မတ်(၁၃)
ပူပြင်းသောနွေရာသီကြောင့် အညာဒေသကျေးရွာများ ရေပြတ်လပ်မှု ယခုနှစ်တွင် ပိုမိုကြုံတွေ့နေရသဖြင့် ရေရှည်ဆောင်ရွက်ပေး၍ရမည့် နည်း လမ်းများ ရှာဖွေသွားမည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူက ပြောကြားသည်။
ရာသီဥတုကြောင့် သောက်သုံး ရေကန်များခန်းခြောက်ခြင်း၊ တွင်း တိမ်တွင်းနက်များမှ ရေထွက်နှုန်း ဆုတ်ယုတ်လာခြင်းစသောအခက်အခဲများကြောင့် နွေရာသီတွင် သောက်သုံးရေ ပြတ်လပ်နေသည့် ကျေးရွာ

များကို ကူညီသွားရန် အတွက်
လက်ရှိတွင် ညှိနှိုင်းနေကြ ကြောင်းလည်း ၄င်းက ဆိုသည်။
''နိုင်ငံတကာအကူအညီနဲ့ ရေ ရှားပါးတဲ့ကျေးလက်ဒေသမှာ စက် ရေတွင်း ၁ဝဝဝ ကိုရှေ့နှစ်ကစပြီး ၅ နှစ်စီမံကိန်းနဲ့ တူးပေးဖို့အချက် အလက်တွေ စုဆောင်းနေပြီ''ဟု ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။
ဦးစီးဌာနစာရင်းများအရစစ်ကိုင်းမြို့နယ် တောင်ရင်းကျေးရွာအုပ်စုရွာ၃ရွာမှာယခုနှစ်တွင် ရေပြတ်လပ်

မှုကြောင့် ရွာမှ ၃ မိုင် ခန့်ဝေးသောနေရာများကိုသွားရောက် ရေခပ်ယူနေရကြောင်း သိရသည်။
တောင်တွင်းကြီးမြို့မှ ဒေသခံ ကြက်သွန်ကုန်သည်တစ်ဦးက''တစ် ခါမှ မဖြစ်ဖူးတဲ့ကိစ္စ ဒီနှစ်မှာ ဖြစ် တယ်။ အရှည် ၃ မိုင်၊ အချင်း ၁ မိုင်ရှိတဲ့ ကန်တော်ကြီးကန်အခု ရေ တစ်စက်မှမရှိတော့ဘူး''ဟု ပြော သည်။ ထို့အပြင် ရေနံချောင်းတွင် ရွာ ၁ဝ ရွာ အရေးတကြီးရေလိုနေ ခြင်း၊ပခုက္ကူ၊ရေနံချောင်း၊ ကျောက် ပန်းတောင်းနှင့် ချောက်ရှိ ကျေးရွာ များ ရေပြတ်လပ်ခြင်းတို့လည်း ရှိ နေကြောင်း ဒေသခံများထံမှထပ်မံ စုံစမ်းသိရှိရသည်။
ရေနံချောင်းမှ ဦးမျိုးအောင်က ''ဒီနှစ်မိုးက ရေသိပ်မတင်ဘူးဗျ။ ဒါကြောင့် စက်ရေတွင်းတူးလို့မရတဲ့ ရွာတွေဆို သောက်သုံးရေ ပြတ်ကြ တယ်။ တချို့ရွာတွေဆို တစ်မနက် လုံးသွားမှ ရေတစ်ထမ်း နှစ်ထမ်း ဒါပဲရကြ တယ်''ဟု ပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦး စီးဌာန တာဝန်ရှိသူက အညာဒေသ အချို့ရှိ ရွာငယ်များတွင် နိုင်ငံတော် အစိုးရဘတ်ဂျက်၊ အလှူရှင်များ၊ ပြည်ပအကူ အညီများနှင့် စက်ရေ တွင်းများ တူးဖော်ပေးမှုရှိခဲ့သော် လည်း ရွာတော်တော်များများတွင်လျှပ်စစ်မီးမရသည့်အတွက်စက်သုံးဆီဖြင့်ရေမောင်းတင်ကြရကြောင်း၊ ရေရှည်

တွင်ဆီဖိုးမတတ်နိုင်ကြ တော့သည့်အတွက်ရွာမှနံနက် စောစောထွက်ကာ၊ နွားလှည်းများ ဖြင့် ရေရှာ
ထွက်နေကြရကြောင်း
လက်ရှိအခြေအနေကို ရှင်းပြသည်။
''အချို့ရွာတွေဆို စက်ရေ တွင်းတွေ၊ ရေစက်ရုံ၊ ရေကန်တွေ နဲ့ အကျအန ဆောက်လုပ်ပေးထား ပေမယ့် တစ်နှစ်လုံးမှာမှ လေးငါးရက်ပဲ စက်မောင်း တယ်။ ဒါတောင် သင်္ကြန်တွင်းမှာပဲ။ ဒါကြောင့် ယခု နှစ်မှာ ဆောင်ရွက်ပေးနေ တဲ့ တွင်း တိမ်တူးဖော်ရေးမှာ မော်တာအင် ဂျင်အစားလက်နှိပ်ပန့် တွေတပ်ပေး ထားတယ်။နောင်နှစ်မှာဆိုရင် စက် သုံးဆီမလိုတဲ့ ဆိုလာပန့်တွေ တပ် ပေးဖို့ရှိတယ်''ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
မန္တလေးမြို့တွင်း မြို့နယ်များ တွင်ပင် ယခုနှစ် ဖေဖော်ဝါရီလ လယ်မှစကာ လျှပ်စစ်မီးကြောင့် ရေ ပြတ်လပ်မှုဖြစ်ပေါ်ခဲ့ရာ မတ်လ ၅ ရက်နေ့အထိ ရေဂါလန်ပေါင်း ၃၂၄ဝဝ ကျော်ကို ရေကားများဖြင့် ပေးပို့ခဲ့ရသေးကြောင်း မန်းမြို့တော် စည်ပင်က တရားဝင်ထုတ်ပြန်ထား ပြီး၊ ရေကားမရောက်ပါက အချိန် မရွေးရုံးသို့ ဖုန်းဆက်နိုင်ကြောင်း မန်းမြို့တော်ဝန်ကိုယ်တိုင် တိုက် တွန်းမှု ပြုလုပ်ခဲ့သည်။
Popular Myanmar News Journal