မတ်
၁၁ ရက် နံနက်ပိုင်းက လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ လွမ်ပရာဘွမ်
မြို့၌ ရောက်ရှိနေသော ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်
များသည် လာအိုနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး
ဦးကျော်စိုးဝင်းနှင့် တာဝန်ရှိသူများ လိုက် ပါလျက် လွမ်ပရာဘွမ်မြို့ရှိ
ဘုရင့် နန်းတော် ပြတိုက် (The Luang Prabang National Museum)
ရောက်ရှိသည်။
ဒုတိယ သမ္မတနှင့် အဖွဲ့ဝင်များအား ပြတိုက် တာဝန်ရှိသူများက ကြိုဆိုကြပြီး ပြတိုက်အတွင်း လိုက်လံ ရှင်းလင်း ပြသကြသည်။
ထို့နောက် ဒုတိယ သမ္မတသည် ပြတိုက် ဧည့်သည်တော် မှတ်တမ်း စာအုပ်၌ လက်မှတ်ရေး ထိုးသည်။
ယင်းနောက်
ဒုတိယ သမ္မတ နှင့်အဖွဲ့ဝင် များသည် Wat Xiengthong ဘုရား ကျောင်းတော် သို့
ရောက်ရှိကြပြီး ကျောင်းဆောင် အတွင်းရှိ ဗုဒ္ဓ ရုပ်ပွားတော်များအား
ဖူးမြော်ကြည်ညို ကြပြီး ဆရာတော်အား အလှူတော်ငွေ ဆက်ကပ် လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင်
ဒုတိယ သမ္မတနှင့် အဖွဲ့ဝင်များသည် လွမ်ပရာဘွမ် ဗျူးဟိုတယ်သို့ ရောက်ရှိ
ကြပြီး ဟိုတယ်ပေါ်မှ လွမ်ပရာဘွမ်မြို့နှင့် ပတ်ဝန်းကျင် ရှုခင်း အလှကို
ကြည့်ရှု လေ့လာ ကြသည်။
ထို့နောက်
ဒုတိယ သမ္မတနှင့် အဖွဲ့ဝင်များသည် လွမ်ပရာဘွမ် မြို့ရှိ ရိုးရာ လက်မှု
ပညာရွာသို့ ရောက်ရှိပြီး လာအိုရိုးရာ လက်မှုပညာဖြင့် သဘာဝ ကုန်ကြမ်းများကို
အသုံးပြု၍ အသုံးအဆောင် ပစ္စည်းနှင့် အဝတ် အထည်များ ပြုလုပ်
ရောင်းချနေမှုကို ကြည့်ရှုလေ့လာ ကြသည်။
ယင်းနောက်
ဒုတိယ သမ္မတ နှင့်အဖွဲ့ ဝင်များသည် လွမ်ပရာဘွမ်မြို့ လေဆိပ်မှ အပြည်ပြည်
ဆိုင်ရာ မြန်မာလေကြောင်း အထူး လေယာဉ်ဖြင့် ဗီယင်ကျန်းမြို့သို့ ထွက်ခွာရာ
ဒေသ စံတော်ချိန် ညနေ ၄ နာရီ ၁ဝ မိနစ်တွင် ဗီယင်ကျန်းမြို့ ဝပ်တေး
အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။
ဒုတိယ
သမ္မတနှင့် အဖွဲ့ဝင်များအား လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ
နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး H.E.Mr.Bounkeut SANGSOMSAK
မြန်မာနိုင်ငံ ဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H.E. Mr. Nilahath Sayarth
နှင့် တာဝန်ရှိသူများ၊ မြန်မာ သံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်
မိသားစု ဝင်များက လေဆိပ်၌ ကြိုဆို နှုတ်ဆက် ကြသည်။
ယင်းနောက်
ဒုတိယ သမ္မတနှင့် အဖွဲ့ ဝင်များသည် မော်တော်ယာဉ် များဖြင့် ခေတ္တ တည်းခို
မည့် ဗီယင်ကျန်းမြို့ရှိ အေဆမ် ဗီလာသို့ ရောက်ရှိကြသည်။
မြ၀တီ