Thursday, January 3, 2013

ငြိမ်းချမ်းရေးအတွက်ညီလာခံကြီးဖြစ်ရန် SNLD အတွင်းရေးမှူးကွင်းဆင်းပြင်ဆင်

0 comments
ဇန်န၀ါရီလ  ၃

ငြိမ်းချမ်းရေးအတွက် သျှမ်းပြည်သားများကြား ယုံကြည်မှုတည်ဆောက်နိုင်ရန် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်က သျှမ်းပြည်နယ်မြို့နယ်အများအပြားသို့ ကွင်းဆင်းကာ တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးနေပါသည်။
SNLD at Panglong ပင်လုံမြို့ရောက် SNLD အတွင်းရေးမှူးနှင့်အဖွဲ့ (ဓါတ်ပုံ-SNLD)
 
“ကျနော်တို့ ပြီးခဲ့တဲ့အပတ်ကလားရှိုးရောက်တယ်။ ပလောင်၊ ကိုးကန့်၊ ဝ စတဲ့တိုင်းရင်းသားပါတီခေါင်း
 ဆောင်တွေနဲ့ တွေ့ဆုံတယ်။ ကျနော့်ခရီးစဉ် ကအဓိက က ပြည်ထောင်စုမြန်မာနိုင်ငံမှာထာဝရငြိမ်းချမ်းရေး
 အမှန်တကယ်ရရှိဖို့ စစ်မှန်တဲ့ ပြည်ထောင်စုစနစ် ပေါ်ထွန်းလာဖို့အတွက် သျှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေး အင်အားစုတွေ စုပေါင်းပြီးအကောင် အထည်ဖော်သွားနိုင်ဖို့အတွက်လာရောက်တွေ့ဆုံဆွေးနွေးခြင်းဘဲဖြစ်
တယ်။ အားလုံးမပါရင်မရဘူးလေ မဟုတ်လား။ ဒီနေ့လဲ တောင်ကြီးမှာ အင်းအမျိုးသားပါတီ နဲ့ အခြားပါတီ
 တွေတွေ့ဖို့ရှိတယ်”- ဟု စိုင်းညွန့်လွင်က ပြောပါသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့မှစ၍ ယနေ့အထိ လားရှိုး၊ သိန္နီ၊ သီပေါ၊ ကျောက်မဲ၊ မိုင်းကိုင်၊ ပင်လုံ၊ လဲချား
 တောင်ကြီးသျှမ်းပြည်အခြေစိုက် တိုင်းရင်းသားနိုင်ငံရေးပါတီများဖြစ်သည့် တအာင်းအမျိုးသားပါတီ၊ ကိုးကန့် ဒီမိုကရေ စီနှင့် ညီညွှတ်ရေးပါတီ၊ ဝ အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီ၊ အင်းအမျိုးသားတိုး တက်ရေးပါတီ စသည့် သျှမ်းပြည်တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟုဆိုသည်။

“ ကျနော် မတွေ့ခဲ့ရတာ ဝ ဒီမိုကရက်တစ်ပါတီဘဲကျန်တယ်။ UWSP/UWSA နဲ့က ဒုတိယဗိုလ်ချုပ်ကြီး
 ဆေထဲန့် သွားတယ်။ နှစ်လအတွင်းညီလာခံ လုပ်နိုင်အောင် လုံးပမ်းနေတယ်။ လွတ်လွတ် လပ်လပ်ပါဝင်
 ဆွေးနွေးနိုင်အောင် လားရှိုးမြို့မှာလုပ်ဖို့ အစီအစဉ်ရှိတယ်။ တောင်ကြီးမှာဆိုရင် ပြည်နယ် လွှတ်တော်က ရှိတယ်လေ။ လားရှိုးမှာဆိုဘာမှမရှိဘူး။ ပိုလွတ်လပ်မယ်လို့မြင်တယ်” - ဟု SNLD အထွေထွေ အတွင်း
 ရေးမှူးစိုင်းညွန့်လွင်က ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း တောင်ပိုင်း တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် အလွှတ်သဘော လိုက်လံ တွေ့ဆုံ သည့် ခရီးတလျှောက်လုံးအဆင်ပြေကြောင်း ကျေနပ်အားရဖွယ်ကောင်းကြောင်း၊ ဝ အမျိုးသားစည်းလုံး ညီညွှတ်ရေးပါတီ ခေါင်းဆောင် တာ့လုပ်ပေါင်းကိုယ်တိုင်က ဖြစ်လာမည့်သျှမ်းပြည်ညီလာခံအား မဖြစ်မနေ တက်ရောက်မည်ဖြစ်ကြောင်း၊ ဝ အမျိုးသားဆိုင်ရာ စာတမ်းဖတ်နိုင်ရန်လည်း စီစဉ်ထားမည်ဖြစ်ကြောင်း စိုင်းညွန့်လွင်က ပြန်လည်ပြောပြပါသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေးမှုးစိုင်းညွန့်လွင် ၏ ခရီးစဉ်တွင် ရုံးအဖွဲ့မှုးစိုင်းရွှေကြူး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် စိုင်းလိန်မြတ်၊ စိုင်းလှဖေ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနမှ စိုင်းထွန်းအေး၊ ပညာရေးနှင့် နိုင်ငံခြားဆက်ဆံရေးဌာနမှစိုင်းဆမ်ဖွဏ်ဆိုင် တို့ပါဝင်သည် ဟုသိရပါသည်။
သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here