ဇန်န၀ါရီလ ၎
ယမန်နေ့ကစတင်သော ကျားဖြူပါတီ၏ ဒုတိယအကြိမ်မြောက် ညီလာခံအား ယနေ့ ဂျန္နဝါရီ ၃
ရက် ညနေ
ပိုင်းက သဘောထား ကြေငြာချက် ၆ ချက်ထုတ်ပြန်ကာ အစည်းအဝေးအဆုံးသတ်
လိုက်ကြောင်း သိရပါ
သည်။
ထုတ်ပြန်ကြေငြာချက်များအား ပါတီ၏ဒုဉက္ကဌ ဦးစိုင်းဆောင်ဆီက ဖတ်ကြားပေးခဲ့သည်ဟု သိရ ပါသည်။
ထုတ်ပြန်ကြေငြာချက် ၆ ချက်မှာ -
သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၏ ဒုတိယအကြိမ်မြောက် ပါတီညီလာခံမှထုတ်ပြန်
ကြေငြာသော ပါတီ၏သဘောထား
ရက်စွဲ- ၃ ဇန်နဝါရီ ၂၀၁၃
1-ကချင်ပြည်နယ်အတွင်းလက်နက်ကိုင်ပဋိပက္ခများ
ဆက်လက်ဖြစ်ပွါးနေသောကြောင့် အပစ်ရပ်တိုင်းရင်း သားပြည်သူအမြောက်အများ
အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေကြရပါသည်။ ထို့ကြောင့် သက်ဆိုင်သည့် နှစ်ဘက်
စလုံးမှ အပစ်အခတ်ချက်ချင်းရပ်ဆိုင်းရန်တောင်းဆိုသည်။
2-စစ်မှန်သော
ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် သျှမ်းတိုင်းရင်းသားများဒီမို
ကရက်တစ် ပါတီမှ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်သွားမည်။
3-တနိုင်ငံလုံး
သားစဉ်မြေးဆက်အမွေဆက်ခံနိုင်သည့် ခိုင်မြဲသော ပြည်တွင်းငြိမ်းချမ်းရေး
အမှန်တကယ် ရရှိစေရန်အတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှုကို
အမြန်ဆုံးဆောင်ရွက်ပါရန် ပြည်ထောင်စုအစိုးရနှင့်သက်
ဆိုင်
ရာအဖွဲ့အစည်းများ
အားလုံးသို့ အလေးအနက်တိုက်တွန်းသည်။
4-လူနည်းစုတိုင်းရင်းသားများ၏
အခွင့်အရေးတို့ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပြဌာန်းနိုင် ရေးအတွက်
တိုင်းရင်းသားပါတီများအားလုံးပူးပေါင်း ဆောင်ရွက်မည်။
5-
အချိုးကျကိုယ်စားလှယ်စနစ် PR System အား ၂၀၁၅
ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် လက်ခံကျင့် သုံးရန် မသင့်လျော်သေးသဖြင့်
လုံးဝ လက်မခံနိုင်ပါ။
6- သျှမ်းတိုင်းရင်းသားမျိုးနွယ်စုများအားလုံး
တောင့်တလျက်ရှိသည့် ညီညွတ်သော သျှမ်းတိုင်း ရင်းသား နိုင်ငံရေးပါတီများ
United Shan Political Parties ပေါ်ပေါက်လာရေးကို အလေးအနက်အဆိုပြု
ထောက်ခံ
သည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
သျှမ်းသံတော်ဆင့်
Friday, January 4, 2013
Subscribe to:
Post Comments (Atom)