးခိုးရောင် လင်းပိုင် များသည် မဲခေါင်မြစ် အတွင်း မျိုးသုဉ်း
ပျောက်ကွယ် တော့မည့် အခြေအနေနှင့် ရင်ဆိုင် နေရသည်ဟု ကျွမ်းကျင်
ပညာရှင်များက ပြောကြား ခဲ့သည်။ မဲခေါင်မြစ် အတွင်းရှိ ဧရာဝတီ အရွယ်ရောက်
လင်းပိုင် များသည် ခန့်မှန်းခြေ အားဖြင့် ကောင်ရေ ၈၅ကောင်မှ အကောင် ၁၈ဝ
အထိသာ ကျန်ရှိပြီး နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က
အဆိုပါ လင်းပိုင် မျိုးစိတ်များသည် မျိုးသုဉ်း ပျောက်ကွယ် တော့မည့် အခြေ
အနေနှင့် ရင်ဆိုင်နေရ ကြောင်း ပြောကြား ခဲ့သည်။
လင်းပိုင်များ
တစ်စတစ်စ လျော့နည်း လာမှုမှာ သေဆုံးမှုနှုန်း မြင့်မားခြင်း၊ သားပေါက်ရာ
နေရာနှင့် နေထိုင် ကျက်စားရာ နေရာများ ဆုံးရှုံးခြင်း တို့ကြောင့် ဖြစ်သည်။
သို့သော်လည်း ပိုက်ကွန်များဖြင့် ငါးဖမ်းမှုသည် လင်းပိုင်ကောင်ရေ
လျော့နည်း လာခြင်း၏ အကြီးမားဆုံး ခြိမ်းခြောက်မှု တစ်ခု ဖြစ်ကြောင်း WWF
အဖွဲ့မှ ဂေါ်ဒွန် ကောင်ဒွန်က ပြောကြားခဲ့သည်။
မြ၀တီ