Wednesday, February 6, 2013

“အင်းလေးကန် ညစ်ညမ်းမှုသက်သာရေး တန်ဖိုးနည်းရေပေါ်အိမ်သာ တည်ရန်လို”

0 comments
ဖေဖော်ဝါရီ(၆)

အင်းလေးကန်တွင်းသို့ မိလ္လာအညစ်အကြေး ကျရောက်မှု ထိန်းချုပ်ရန်အတွက် တန်ဖိုးနည်းရေပေါ်အိမ်သာများ ဖော်ဆောင်ရန်ရှိကြောင်း အင်းလေးကန်ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းစီမံချက်အရ သိရသည်။
အင်းလေးကန်အတွင်း အိမ် သာကို ရေတွင်တည်ဆောက်ရခြင်း ကြောင့် ရေအတက်အကျ ဒဏ်ခံ နိုင်သော၊ လှိုင်းပုတ်ဒဏ်ခံနိုင်သော အိမ်သာမျိုးဖြစ်ရမည်ဖြစ်ပြီး လက် တွေ့အသုံးကျသည့် အိမ်သာဒီဇိုင်း မျိုးဖြစ်ရန်လည်း လိုအပ်ခြင်းကြောင့် ရေပေါ်ပေါ်နိုင်သည့် အိမ်သာဒီဇိုင်း ကိုတန်ဖိုးငွေ ကျပ် ၁၃ဝဝဝ သာ ကုန်ကျနိုင်သည့်ပုံစံအတိုင်း ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတ ကာဖွံ့ဖြိုးရေးသိပ္ပံအဖွဲ့မှ ပညာရှင် တစ်ဦးက ပြောသည်။
အင်းလေးကန် အတွင်းသို့ မိလ္လာကျရောက်မှု နည်းပါးပါက နေထိုင်သူများ၏ ကျန်းမာရေးမှာ ၃ဝ ရာခိုင်နှုန်းပိုမိုကောင်းမွန်လာ မည်ဖြစ်သောကြောင့် နေထိုင်သူ များ နားလည်လက်ခံအသုံးပြုနိုင် ရန် စည်းရုံးလှုံ့ဆော်ပေးရမည်ဖြစ် ကြောင်း ၄င်းကပြောသည်။
မိလ္လာစနစ် သန့်စင်ရန်အ တွက် ဗေဒါကို အသုံးပြုတည် ဆောက်သွားမည်ဖြစ်ပြီး အိမ်သာ တည်ဆောက်ရေးအတွက် လိုအပ်သည်များကို ဒေသတွင်း၌သာ အလွယ်တကူ ဝယ်ယူနိုင်မည် ဖြစ် ကြောင်း၊ အဆိုပါအိမ်သာဒီဇိုင်းသည် လက်ရှိတွင် ကမ္ဘောဒီးယား နိုင်ငံတွင်ရှိသော ရေကန်တွင်း နေ ထိုင်နေကြသူများ လက်တွေ့အသုံးပြုကာ အောင်မြင်မှုရရှိနေပြီဖြစ် ကြောင်း ၄င်းထံမှ သိရသည်။
”အိမ်သာကို လုပ်တဲ့နည်းက တော်တော်လေး ရိုးရှင်းပါတယ်။ ဒေသထွက်ကြိမ်ခြင်း၊ ဝါးခြင်းတွေ နဲ့ လုပ်ပြီးလည်း ဆောက်နိုင်တယ်၊ လွယ်ကူတဲ့အတွက် လူတစ်ယောက် ဟာ တစ်နေ့ကို အိမ်သာ ၄ လုံး အထိဆောက်လို့ရတယ်”ဟု အ ထက်ပါပုဂ္ဂိုလ်က ပြောသည်။
ဒေသခံတစ်ဦးက အဆိုပါ အိမ်သာတည်ဆောက်ရေးသည် NGO များမှ မဖြစ်မနေ တည်ဆောက်ဖြစ်စေရန်အတွက် အခမဲ့ လာရောက်ဆောင်ရွက် ပေးမှသာ အောင်မြင် နိုင်မည်ဖြစ်ကြောင်း၊ ဒေသခံများမှ မိလ္လာကို ကန်ထဲသို့ တိုက်ရိုက်စွန့်ပစ်သည့် စနစ်ဖြင့် ကျင့်သားရနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သောကြောင့် အဆိုပါ ကိစ္စ အတွက် ငွေကြေးအ ကုန်အကျမခံလိုကြကြောင်း ပြော သည်။
လက်ရှိတွင် အင်းလေးကန်တွင် နေထိုင်သူများသည် သောက်သုံးရေကို နှစ်ရက်တစ်ကြိမ် ရေသန့် ရရှိရာကုန်းပေါ်မှ ရေသယ်ယူသုံးစွဲ နေရပြီး အင်းလေးကန် ရေညစ် ညမ်းမှုမှာ PH7.8  အဆင့် ရောက်ရှိနေ သဖြင့်ဒေသခံများကန်ရေကို အသုံး မပြုနိုင်သည်မှာ နှစ်ပေါင်း ၄ဝ ကျော်ကြာမြင့်ပြီဖြစ်ကြောင်း သိရ သည်။
အင်းလေး ကန်ရေတွင်းသို့ ရေခြံစိုက်ပျိုးရေးမှ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာများ ကျရောက်ခြင်း၊ မွေးမြူရေးလုပ်ငန်းများမှ တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများ၊ နေအိမ်များမှ စွန့်ပစ်ပစ္စည်းများ ကျရောက်ခြင်း ကြောင့် ကန်ရေညစ်ညမ်းမှုများ ဖြစ်ပေါ်နေရကြောင်း သိရသည်။


POPULARMYANMAR.COM

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here