Tuesday, February 26, 2013

ရထားကြိတ်၍ လူတစ်ဦး သေဆုံး

0 comments
ဖေဖော်ဝါရီ(၂၆)
၂၅-၂-၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းတပင်ဘူတာ အပြင်အချက်ပြအလံတိုင်အနီး မိုင်တိုင်အမှတ်(၄၉၆/၅-၆)သံလမ်းကြားတွင် အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍ သေဆုံးနေကြောင်း သတင်းအရ ထန်းတပင်ရဲစခန်းနှင့် ထန်းတပင်ဘူတာရဲကင်းတို့မှ တပ်ဖွဲ့ဝင်များသည် မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ သေဆုံးသူမှာ အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသား တစ်ဦးဖြစ်ပြီး ဦးခေါင်းမှ ပေါင်ကြားအထိ အလျားလိုက် ၂ ခြမ်းကွဲဒဏ်ရာဖြင့် ရထားကြိတ်ခံရပြီး သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် အလောင်းအား ထန်းတပင်ဆေးရုံသို့ ပို့အပ်၍ ထန်းတပင်ရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၁/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here