အမေရိကန်စစ်တပ်အတွင်း မိမိကိုယ်ကို မိမိသေကြောင်းကြံစည်မှု
ပိုမိုများပြားလာပြီး ယမန်နှစ်အတွင်း ၃၄၉ ကြိမ်အထိ
စံချိန်တင်မြင့်တက်ခဲ့ကြောင်း AP က ဖော်ပြသည်။
ထိုပမာဏမှာ ၂၀၁၂ ခုနှစ်အတွင်း အာဖဂန်နစ္စတန် စစ်မြေပြင်တွင် သေဆုံးခဲ့သည့် တပ်ဖွဲ့ဝင် အရေအတွက် ၂၉၅ ဦးထက် ပိုမိုများပြားပြီး ၂၀၁၁ ခုနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ၃၀၁ ကြိမ်ထက်လည်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
အချို့သောကျွမ်းကျင်သူများကမူယခုနှစ်အတွင်းတွင်လည်းအမေရိကန်စစ်တပ်အတွင်း သေကြောင်းကြံစည်မှုများ

ပိုမိုဖြစ်ပွားလာနိုင်ကြောင်း ခန့်မှန်းပြောကြားသည်။