Wednesday, February 6, 2013

“ရန်ကုန်ပြည်သူ ၅ သန်းကျော်ကို ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး တိုက်ကျွေးမည်”

0 comments
ဖေဖော်ဝါရီ(၆)

ရန်ကုန်တိုင်းဒေသကြီးရှိ လူဦးရေငါးသန်းကျော်ကို ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး ယခုနှစ်တွင် စတင်တိုက်ကျွေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဆင်ခြေထောက် ရောဂါကင်းဝေးရေး လူကုန်ဆေးကျွေးခြင်းလုပ်ငန်းစီမံချက်မှ သိရသည်။
၂ဝ၂ဝ ခုနှစ်တွင် ဆင်ခြေ ထောက်ရောဂါ ကင်းဝေးရမည်ဆိုသော ရည်ရွယ်ချက်ဖြင့် တိုက်ကျွေး ခြင်းဖြစ်ကြောင်း အထက်ပါစီမံချက်မှ ညွှန်ကြားရေးမှူး ဒေါက်တာမာ လာစိုးက ပြောသည်။
သွေးကြောတွင်နေသော သန် ကောင်အမျိုးအစား ကပ်ပါးပိုး ကြောင့် ဆင်ခြေထောက်ရောဂါဖြစ် ပွားကြောင်း၊ ခြင်ကိုက်ခြင်းဖြင့် ကူး စက်သော ၄င်းပိုးကို ကျူးလက်စ်ခြင် မှသယ်ဆောင်ကာ ၄င်းခြင်သည် ရေပုပ်ရေသိုးမြောင်းများနှင့် မလုံခြုံ သောအိမ်သာကျင်းများတွင် ပေါက် ပွားလေ့ရှိပြီး ညအခါတွင် ကိုက်လေ့ ရှိကြောင်း သိရသည်။
ဆင်ခြေထောက်ရောဂါပိုး ဝင် ပြီး ခြောက်လမှ တစ်နှစ်အတွင်း ရောဂါလက္ခဏာ စပြတတ်ပြီး ၄င်း ပိုးသည် ခန္ဓာကိုယ်ထဲတွင် နှစ်သုံး ဆယ်ခန့်အထိ နေနိုင်ကြောင်း ¤င်း ကပြောသည်။
”ပိုးဝင်ပြီး အသားကယားတာ တို့၊ ဖျားချင်သလိုလိုဖြစ်တာတို့၊ အလာဂျီထွက်လာတာတို့၊ ချမ်းစိမ့် စိမ့်ဖြစ်တာပေါ့။ အချို့က လက်တွေ ရောင်၊ ဖောင်းတာတို့ သွေးမှင်လေ မှင်တို့လိုဖြစ်တယ်။ အဲဒီတော့တခြား ဆေးတွေသောက်ပြီး ပျောက်သွား တယ်။ အဲဒီလိုနဲ့ ကိုယ်ထဲမှာနေနေ ရော”ဟု ၄င်းက ပြောသည်။
ဆေးတိုက်ကျွေးရာတွင် ဆင်ခြေထောက် ပိုးသေဆေး(DEC) နှင့် သန်ချဆေးပြား(Albendazole) ကို ပူးတွဲအသုံးပြုမည်ဖြစ်ပြီး ယင်းသည် ခန္ဓာကိုယ်တွင်းရှိ ပိုးအရေ အတွက် ၉ဝ ရာခိုင်နှုန်းကျော်ကို လျှော့ချနိုင် စွမ်းရှိကြောင်း အထက်ပါစီမံချက်မှ သိရသည်။
ဆေးတိုက်ရန်ကာလကို တစ် ပတ်သတ်မှတ်ပေးထားပြီး ဆေးလာ တိုက်သော ဆေးတိုက်အဖွဲ့ ရှေ့ မှောက်တွင် ဆေးသောက်ရမည်ဖြစ် သည်။
ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးကို အနည်းဆုံး ငါးနှစ်တိုက်ကျွေးရပြီး နေရာတစ်ခုတွင် တစ်ပတ်အတွင်း တစ်ချိန်တည်း တစ်ပြိုင်နက် လူအကုန် သောက်ရ မည်ဖြစ်သည်။
ယင်းသို့ တစ်ပြိုင်နက် ဆေး သောက်ခြင်းကြောင့် ပိုးအရေအ တွက် တစ်ပြိုင်တည်း လျော့ကျသွား သည့်အတွက် ခြင်ကိုက်သော်လည်း ကူးစက်မှု မဖြစ်နိုင်တော့ကြောင်း သိရသည်။
ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးကို အသက် နှစ်နှစ် အောက်ကလေး၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့် အခြားရောဂါ တစ်ခုခုကြောင့် အိပ်ရာထဲတွင်လဲ၍ နေမကောင်းဖြစ်နေသူများမှ လွဲ၍ ကျန်လူအားလုံးကို တိုက်ကျွေးရ မည်ဖြစ်ကြောင်း ဒေါက်တာမာလာစိုးက ပြောသည်။
ယင်းကာကွယ်ဆေးကို ဆင် ခြေထောက်ပိုး တွေ့ထားသူများ၊ ရောဂါလက္ခဏာမပြဘဲ ငုပ်နေသူများသောက်ပါက ပိုးများသေဆုံး၍ ရောဂါပိုး ကင်းစင်သွားမည်ဖြစ်ပြီး ခန္ဓာကိုယ်အတွင်း ပိုးမရှိသေးသူများ ဆိုပါက ရောဂါကူးစက်ခံရမှုမှ ကာ ကွယ်နိုင်မည်ဟု ၄င်းကပြောသည်။
မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုအနက် ရှမ်း ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့မှလွဲ၍ ကျန်ပြည် နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုတွင် ဆင်ခြေထောက်ရောဂါပိုး အမြစ် တွယ်မှုရှိကြောင်း သိရသည်။
လူကုန်ဆေးကျွေးခြင်း လုပ် ငန်းကို ၂ဝဝ၁ ခုနှစ်မှစ၍ မကွေး တိုင်းဒေသကြီးတွင် စတင်ဆောင် ရွက်ခဲ့ပြီး လက်ရှိတွင် မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်တို့တွင် တိုက်ကျွေးလျက် ရှိသည်။
ထပ်မံ၍ အသစ်တိုးချဲ့တိုက် သွားမည့် တိုင်းဒေသကြီးနှင့် ပြည် နယ်များမှာ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီ၊ မွန်၊ ကရင်နှင့် ကချင်ပြည်နယ်တို့ ဖြစ်သည်။
အရှေ့တောင်အာရှဒေသတွင်း ၁၁ နိုင်ငံအနက် မြန်မာနိုင်ငံအပါ အဝင် ၉ နိုင်ငံတွင် ဆင်ခြေထောက် ရောဂါ အမြစ်တွယ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအ တွက် တိုက်ရန်ဆေးမှာ ဖေဖော် ဝါရီလကုန်တွင်ရောက်မည်ဟု ခန့် မှန်းထားပြီး ဆေးရောက်ပြီး ဆေး ဝေခြင်းလုပ်ငန်းများ ပြီးဆုံး၍ ကျန်း မာရေးဝန်ကြီးဌာနမှ စတင်တိုက် ကျွေးရန် ရက်သတ်မှတ်ပြီးမှသာ စတင်တိုက်ကျွေးနိုင်မည်ဟု ဒေါက် တာမာလာစိုးက ပြောသည်။


POPULARMYANMAR.COM

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here