Friday, December 13, 2013

လွှတ်တော်ကော်မတီ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ပြင်ဆင်နိုင်သည့် အနေအထားကို စောင့်ကြည့်ပြီးမှသာ UNFC နှင့် UNA တို့၏ ဖွဲ့စည်းပုံမူကြမ်းအပြီးသတ်ရေး ဆုံးဖြတ်မည်

0 comments
13.12.2013

လွှတ်တော် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီနှင့် ပြည်တွင်းအဖွဲ့အစည်းများ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ် ပြင်ဆင်နိုင်သည့်အနေအထားများကို စောင့်ကြည့်ပြီးမှသာ UNFC နှင့် UNA တို့ရေးဆွဲနေသော ဖွဲ့စည်းပုံမူကြမ်း အပြီး သတ်ရေးဆုံးဖြတ်သွားမည်ဟု အဆိုပါမူကြမ်းရေးဆွဲရေးအဖွဲ့ခေါင်းဆောင်နှင့် UNFC တွဲဖက်အတွင်းရေးမှူး(၂)ဗိုလ်မှူးကြီး ခွန်ဥက္ကာ က The Daily Eleven သို့ ပြောကြားသည်။

အဆိုပါ ဖွဲ့စည်းပုံမူကြမ်းကို မူလက ၂၀၁၃ ခုနှစ်မကုန်မီ အပြီးသတ်ရန် စီစဉ်ထားသော်လည်း လက်ရှိတွင် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီနှင့် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးလှုပ်ရှားနေသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကွန်ရက်စသည်တို့မှ ပြင်ဆင်နိုင်သည့် အနေအထားများကို စောင့်ကြည့်သွားပြီးမှသာ ၎င်းင်းတို့၏ ဖွဲ့စည်းပုံမူကြမ်းအခြေအနေကို ဆုံးဖြတ် သွားမည်ဟု ၎င်းင်းက ပြောကြားခြင်းဖြစ်သည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက " နိုင်ငံရေး မိုးလေ၀သလည်း ကြည့်ရသေးတာကိုး။ ၁၀၉ ဦး ကော်မတီက လွှတ်တော်မှာ တင်ပြီးတော့ တင်တဲ့ ဟာပဲရှိတယ်။ ပြင်တဲ့ဟာ ရှိမလား၊ မရှိဘူးလား မသိသေးဘူး။ နောက်တစ်ခါ ပြည်တွင်းမှာ ဖြစ်နေတဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးလှုပ်ရှားမှုတွေရဲ့ အရှိန်လည်းရှိသေးတာကိုးဗျ။ အဲဒါတွေကိုလည်း သွားပြီးတော့ ကိုးလို့ကန့်လန့် မဖြစ်စေချင်ဘူးလေ။ အထောက် အကူဖြစ်စေချင်တာပေါ့ " ဟု ဆိုသည်။အချို့က ပြင်ဆင်ရေး ဆိုရာတွင် အစ၊ အလယ်၊ အဆုံးပြင်ဆင်ရေးဟု ယင်းကဲ့သို့ အစ၊ အလယ်၊ အဆုံး ပြင်ဆင်ဖြစ်ပါက ၎င်းင်းတို့၏ ဖွဲ့စည်းပုံကို မှိန်သင့်ပါက မှိန်သွား မည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ထိပ်တိုက် ရင်ဆိုင်ရေးနည်းလမ်းထက် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းကိုသာဖွင့်ထားကြောင်း၊ လွှတ်တော် ၁၀၉ ဦးကော်မတီ ၏ ပြင်ဆင်နိုင်မည့်အချက်များကို စောင့်ကြည့်မည်ဖြစ်ပြီး ပူးပေါင်းညှိနှိုင်း လုပ်ဆောင်သွားရန်လည်း မေတ္တာရပ်ခံထားကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

၎င်းတို့ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံနှင့် မတူညီသည့် ဖွဲ့စည်းပုံသာဖြစ်ပြီး အသစ်ဟု ခေါင်းစဉ်မ တပ်ကြောင်း၊ မူကြမ်းရေးဆွဲခြင်းကို အဆင့်သုံးဆင့်ခွဲထားပြီး မူကြမ်း အဆင့်၊ လုပ်ဖော်ကိုင်ဖက်များကို ချပြပြီး မူကြမ်းအချောဖြစ်အောင် ပြင်ဆင်သည့် အဆင့်၊ အဆိုပါမူကြမ်းအချောကို အလွှာအသီးသီး အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင် များကို ချပြသည့်အဆင့်နှင့် ပြည်သူလူထုသို့ ရှင်းပြသည့် အဆင့်များဖြစ်ကြောင်းလည်း ၎င်းင်းက ပြောကြားသည်။တိုင်းရင်းသား ၁၅ ပါတီဖြင့် ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း ( NBF )ကလည်း ဖွဲ့စည်းပုံအခြေခံမူကြမ်း တစ်ခု ရေးဆွဲထားပြီး ဇန်န၀ါရီလတွင် ပြန်လည်စတင်မည့်လွှတ်တော် အစည်းအဝေးများတွင် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here