နိုင်ငံတော် အတွက် လိုအပ်လျက် ရှိသော
လျှပ်စစ် ဓာတ်အားကို ပြည့်မီစွာ ဖြန့်ဖြူး ပေးနိုင်ရေး အတွက် ပြည်တွင်း/
ပြည်ပမှ ရင်းနှီး မြှုပ်နှံလိုသူများအား ဖိတ်ခေါ်၍ ကာလတို၊ ကာလရှည်
စီမံချက်များ ရေးဆွဲ ကာ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။
လက်ရှိ
ကာလတွင် မြစ်ကြီးနားမြို့သို့ လျှပ်စစ်ဓာတ်အား (၁ဝ ဒသမ ၅ မဂ္ဂါဝပ်)ကို
ဖြန့်ဖြူး ပေးလျက်ရှိရာ မလိ ရေအားလျှပ်စစ် စက်ရုံ(၁)ရုံမှ စက်တပ်ဆင်အား (၃
ဒသမ ၅ x ၃ = ၁ဝ ဒသမ ၅ မဂ္ဂါဝပ်)ဖြင့် ဘူးခါး ကုမ္ပဏီက တာဝန်ယူ မောင်းနှင်
ထုတ်လုပ်ဖြန့်ဖြူး ပေးလျက်ရှိပြီး ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁ဝ
နာရီက သောင်းကျန်းသူများ၏ ဖျက်ဆီးမှုကြောင့် မြစ်ကြီးနားမြို့နှင့်
ဝိုင်းမော်မြို့သို့ ဆက်သွယ်ထားသော ၆၆ကေဗွီ ဓာတ်အားလိုင်း ပြတ်တောက်
ပျက်စီး သွားခဲ့ရာမှ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့သို့
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ပြတ်တောက် ခဲ့ရသည်။ ထို့အပြင် သောင်းကျန်းသူ
များက ဒီဇင်ဘာ ၃၁ ရက် ည ၈ နာရီ မိနစ် ၂ဝက ချီဖွေငယ် ရေအားလျှပ်စစ် စက်ရုံ
(စက်တပ်ဆင်အား ၉၉ မဂ္ဂါဝပ်)မှ ဝါရှောင်- ဝိုင်းမော်သို့
သွယ်တန်းထားသော ၁၃၂ ကေဗွီ ဓာတ်အားလိုင်းအား ဝိုင်းမော်မြို့နယ် မန်ဝိန်း
ကျေးရွာအနီး တာဝါတိုင် အမှတ် (၁၇၉)၏ အောက်ခြေအား မိုင်းသုံး လုံးကပ်၍
ဖောက်ခွဲ ခဲ့ခြင်းကြောင့် တာဝါတိုင်မှာ (၇ဝ ဒီဂရီ)ခန့် ယိုင်နဲ့ ပျက်စီး
သွားခဲ့ရာ လုံခြုံရေး အခြေအနေ အပေါ် မူတည်၍ အမြန်ပြင်ဆင် ဓာတ်အား
ဖြန့်ဖြူးပေးနိုင်ရေး စီမံ ဆောင်ရွက်လျက် ရှိသည်။
မြ၀တီ