ဇန်န၀ါရီလ ၃

တရုတ် နိုင်ငံ အတွင်းသို့ ရွှေမှုန့်
ပမာဏ အများ အပြားကို မှောင်ခို တင်သွင်းရန် ကြိုးပမ်းခဲ့သည့် အမျိုးသား
တစ်ဦးကို ရုရှား- တရုတ် နယ်စပ်တွင် ဆိုက်ဘေးရီးယား ရဲတပ်ဖွဲ့က
ဖမ်းဆီးခဲ့ကြောင်း ရုရှား ပြည်ထဲရေး ဝန်ကြီး ဌာနက ထုတ်ဖော် ပြောကြားခဲ့သည်။
အဆိုပါ
အမျိုးသားကို ဆိုက်ဘေးရီးယား အရှေ့ပိုင်း မာဘိုင် ခါလက်စ်ခ် စစ်ဆေးရေး
ဂိတ်တွင် ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
မာဘိုင်ခါ လက်စ်ခ် စစ်ဆေးရေး ဂိတ်မှ ရဲတပ်ဖွဲ့ဝင် များသည် ၎င်း အမျိုးသား
မောင်းနှင် လာသော တိုယိုတာ ကားကို စစ်ဆေးမှုများ ပြုလုပ်နေစဉ် အတွင်း
အမေရိကန် ဒေါ်လာ ၄၄ဝဝဝဝ တန်ဖိုးရှိ ရွှေမှုန့် ပမာဏ ၇၅ ကီလိုကို ရှာဖွေ
တွေ့ရှိခဲ့ ပြီးနောက် သိမ်းဆည်း ခဲ့ကြောင်း ဝန်ကြီး ဌာနက ပြောကြား ခဲ့သည်။
ထို့ပြင် ၎င်း ဒေသတွင် ပြီးခဲ့သည့် သီတင်းပတ် ကလည်း ရွှေမှုန့် ပမာဏ ၁၂
ကီလိုကို မှောင်ခို တင်သွင်းရန် ကြိုးပမ်းခဲ့သည့် အမျိုးသား တစ်ဦးကို
အာဏာပိုင် များက ဖမ်းဆီး ခဲ့ကြောင်း သိရသည်။
မြ၀တီ