Wednesday, February 20, 2013

တောင်ကြီး ဆေးတက္ကသိုလ် ဖွင့်ရန် လိုအပ်ဟု ဆို

0 comments
ဖေဖော်ဝါရီ(၂၀)

တောင်ကြီးမြို့မှ ဖွင့်လှစ်ပြီးခဲ့သည့် နည်းပညာတက္ကသိုလ်ပုံ
တိုးတက်လာမည့် လူဦးရေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်နှင့် အရည်အသွေးပြည့် ဆရာဝန်များ မွေးထုတ်ပေးနိုင်ရေးအတွက် တောင်ကြီး ဆေးတက္ကသိုလ် ဖွင့်လှစ်ရန် လိုအပ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောသည်။
အမျိုးသား စီမံကိန်း ဥပဒေ ကြမ်း ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ နှစ်နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၏ မူသဘော ဆွေးနွေးချက်များအပေါ် ပြန် လည်ရှင်းလင်းခြင်း အပါအဝင် စီမံကိန်း အကြောင်းအရာများ ကို ဒေါက်တာဖေသက်ခင်က ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ၁၁ ရက်မြောက်နေ့ တွင်  ဆွေးနွေးစဉ် ပြောကြား ခဲ့ ခြင်း ဖြစ်သည်။ အာဆီယံနိုင်ငံများကို မီ ရန်နှင့် တိုးတက်လာမည့် လူဦး ရေကို ကျန်းမာရေး စောင့်ရှောက် မှုပေးနိုင်ရန် တစ်နှစ်လျှင် ဆရာ ဝန်ဦးရေ ၂၄ဝဝ အနိမ့်ဆုံး   မွေး ထုတ်နိုင်ရန် လိုအပ်ကြောင်း ၄င်းက ပြောသည်။”ကျွန်တော်တို့ဆီမှာ ရှိတဲ့ ဆေးတက္ကသိုလ် လေးခုကနေ တစ်နှစ်ကို ကျောင်းသား ၂၄ဝဝ မွေးထုတ်ပေးနေပါတယ်။ တစ် ကျောင်းကို ၆ဝဝ နှုန်းနဲ့ အဲဒီမှာ မကွေးဆေးကျောင်းက ၆ဝဝ လက်မခံနိုင်တဲ့အတွက် မန္တလေး ကျောင်းနဲ့ ရန်ကုန်ကျောင်းခွဲပြီးလက်ခံရပါတယ်”ဟု ၄င်းက ပြော သည်။တက္ကသိုလ်နှင့် ကျောင်းသား အချိုးမှာ မျှတမှုမရှိတော့ကြောင်း၊ ဆေးတက္ကသိုလ်များ၏ သဘာဝ အရ နိုင်ငံတကာတွင် တစ်နှစ် လျှင် ကျောင်းတစ်ကျောင်း မှ ကျောင်းသားဦးရေ ၁၅ဝခန့်သာ မွေးထုတ်ကြောင်း ¤င်းက ပြော သည်။”အခက်အခဲရှိတာက လူနာ ရှားပါးတာပဲ။ ဆေးတက္ကသိုလ်မှာ တတိယ နှစ်ရယ် နောက်ဆုံးနှစ် အပိုင်း ၁ နဲ့ အပိုင်း ၂ ရောက်ရင် ဆေးရုံမှာ လက်တွေ့ ဆင်းရပါ တယ်။ အဲဒီမှာ သုံးတန်းပေါင်း က ဆရာဝန် ၁၅ဝ လောက်ဟာ အဆောင်တစ်ခုတည်းမှာ ရှိတဲ့ လူနာတွေ ကို စမ်းသပ်ရပါတယ်။ အဲဒီမှာရှိတဲ့ ဆရာဝန်တွေက ဝိုင်းပြီး စမ်းသပ်ကြတော့ လူနာ တွေကလည်း မခံနိုင်တော့ဘူး” ဟု ¤င်းက ပြောသည်။ မြန်မာနိုင်ငံတွင် ဆရာဝန် နှင့် လူဦးရေ အချိုးမှာ ၂ဝဝဝ ခုနှစ်တွင် ၁ အချိုး ၃၃ဝဝ ရှိ ကြောင်း၊ ၂ဝ၁၂ ခုနှစ်တွင် ၁ အချိုး ၂၂၆၁ ရှိရာမှ ၂ဝ၃ဝ ခုနှစ်တွင် ၁ အချိုး ၁၁ဝဝ ဖြစ် ရန် ရည်မှန်းချက်ချမှတ်   ဆောင်  ရွက်နေကြောင်း၊ သို့မှသာ အာ ဆီယံနိုင်ငံများကို မီနိုင်မည်ဖြစ် ကြောင်း ၄င်းက ပြောသည်။ ”တောင်ကြီးမှာဆိုရင် စဝ်စံ ထွန်းဆေးရုံကြီးလည်း ရှိတယ်။ မိခင်နဲ့ ကလေးဆေးရုံကြီးလည်း ရှိတယ်။ လိုအပ်တဲ့လက်တွေ့ သင်ကြားမှုတွေအတွက်လည်း အဆင်ပြေတယ်။ အဆောက်အ အုံကိုလည်း လိုသလို တိုးချဲ့လို့ ရမယ်၊ မြို့ထဲမှာ ရှိတဲ့အတွက် ဆေးတက္ကသိုလ် ရန်ကုန်နဲ့ မန္တ လေး ထပ်မံတိုးချဲ့ဖို့လည်း အ ခက်အခဲ ရှိလာပါတယ်”ဟု ၄င်း က ပြောသည်။ ”ဆေးရုံဆောက်ဖို့ ကုန်ကျ မယ့် အချိန်က သုံးနှစ်၊ ကျောင်း သားတွေ ကျောင်းပြီးဖို့ ခြောက် နှစ်၊ အလုပ်သင်ဆင်းဖို့က တစ် နှစ်နဲ့ အခု အချိန်မှာ စတင်ပြီး အကောင်အထည် ဖော်ရင် တောင် နောက်ထပ်အနည်းဆုံး ၁ဝ နှစ်ရောက်မှ တာဝန်ထမ်း ဆောင်နိုင်တဲ့ဆရာဝန်တွေရ မှာပါ”ဟု ၄င်းက ပြောသည်။ ဆေးပညာ သင်ကြားမှု သဘောသဘာဝအရ စာသင်ခန်း ထဲမှာ စာဖတ်ရုံဖြင့် မရကြောင်း၊ မြန်မာနိုင်ငံတွင် အနည်းဆုံး ဆေးတက္ကသိုလ် ၁ဝ ကျောင်းရှိ ရန်လိုအပ်ကြောင်း၊ ဆေးကော လိပ်များကိုလည်း ဖွင့်လှစ်ရန် အစီအစဉ် ရှိကြောင်း ၄င်းက   ပြောသည်။ နေပြည်တော်တွင် ဆောက် လုပ်မည့် ဆေးရုံများအတွက် ဘဏ္ဍာငွေလျာထားချက်ကို ဖြတ် တောက်ခြင်းမပြုဘဲ တောင်ကြီး ဆေးတက္ကသိုလ် ဆောက်လုပ် ရန် ပြည်သူ့ကျန်းမာရေး စီမံချက် အတွက် အသုံးပြုရန်နှင့် ဆေးဝါး ပစ္စည်းများ ဝယ်ယူဖြည့်တင်း သည့်နေရာတွင် ပြောင်းလဲ သုံး စွဲသင့်ကြောင်း ၄င်းက ပြည် ထောင်စု လွှတ်တော်တွင် ဆွေး နွေးခဲ့သည်။
 popularmyanmar.com

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here