Friday, January 4, 2013

ဆီးရီးယား နိုင်ငံတွင် ပဋိပက္ခများ ပိုမိုပြင်းထန်၊ ၂၂ လအတွင်း လူပေါင်း ၆ဝဝဝဝ ကျော် သေဆုံး

0 comments
ဇန်န၀ါရီလ  ၎

 ဆီးရီးယား နိုင်ငံတွင် ပဋိပက္ခများ ပိုမိုပြင်းထန်၊ ၂၂ လအတွင်း လူပေါင်း ၆ဝဝဝဝ ကျော် သေဆုံး


ဆီးရီးယား နိုင်ငံတစ်ဝန်း ဖြစ်ပွား လျက်ရှိသော စစ်ပွဲများသည် ဇန်နဝါရီ  ၂ ရက်တွင် ပို၍ ပြင်းထန်သော အနေအထားသို့ ရောက်ရှိလျက် ရှိကြောင်း သိရသည်။

နိုင်ငံနေရာ အနှံ့အပြားတွင် ဗုံးဆန်ခွံများ ပြန့်ကျဲလျက် ရှိပြီး နိုင်ငံ မြောက်ပိုင်းရှိ စစ်ဘက်ဆိုင်ရာ လေဆိပ် တစ်ခု၌ ဖြစ်ပွားသော စစ်ပွဲမှာလည်း လွန်စွာ  ပြင်းထန်ကြောင်း သိရသည်။

၂၂ လကြာမြင့်ပြီ ဖြစ်သော အဆိုပါ စစ်ပွဲ၏ နောက်ဆက်တွဲ အကျိုးဆက် အဖြစ် လူပေါင်း ၆ဝဝဝဝ ကျော် သေဆုံး ခဲ့ပြီး ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြား ထားသည်။

သမ္မတ ဘာရှာအယ်လ် အာဆတ် ဖြုတ်ချရေး အတွက် တိုက်ပွဲ ဝင်လျက် ရှိသော   အတိုက်အခံ တပ်ဖွဲ့များနှင့် အတူ သြစတြေးလျ နိုင်ငံသား တစ်ဦး သည်လည်း နိုင်ငံ အနောက် မြောက်ပိုင်း၌ ဖြစ် ပွားသော တိုက်ခိုက်မှုတွင် သေဆုံး ခဲ့ရသည်ဟု လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ဇန်နဝါရီ ၂ ရက်တွင် ပြောကြားထားသည်။

ဆီးရီးယား နိုင်ငံအတွင်း ဖြစ်ပွားလျက် ရှိသည့် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ သြစတြေးလျ အစိုးရသည် အာဆတ် အစိုးရအား  ပြစ်တင် ရှုတ်ချခဲ့ပြီး ဆီးရီးယား သံအမတ်ကိုလည်း  နိုင်ငံ အတွင်းမှ နှင် ထုတ်ခဲ့ကြောင်း သိရသည်။

လက်နက်ကိုင် တပ်ဖွဲ့များသည် ဇန်နဝါရီ ၂ရက် အစောပိုင်းတွင် အီဒလစ် ပြည်နယ် အနောက် မြောက်ပိုင်းရှိ စစ်ဘက်ဆိုင်ရာ လေဆိပ် တစ်ခုအား တိုက်ခိုက် ခဲ့ကြကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို အစိုးရ တပ်ဖွဲ့ဝင် များက ပြန်လည် တွန်းလှန် တိုက်ခိုက် ခဲ့ကြခြင်းဖြစ် ကြောင်း၊ လူပေါင်း များစွာ သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူများလည်း အမြောက် အမြားရှိကြောင်း ဒေသတွင်း ရုပ်သံဌာန တစ်ခုက ပြောကြား ထားသည်။
မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here