Tuesday, February 5, 2013

ကုလားအုတ်ပင့်ကူ

0 comments
ဖေဖော်ဝါရီ(၅)

Photo: ကုလားအုတ်ပင့်ကူ

ကုလားအုပ် ပင့်ကူ (Camel Spider) လို့လူသိများတဲ့ Solifugae အမည်ရ ပင့်ကူဟာ အမြင်မှာ အင်မတန် ကြောက်စရာ ကောင်းပါတယ်။ 

အဆိပ်ကတော့ လူကိုမသေစေပါဘူ။ သို့ပေမယ့် အန္တရာယ်တော့ ပေးနိုင် ပါတယ်။ တစ်ကိုယ်လုံး ဖြန့်လိုက်ရင် ၁၂ လက်မ လောက်ထိ ကြီးသွားနိုင်တဲ့ အတွက် အရွယ်ကြီး ပင့်ကူ အမျိုးအစားပဲ ဖြစ်ပါတယ်။ ပင့်ကူလို့ပြောပေမယ့် ပုံစံက ပင့်ကူနဲ့တောင် သိပ်မတူချင်ပါဘူး။ ခန္ဓာကိုယ်က ပရွတ်ဆိတ်လိုပဲ အပိုင်းပိုင်းနဲ့ ဖြစ်ပါတယ်။ သို့ပေမ့် ခြေထောင်များတော့ ပင့်ကူးမှန်းတော့ သိသာပါတယ်။ ပုံစံက ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အပြင် အမွှေးမပါတဲ့ Camel spider လည်း ရှိပါတယ်။ သဲကန္တာရမှာ စကော်ပီရံနဲ့ အပြိုင် တိုက်နိုင်တဲ့ အကောင်များ ဖြစ်ပါတယ်။ 

သူ့ထက် အရွယ်ငယ်တဲ့ မြွေတွေ၊ ကင်းမြီးကောက်တွေကို စားသုံးနိုင်ပြီး အခြားသော တွင်းအောင်း သတ္တဝါများကို စားသုံးပါတယ်။ သဲကန္တာရရှိတဲ့ အပူပိုင်း ဒေသတွေမှာ နေထိုင်ကျက်စားတဲ့ ပင့်ကူကြီး တစ်မျိုး ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: wiki
ရိုးရာလေး

by 

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here